နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲဆက်နေတဲ့ လစ်ဗာပူးလ်ကို ရပ်တန့်ဖို့ ကြိုးစားမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ ချဲလ်ဆီးတို့ အန်ဖီးလ်မှာ တွေ့ဆုံယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ဒီတစ်ပတ် ကတော့ လစ်ဗာပူးလ် ပရိသတ်တွေ အတွက် အနည်းငယ် ဝမ်းနည်းစရာ ကောင်းနေပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတာတော့ ကြိုးကြာနီတွေကို အရောင်ပြန်တင်ပေးခဲ့တဲ့ နည်းပြကြီး ယာဂင် ကလော့ပ် ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ် ဆိုပြီး တရားဝင် ထုတ်ဖော် ပြောကြားခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကြောင့်တော့ လစ်ဗာပူးလ်တို့ ရလဒ်ပိုင်း ထိခိုက်ခံမှာ မဟုတ်ပါဘူး။ ကလော့ပ် အနေနဲ့ သူ့ရဲ့ နောက်ဆုံး ရာသီ လက်ကျန် ပွဲစဉ်တွေကို တတ်နိုင်သမျှ ရလဒ်ကောင်းတွေနဲ့ အဆုံးသတ်ချင်နေမှာ သေချာပြီး အဓိက ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ယူဖို့ ကြိုးစားလာမှာပါ။ လက်ရှိ ခြေစွမ်းပိုင်းအရလည်း လစ်ဗာပူးလ်ဟာ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ အထိ ပုံစံကောင်းရနေပါတယ်။ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ တက်ထားပြီး ချဲလ်ဆီးနဲ့ပဲ ရင်ဆိုင်ရဖို့ ရသလို တစ်ဖက်မှာလည်း အက်ဖ်အေဖလားမှာ ပဥ္စမအဆင့်ထိ တက်လှမ်းထားခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ် မှာလည်း မန်စီးတီးထက် တစ်ပွဲ ပိုကစားပြီး ၅ မှတ် ဖြတ်ထားတာ တွေ့ရပါတယ်။

ချဲလ်ဆီး ကတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်း အနည်းငယ် ပြန်လည် တည်ငြိမ်လာတာ တွေ့ရပြီး ပိုချက်တီနိုလည်း လှုပ်နေတဲ့ လှုပ်နေတဲ့ နည်းပြ ထိုင်ခုံကို ပြန်ငြိမ်စေဖို့ ကြိုးပမ်းနေပုံပါပဲ။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ဇယား ထိပ်ပိုင်း ပြန်ရောက်ဖို့ ရမှတ် လိုအပ်ချက်တွေ ရှိနေပြီး ခရာဘောင်ဖလား မှာတော့ ဗိုလ်လုပွဲ တက်ထားပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ဗီလာကို အိမ်ကွင်းမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပြီး နောက်တကျော့ ပြန်ကန်ရဦးမှာပါ။


နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ဇယား ထိပ်ပိုင်း ပြန်ရောက်ဖို့ ရမှတ် လိုအပ်ချက်တွေ ရှိနေပြီး ခရာဘောင်ဖလား မှာတော့ ဗိုလ်လုပွဲ တက်ထားပါတယ်။
ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ တက်ထားတဲ့ ချဲလ်ဆီး

လက်တလော လစ်ဗာပူးလ်မှာ အန်ဒို ကတော့ အာရှဖလား သွားကန်နေပြီး အာရှဖလားမှာ ကြွက်သား ဒဏ်ရာရခဲ့တဲ့ မိုဆာလာ လည်း ဒီပွဲကို လွဲချော်ပါလိမ့်မယ်။ ဒါ့အပြင် သီယာဂို၊ ဘက်ဂျ်စီတစ်၊ ဆီမီကတ်စ်၊ မက်တစ်ပ် တို့လည်း ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ဘက်မှာတော့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန် အာဖရိကဖလား ကန်ပြီး ပြန်လာနေပြီ ဖြစ်ပေမယ့် ပိုချက်တီနို အနေနဲ့ ချက်ချင်း အသုံးပြုဖွယ်တော့ မရှိပါဘူး။ ဒါ့အပြင် ဖိုဖာနာ၊ ချာလိုဘာ့၊ လာဗီယာ၊ ဆန်းချက်ဇ်၊ ရိစ် ဂျိမ်းစ်၊ ကူကူရယ်လာနဲ့ အန်ကွန်ကူ တို့လည်း ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ဂူစတို ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

လစ်ဗာပူးလ် – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ မက်အယ်လစ္စတာ၊ ကာတစ် ဂျုံးစ်၊ ဆဘို့ဇ်လိုင်း၊ ဒီးယက်ဇ်၊ နူညက်ဇ်၊ ဂျိုတာ

ချဲလ်ဆီး – ပက်ထရိုဗစ်၊ ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ဒီယာဆီ၊ ချေးဝဲလ်၊ အန်ဇို၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ စတာလင်၊ မာဒူအီခီ၊ ပါးလ်မား

ပရီးမီးယားလိဂ်
ဝူဗာဟမ်တမ်
မန်ချက်စတာ ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၇ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ လစ်ဗာပူးလ်က ၁၄ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၀ ကြိမ် နိုင်ပြီး ၁၃ ပွဲ သရေကျထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲဆက် သရေကျထားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လစ်ဗာပူးလ်က ၄ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပြီး ချဲလ်ဆီး ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ လစ်ဗာပူးလ် နိုင်ရင် ၁.၅၄ ဆ၊ ချဲလ်ဆီး နိုင်ရင် ၄.၇၁ ဆနဲ့ သရေ ဆိုရင် ၄.၁၈ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေ အရှုံး၊ ၁ လုံးသရေ ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု တော်တော်များများမှာ လစ်ဗာပူးလ်တို့ ချဲလ်ဆီးနဲ့ တွေ့တိုင်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ လစ်ဗာပူးလ်ကိုပဲ ယုံကြည်ထားတာ မမှားဘူးလို့ ထင်ပါတယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၂-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်