နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းဇုန်ထဲက ဘန်လေကို အနိုင်မယူရက်ခဲ့လို့ အမှတ်ခွဲပေးလိုက်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး – ဘန်လေ

နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ မော်ရူစီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးက ဘန်လေကို အိမ်ကွင်းမှာ အသည်းအသန် ကစားပြီး သရေ တစ်မှတ် ခွဲယူသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ဘန်လေလို တန်းဆင်းဇုန်ထဲက အသင်းကို အနိုင်မရခဲ့တာ ကတော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးက ပိုချက်တီနိုရဲ့ စိတ်ကြိုက် ကစားကွက် ဖြစ်တဲ့ ၄-၂-၃-၁ နဲ့ အတူ ပီထရိုဗစ်၊ ဘာဒီယာရှီးလ်၊ ဒီယာဆီ၊ ဂူစတို၊ ကူကာရယ်လာ၊ အန်ဇို၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ မူဒရစ်ခ်၊ ပါးလ်မား၊ ဂျက်ဆန် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဗင်းဆင့် ကွန်ပနီရဲ့ အသင်း ကတော့ ၄-၄-၂ အခင်းအကျင်းနဲ့ ချဲလ်ဆီးကို ရင်ဆိုင်သွားခဲ့ပြီး အဓိက ကစားသမား တော်တော်များများ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ချဲလ်ဆီး အတွက် ကိုးလ် ပါးလ်မား က (၄၄) မိနစ် နဲ့ (၇၈) မိနစ်မှာ (၂) ဂိုး သွင်းပေးခဲ့ပေမယ့် ဘန်လေ ဘက်က ကူလန်က (၄၇) မိနစ်မှာ ချေပဂိုး၊ အိုရှေးက (၈၁) မိနစ်မှာ ချေပဂိုးတွေ ဆက်တိုက်ဆိုသလို ပြန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘန်လေ ဘက်က အဆက်ဂ်နွန် မိနစ် (၄၀) မှာ တိုက်ရိုက် အနီကတ် ထိခဲ့ပြီး ချဲလ်ဆီးတို့ တစ်ယောက် အသာနဲ့ ပွဲချိန် အများစုကို ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမယ့်လည်း ဘန်လေ ဂိုးသမား မူရစ် တစ်ယောက် စပယ်ရှယ် ကာကွယ်ခဲ့ခြင်းနဲ့ ချဲလ်ဆီး တိုက်စစ်မှူးတွေ တလွဲ တချော် လုပ်ခဲ့ခြင်းကြောင့် နိုင်ပွဲ ပျောက်ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲတွေ ပြီးရင် ချဲလ်ဆီးတို့ ရလဒ်မကောင်းတာက အစဥ်အလာလို ဖြစ်နေခဲ့ပါပြီ။ တစ်ဖက်က တစ်ယောက်လျော့နဲ့ နှစ်ဂိုး သွင်းသွားတာကို ကြည့်ခြင်အားဖြင့် ချဲလ်ဆီးတို့ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာ သူတို့ရဲ့ ပရိသတ်တွေတောင် နားမလည်တော့တဲ့ ပုံပါပဲ။

ဘန်လေက ခံစစ်ကို လုံအောင် ပိတ်ကစားပြီး တန်ပြန် တိုက်စစ်ကို အားကိုးခဲ့ပါတယ်။ ချဲလ်ဆီးတို့ အခွင့်အရေး များစွာရခဲ့ပြီး ဂိုးကန်သွင်းခွင့် ၃၃ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဂိုးပေါက်တည့် ကန်ချက် ကလည်း ၁၃ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး နှစ်ဂိုးပဲ ရခဲ့တာကတော့ ချဲလ်ဆီး တိုက်စစ်ကို မေးခွန်းထုတ်ရမလိုပါပဲ။ ပါးမား သာ မရှိရင် ဒီရာသီ ချဲလ်ဆီး တန်းဆင်းသွားရနိုင်တဲ့ အထိ အခြေအနေ ဆိုးနေတယ်လို့တောင် ပြောရပါမယ်။ ဂျက်ဆင် တစ်ယောက် ကြောင်ပျောက်နေသလို ဘာလုပ်နေမှန်းကို မသိသလို လူစားဝင်လာတဲ့ မာဒူအီကီ၊ စတာလင် တို့ရဲ့ ကန်ချက်တွေက ဂိုးပေါက်တောင် မတည့်တဲ့ အထိ ညံ့ဖျင်းလွန်းခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီးတို့ ရမှတ် ၄၀ နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာကို ဆင်းသွားခဲ့ရပြီး ဒီခြေစွမ်းနဲ့ ဆိုရင် ဥရောပ ဝင်ခွင့် ကိုတောင် မေ့ထားလို့ ရပါပြီ။ ဘန်လေ ကတော့ အဖိုးတန် တစ်မှတ် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် ဧပြီ ၅ ရက်မှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဆက်ကစားဖို့ ရှိပြီး ဘန်လေ ကတော့ ၃ ရက်နေ့မှာ ဝုဗ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်