နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးတွေ အလှူပေးပြီး နှစ်ပွဲဆက် ဂိုးပြတ် ရှုံးတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ ချဲလ်ဆီးတို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အိမ်ကွင်း ၂-၄ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် တစ်ပွဲကို ၄ ဂိုး အထိ ပေးပြီး ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးက ပီထရိုဗစ်၊ ဒီယာဆီ၊ ဆေးလ်ဗား၊ ချေးဝဲလ်၊ ဂူစတို၊ ကိုင်စီဒို၊ ဖာနန်ဒက်စ်၊ ဂယ်လာဟာ၊ စတာလင်၊ ပါးလ်မား၊ အန်ကွန်ကူ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဝုဗ် ကတော့ ဆား၊ ဒေါဆန်၊ ကေးလ်မန်း၊ ဂိုးမက်စ်၊ လီမီယာ၊ ဂိုးမက်စ်၊ ဆီမီဒို၊ နူရီ၊ ဆာရာဘီယာ၊ ကွန်ဟာ၊ နီတို တို့နဲ့ ပွဲထွက်ခဲ့တာပါ။

ပွဲစဉ် အကျဉ်းကို ပြန်ပြောရရင်တော့ ချဲလ်ဆီးတို့ ပွဲချိန် ၁၉ မိနစ်ထဲက ပါးလ်မားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၃ မိနစ် အကြာမှာပဲ ဝုဗ်ရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရသလို ပွဲပြီးခါနီးမှာလည်း ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ချေပဂိုး ရဖို့ နောက်ကလိုက်ကစားရင်း ဂိုးတွေ ထပ်ပေးခဲ့ရပြီး ၆၃ မိနစ်၊ ၈၂ မိနစ်မှာ နှစ်ဂိုး ထပ်ပေးခဲ့ရတာပါ။ ချဲလ်ဆီး အတွက် ဒုတိယ ချေပဂိုး ကိုတော့ သီယာဂို ဆေးလ်ဗားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် တစ်ပွဲကို ၄ ဂိုး အထိ ပေးပြီး ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်လ အတွင်း ချဲလ်ဆီးကို ၂ ကြိမ်တိုင်တိုင် အနိုင်ရခဲ့တဲ့ ဝုဗ်

ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ တော်တော်လေးကို ဆိုးရွားခဲ့တာပါ။ နည်းပြ ပိုချက်တီနိုလည်း Game Plan ကောင်းကောင်း မရှိတာပါပါလိမ့်မယ်။ နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ဇနီး ကိုယ်တိုင် ကတောင် ပိုချက်တီနို ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အထိပါပဲ။ တကယ်လည်း ပိုချက်တီနို တစ်ယောက် အသင်း ရှုံးနိမ့်နေချိန်မှာ ချေပဂိုးတွေ ပြန်ရဖို့ နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးပမ်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဂိုးတွေ ထပ်ပေးရတာပဲ အဖတ်တင်ခဲ့ပါတယ်။ မနှစ်က ပေါ်တာ လက်ထက်မှာတောင် ချဲလ်ဆီးတို့ ဝုဗ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။ အခုတော့ ချဲလ်ဆီးတို့ ၂ လ အတွင်း ၂ ကြိမ်တိုင်တိုင် ဝုဗ်ကို ဒူးထောက်ခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ ဂယ်လာဟာ၊ စတာလင်၊ ကိုင်စီဒို တို့ရဲ့ ခြေစွမ်းက စုတ်ပြတ်သတ်နေပြီး ပုံမှန်အောက်ကို ရောက်နေပါတယ်။ ကွင်းထဲမှာ ကစားသမားတွေရဲ့ စိုးရိမ်မှုတွေကို မြင်တွေ့လာရပြီး ဒီအတိုင်း ဆက်သွားနေရင်တော့ ရှေ့ပွဲတွေမှာ ဒီထက် ပိုဆိုးပြီး ယုံကြည်ချက် ပိုပျောက်လာနိုင်ပါတယ်။ အသင်း တစ်သင်း နိမ့်ကျနေချိန်မှာ ဖြစ်ချင်တိုင်း ဖြစ်တတ်ပေမယ့် ချဲလ်ဆီးလို အသင်းကြီး တစ်သင်း အနေနဲ့ လျင်လျင်မြန်မြန် ပြုပြင်သင့်နေပါပြီ။ ရေတိုကုထုံး ရှိရင်လည်း ထုတ်သုံးသင့်နေပါပြီ။ အခုက အသင်းမှာ တန်ကြေးမြင့် ကစားသမားတွေ တောင်လိုပုံနေပြီး ကစားကွက်၊ ရည်ရွယ်ချက်၊ နိုင်လိုစိတ် အစစအရာရာ ရေရေရာရာ မရှိပဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ရှေ့လာမယ့် ပွဲတွေမှာ ချဲလ်ဆီးတို့ ဗီလာ၊ ပဲလေ့စ်၊ မန်စီးတီး၊ လစ်ဗာပူးလ်၊ ဘရန့်ဖို့ဒ်၊ နယူးကာဆယ်၊ အာဆင်နယ် တို့နဲ့ ကစားရဦးမှာပါ။ ပိုချက်တီနို ကိုတော့ ပရိသတ် အများစုက နှုတ်ထွက်စေချင်နေကြပြီး လာမယ့် ပွဲတွေမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

ဘွန်ဒက်စ်လီဂါ
ဒေါ့မွန်
SC ဖရိုင်းဘတ်
1X2 သရေ (Draw) @ 4.24
ဂိုးအောက် 2.75 @ 2.36
ပထမပိုင်း ဂိုးပေါ် 1.50 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝုဗ် ကတော့ ပြီးခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကို ကပ်ရှုံးခဲ့ပေမယ့် ခြေစွမ်း ခြေစ ဘယ်လောက်ရှိသလဲ ဆိုတာ ပြသနိုင်ခဲ့ပြီး Game Plan ကောင်းကောင်း မရှိတဲ့ ချဲလ်ဆီးနဲ့ အတွေ့မှာတော့ အသေလုပ်တော့တာ ဖြစ်ပါတယ်။ ဝုဗ်ကို စောင့်ကြည့်နေတာ ကြာပါပြီ။ ဂယ်ရီ အိုနီးလ် လက်ထက်မှာ အသင်းကြီး အသင်းငယ် မရွေး ကစားအား ကောင်းကောင်းနဲ့ ရင်ဆိုင်နေပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကလည်း မြင်ရတာ အားရစရာပါပဲ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ကတော့ ဟက်ထရစ်ရခဲ့တဲ့ မားသီးယက်စ် ကွန်ဟာ ဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ဆင်းပေးခဲ့ရပြီး ဝုဗ် ကတော့ အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဝုဗ်ဟာ လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဝုဗ် ကတော့ ၁၀ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်