ဘရိုက်တန် – အာဆင်နယ်
အခုတစ်ပတ် စနေနေ့ရဲ့ နောက်အကျဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ အာဆင်နယ်တို့ American Express ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ ဘရိုက်တန်တို့ အာဆင်နယ်ရဲ့ ပုံစံကောင်း တစ်ခုကို အိမ်ကွင်းမှာ ဘယ်လိုပုံစံနဲ့ တားဆီးမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီး သရေပွဲ ၅ ပွဲ အထိ ရှိသလို ရှုံးပွဲ ကလည်း ၂ ပွဲ ရှိခဲ့ပါတယ်။ ဘရိုက်တန်က ရာသီ အစမှာ လူငယ်နည်းပြ ဖေဘီယန် ဟက်ဇ်လာနဲ့ ဟုတ်သလိုလို ရှိခဲ့ပေမယ့် ဆောင်းဝင်ချိန် မှာတော့ ရလဒ်တွေ တောက်လျောက် ယိမ်းယိုင်နေခဲ့ပါတယ်။ အခုဆိုရင် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အထိပါ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရိုက်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ သရေပွဲ အများဆုံး အသင်း ဖြစ်နေပြီး နောက်ဆုံး ၇ ပွဲမှာတင် ၅ ပွဲက သရေကျခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပြန်ရထားပြီး ပရီးမီးယားလိဂ် မှာလည်း ၃ ပွဲဆက် နိုင်ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ပြန်လည် ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။ လက်ရှိမှာ မီခဲလ် အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ် ဇယား ထိပ်က လစ်ဗာပူးလ်ထက် တစ်ပွဲ ပိုကစားထားသလို ၆ မှတ်လည်း ပြတ်နေတာကြောင့် ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် ကတော့ မှေးမှိန်နေပါတယ်။ ဒါပေမယ့် နည်းပြ ဖြစ်သူ ကတော့ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်က တော်တော်လေး ခြေစွမ်းမှန်နေပြီးတော့ ဘယ်ကစားသမားနဲ့ ပွဲထွက်ထွက် ရလဒ်ကောင်းတွေ ရှာတွေ့နေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး လိုအပ်တယ် ပြောမှ ဂျေဇုစ် က ဂိုးမြူးနေပြီး နောက်ဆုံး ၄ ပွဲမှာ ၆ ဂိုး အထိ သွင်းယူထားပါတယ်။ ဆာကာ မပါသည့်တိုင်အောင်လည်း လူငယ် ကစားသမားလေး နွမ်နရီ ခြေစွမ်းပြနေသလို မာတင်နယ်လီ တစ်ယောက်လည်း ဂိုးပေါက် ပြန်ရှာတွေ့နေခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ် ဘက်မှာတော့ ဝှိုက်၊ တိုမီယာဆု၊ ဆာကာနဲ့ စတာလင် လို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး တင်ဘာ ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ လမ့်ပ်တေး၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ အက်စတူပီနန်၊ ဘာလီဘ၊ အိုရိုင်လီ၊ အက်ဒင်ဂါရာ၊ ရက်တာ၊ မီတိုမာ၊ ပီဒရို
အာဆင်နယ် – ရာယာ၊ ပါတေး၊ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ် စကယ်လီ၊ အိုဒီဂတ်၊ ရိုက်စ်၊ မာရင်နို၊ မာတင်နယ်လီ၊ ဂျေဇုစ်၊ ထရေ့ဆက်ဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၆ ကြိမ် နိုင်ပြီး အာဆင်နယ်က ၈ ကြိမ် အနိုင်ရခဲ့ကာ ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေနဲ့ ဘရိုက်တန်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ဘရိုက်တန်က ၁ ကြိမ်သာ အနိုင်ရပြီး အာဆင်နယ်က ၃ ကြိမ် အနိုင်ရကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၃.၉၁ ဆ ရမှာ ဖြစ်ပြီး အာဆင်နယ် နိုင်ရင်တော့ ၁.၇၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၅၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက စဖွင့်ပါတယ်။ အာဆင်နယ်ဟာ ပထမအကျော့တုန်းက ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် မထင်မှတ်ပဲ တစ်ယောက်လျော့သွားတာကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ်တို့ ဘရိုက်တန်ရဲ့ ခြေပျက်နေမှု၊ ဒဏ်ရာရကစားသမား များပြားနေမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားပါလိမ့်မယ်။ ခြေစွမ်းထက်မြတ်နေတဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၃ အာဆင်နယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.