နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် ဘန်လေ၊ ထိပ်ဆုံး ၆ သင်း စာရင်းထဲ ဝင်ဖို့ထက် တစ်ပွဲချင်းစီပဲ အာရုံစိုက်မယ်လို့ ဆိုလိုက်တဲ့ ကလော့ပ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် ဘန်လေ၊ ထိပ်ဆုံး ၆ သင်း စာရင်းထဲ ဝင်ဖို့ထက် တစ်ပွဲချင်းစီပဲ အာရုံစိုက်မယ်လို့ ဆိုလိုက်တဲ့ ကလော့ပ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကို တန်းပြန် တက်ခွင့်ရခဲ့တဲ့ ဘန်လေ

ဘန်လေ ကတော့ ချန်ပီယံရှစ်မှာ မစ်ဒယ်ဘရော့ကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရသွားခဲ့ပါပြီ။ ဘန်လေဟာ အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး လက်ကျန် ၇ ပွဲ အလိုမှာပဲ တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြ ဗင်းဆင့် ကွန်ပနီက ပထမဦးဆုံး ကိုင်တွယ်တဲ့ ရာသီမှာတင်ပဲ အခုလို စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘင်ဖီကာ
အင်တာမီလန်
1X2 သရေ (Draw) @ 3.25
ပထမပိုင်း ဂိုးအောက် 2.00 @ 2.21
ဂိုးပေါင်း 0-1 @ 2.68
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီရဲ့ အသင်းဟာ ချန်ပီယံရှစ်မှာ တိုက်စစ် အကောင်းဆုံးနဲ့ ခံစစ် အကောင်းဆုံး အသင်း ဖြစ်နေပြီး ရှုံးပွဲ ကလည်း ၂ ပွဲတည်းသာ ရှိခဲ့ပါတယ်။ သွင်းဂိုး ၇၆ ဂိုး၊ ပေးဂိုး ၃၀ သာ ရှိပြီး ရမှတ် ၈၇ မှတ်နဲ့ လက်ကျန် ၇ ပွဲ အလိုမှာပဲ တန်းတက်နိုင်ခဲ့ပြီး သူတို့ရဲ့ ဒီရာသီ ခြေစွမ်း ကတော့ အားလုံးဆီက ချီးကျူးမှုတွေကို ရရှိခဲ့တဲ့ အထိပါပဲ။

နောက်ထပ် တိုက်ရိုက် တန်းတက်ခွင့် တစ်နေရာ အတွက် ကိုတော့ အဆင့် ၃ နေရာက လူတန်တောင်းကို ၈ မှတ် ဖြတ်ထားတဲ့ ရှက်ဖီးလ်ယူနိုက်တက်က အခြေအနေ ကောင်းနေပါတယ်။ ပလေးအော့ဖ် ကစားရမယ့် အသင်းတွေ အဖြစ် မစ်ဒယ်ဘရော့၊ မီဝေါလ်၊ ဘလက်ဘန်းတို့ အစဉ်လိုက် ရှိနေကာ နော့ဝှစ်ချ်၊ ပရက်စ်တန်၊ ကိုဗင်ထရီ တို့ကလည်း အခွင့်အရေး ကိုယ်စီ ရှိနေဆဲ ဖြစ်ပါတယ်။


ထိပ်ဆုံး ၆ သင်း စာရင်းထဲ ဝင်ဖို့ထက် တစ်ပွဲချင်းစီပဲ အာရုံစိုက်မယ်လို့ ဆိုလိုက်တဲ့ ကလော့ပ်

လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်က သူတို့ အနေနဲ့ ဥရောပ ဝင်ခွင့်ထက် တစ်ပွဲချင်းစီပဲ အာရုံစိုက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ လက်ရှိ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ထားပါတယ်။

လစ်ဗာပူးလ်ဟာ လက်ရှိ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ထားပါတယ်။
လက်ကျန် ပွဲစဉ် တစ်ပွဲချင်းစီတိုင်းကို အာရုံစိုက်သွားမယ် ဆိုတဲ့ ကလော့ပ်

လက်ရှိ ရပ်တည်မှု အတိုင်းသာ ရာသီကုန်ဆုံးခဲ့မယ် ဆိုရင် လစ်ဗာပူးလ်တို့ ၂၀၁၆ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဥရောပဝင်ခွင့် နေရာနဲ့ လွဲချော်သွားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ လက်ရှိ အနေအထား အပေါ်မှာ ပရိသတ်တွေက စိုးရိမ်နေကြပြီး လာမယ့် ရာသီမှာ အသင်းကို ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်နေကြပါတယ်။

ကလော့ပ်က “ ဒီနေ့ ခေတ်မှာတော့ ဒါက ကြီးမားတဲ့ စိန်ခေါ်မှုပါ၊ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဒါက လွယ်ကူခဲ့တာ မဟုတ်ပါဘူး၊ အခုဆိုရင် မဖြစ်နိုင်ဖို့က ပိုပြီးတော့ နီးစပ်လာပါတယ်၊ တကယ်လို့ နောက် ၁၀ ပွဲ စလုံး ရှုံးလို့ ကျနော့် အနေနဲ့ နောက်ရာသီမှာ ငါတို့ ပြန်လာမယ်လို့ ပြောမယ် ဆိုရင် ယုံကြည်ရခက်မှာတော့ အသေအချာပါပဲ”

“ ရိုးရိုးသားသား ပြောရရင် အတိတ်မှာ ကျနော်တို့ လုပ်ပြနိုင်ခဲ့တာတွေကို ပြန်လှည့်ကြည့် မအားတော့ပါဘူး။ ပြီးတော့ ထိပ်ဆုံး ၆ နေရာ ကိုလည်း ဂရုမစိုက်နိုင်ပါဘူး၊ ကျနော်တို့ နိုင်ပွဲ တစ်ပွဲ ရဖို့ လိုအပ်နေပြီး ပြီးရင် နောက်ထပ် နောက်ထပ် နိုင်ပွဲတွေ ဆက်ရဖို့ လိုအပ်ပါတယ်၊ ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြန်ရှာနိုင်ဖို့ လိုပါတယ်၊ တစ်နေရာရာမှာ အဲဒါက ပုန်းကွယ်နေပြီး ကျနော်တို့ ရှာတွေ့နိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်