နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟမ်းမဲလ်စ်ကို ခေါ်ယူချင်နေတဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန် ကတော့ သူတို့ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ မတ် ဟမ်းမဲလ်စ်ကို ဆက်သွယ်ထားကြောင်း သိရပါတယ်။ ဂျာမန် ဝါရင် ဗဟိုခံစစ်မှူး ဟမ်းမဲလ်စ်ဟာ ဂျာမန် ကလပ် ဒေါ့မန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး လက်ရှိမှာ ကလပ် လက်မဲ့ ဖြစ်နေသူပါ။

ဟမ်းမဲလ်စ်က ဘေယန်မြူးနစ်နဲ့ ဒေါ့မန်လို့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်တွေ အတွက် ပွဲပေါင်း ၆၇၀ လောက် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်သင်းစလုံးနဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် အဓိက ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဟမ်းမဲလ်စ်ဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၅ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီလို့ ပြောလို့ ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားက အသက်အရွယ် ရလာသည့် တိုင်အောင် ခံစစ်မှာ အကောင်းဆုံး စွမ်းရည်တွေ ပြသထားနိုင်ဆဲ ဖြစ်တာကြောင့် သူ့ကို ကလပ် တော်တော်များများက အလွတ်နဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။

မကြာသေးခင် ကလည်း စီးရီးအေ ကလပ် ဘိုလော့ဂ်နာက အသင်း ကနေ ထွက်ခွာသွားတဲ့ ရီကာဒို ကာလာဖီအိုရီရဲ့ နေရာ အတွက် ဟမ်းမဲလ်စ်နဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဘိုလော့ဂ်နာက ဟမ်းမဲလ်စ်ရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့သလို ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့ပေမယ့် ကစားသမား ကတော့ ချက်ချင်း ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဟမ်းမဲလ်စ်ကို ရိုးမား ကလည်း ခေါ်ယူချင်နေပြီး ဘရိုက်တန် အနေနဲ့ စီးရီးအေ ကလပ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘရိုက်တန် နည်းပြသစ် ဖြစ်တဲ့ ဟူဇလာက ဟမ်းမဲလ်စ်လို အတွေ့အကြုံရှိပြီး သူနဲ့ နိုင်ငံချင်းတူတဲ့ ခံစစ်မှူးမျိုးကို အရခေါ်ယူသွားဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာတော့ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ Sky Sports မှာ ဖော်ပြထားပါတယ်။ လက်တလော ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်ရဲ့ ဗဟို ခံစစ် နေရာမှာ ဒန့်ခ်၊ ဝက်ဘ်စတား တို့လောက်ပဲ စိတ်ချရတဲ့ ကစားသမားတွေ ရှိနေတာပါ။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဟမ်းမဲလ်စ်လို အတွေ့အကြုံရင် ကစားသမား တစ်ဦးကို အလွတ်နဲ့ ရမယ့် အခွင့်အရေးကို လက်လွှတ်မခံပဲ အရ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ် အရွယ် ဝါရင့် ခံစစ်မှူး ဟမ်းမဲလ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မန်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲ တလျှောက်လုံး ဟမ်းမဲလစ်က အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြခဲ့ပြီး ခံစစ် အတွက် သာမက တိုက်စစ်ပါ လိုက်ပါ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဒေါ့မန် ဘက်က သက်တမ်း ထပ်မတိုးတာကြောင့် အလွတ်နဲ့ ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ ဟမ်းမဲလ်စ်ဟာ ကစားသမားဘဝမှာ ဒေါ့မန်နဲ့ ဘေယန်မြူးနစ် နှစ်သင်းမှာပဲ ကစားခဲ့ဖူးပေမယ့် ပြည်တွင်းရော၊ ဥရောပပြိုင်ပွဲ အတွေ့အကြုံ များစွာ ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီ လက်ရွေးစင် အသင်း အတွက်လည်း ပွဲပေါင်း ၇၈ ပွဲ အထိ ပါဝင်ကစားထားသလို ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုလည်း ကိုင်မြှောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်