နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ် အတွက် ပေါင် ၂၅ သန်းထက် ပိုသုံးဖို့ အစီအစဉ် မရှိတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ တိုက်စစ်မှူး တစ်ဦး လိုအပ်နေတာကြောင့် အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က တိုက်စစ်မှူး အများအပြားကို ပစ်မှတ်ထား စောင့်ကြည့်နေပြီးတော့ ပစ်မှတ် စာရင်းထဲမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုလည်း ထည့်သွင်းထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။ 

Football Transfer ကတော့ အာဆင်နယ်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသွားချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ထက် ပိုပြီး ကမ်းလှမ်းသွားဖို့ အစီအစဦ် ရှိမနေကြောင်း ဖော်ပြထားပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၅ ခုနှစ် ကတည်းက ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက အရွယ်ကောင်း ရောက်လာသည့် တိုင်အောင် ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခြင်း မရှိတာကြောင့် ရောင်းထုတ်ခံရဖို့ သတင်းတွေ ကြီးနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ရူဘင် အမော်ရင် လက်ထက် မှာလည်း အရေးပါတဲ့ ပွဲစဉ်တွေမှာ ချန်လှပ်ခံရပြီးတော့ ပွဲထွက် ကစားခွင့်လည်း နည်းပါးသထက် နည်းပါးလာသူ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာတင်ပဲ ရောင်းထုတ်ဖို့ပါ ပြင်ဆင်လာခဲ့ပြီးတော့ အမော်ရင် ကလည်း အသင်းရဲ့ ဆုံးဖြတ်ချက်ကို ခေါင်းညှိတ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က အသင်း အတွက် အကျိုးမပြုနိုင် ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ် အပြင် ဂျော်ရွှာ ဇီယက်ခ်ခ်ဇီးနဲ့ ဂါနာချို တို့ကိုလည်း ရောင်းထုတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က အသင်း အတွက် အကျိုးမပြုနိုင် ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ် အပြင် ဂျော်ရွှာ ဇီယက်ခ်ခ်ဇီးနဲ့ ဂါနာချို တို့ကိုလည်း ရောင်းထုတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ဇန်နဝါရီမှာ ရောင်းထုတ်ချင်နေတဲ့ ယူနိုက်တက်

ဒီကစားသမားတွေ အထဲ ကမှ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ထိပ်ဆုံးက ရောင်းထုတ်ခံရဖို့ များနေပြီး သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ် ဆိုရင် အသင်း ဘက်က ချက်ချင်း ရောင်းချသွားဖို့ ရှိနေတာပါ။ လတ်တလော မှာလည်း ရက်ရှ်ဖို့ဒ်က ကလပ် အသင်း တချို နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က လက်ရှိမှာ အဓိက တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာ ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီး အထောင် တိုက်စစ် နေရာ အတွက်လည်း အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦး ဖြည့်တင်းချင်နေပါသေးတယ်။ 

ဒါပေမယ့်လည်း အာဆင်နယ်က သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက် ပေါင် ၂၅ သန်းထက် ပိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားမှာတော့ မဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ အခြားသော တိုက်စစ် ပစ်မှတ်တွေ ထဲမှာတော့ ပီအက်စ်ဂျီက ရန်ဒဲလ် ကိုလို မူအာနီ၊ ဂျူဗင်တပ်စ်က ဒူဆန် ဗလာဟိုဗစ် တို့လို တိုက်စစ်မှူးတွေလည်း ပါရှိနေပြီး အဆိုပါ ကစားသမားတွေကို မရမှသာ ရက်ရှ်ဖို့ဒ်ကို ကြိုးပမ်းဖွယ် ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်