နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မြို့ခံ ခါးသီး ပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံ အိမ်မက်ကို ဆက်လက် အသက်သွင်းခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၂-၃ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ် တို့ရဲ့ ပွဲစဉ် ကတော့ အကြိတ်အနယ် ကစားရင်း ၂-၃ ရလဒ်နဲ့ အာဆင်နယ်က အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပထမပိုင်းမှာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုး ပြန်ပေးလိုက်ရလို့ စိုးရိမ်ခဲ့ရသေးပြီး ပွဲပြီး မှာတော့ လိုအပ်နေတဲ့ နိုင်ပွဲ အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ တော့တင်ဟမ်ဟော့စပါးက ဗီကာရီယို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ ဘန်ဒေးဗီးစ်၊ ပေါ်ရို၊ ဘန်တန်ကာ၊ ဟွိုက်ဘယက်ဂျ်၊ မက်ဒီဆန်၊ ဗာနာ၊ ကူလူဆက်ဗ်စကီး၊ ဆွန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ချဲလ်ဆီးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာပြီး ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ ပါတေး၊ ရိုက်စ်၊ အိုဒီဂတ်၊ ဆာကာ၊ ထရော့ဆက်ဒ်၊ ဟာဗတ်ဇ် တို့ ပါဝင်ကစားခဲ့ပါတယ်။

စပါး ကတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့် ဗီလာနဲ့ တဖြည်းဖြည်း အမှတ်ပြတ်လာတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတော့ပါဘူး။
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် မသေချာ ဖြစ်လာတဲ့ စပါး

ခက်ခဲမယ် ထင်ရတဲ့ ကစားပွဲ တစ်ပွဲကို ဂန်းနားတို့ဟာ သက်သောင့်သက်သာ ဖြစ်လွန်းစွာနဲ့ ကစားပြခဲ့ရင်း ပထမပိုင်းမှာပဲ ပွဲကို အပြတ် ဖြတ်လိုက်နိုင်တဲ့ အထိ စွမ်းဆောင်ရည် ထွက်ခဲ့တယ်လို့ ဆိုရပါမယ်။ အာတီတာရဲ့ အာဆင်နယ် အနေနဲ့ အရမ်းကြီး စိုးမိုးလွန်းတဲ့ ကစားဟန်မျိုးနဲ့ မမြင်ခဲ့ရပဲ ရလာတဲ့ အခွင့်အရေးတိုင်း ၊ အခိုက်အတန့်တိုင်းကို အကောင်းဆုံး အသုံးချရင်း သွင်းဂိုး (၃) ဂိုး အဖြစ် ပြောင်းလဲပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပထမဂိုးက စပါး ကွင်းလယ်လူ ဟွိုက်ဘယက်ဂျ်ကြောင့် ရရှိခဲ့တာ ဖြစ်ပြီးတော့ ဒုတိယဂိုး ကတော့ ဆာကာရဲ့ လှပတဲ့ သွင်းဂိုးကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုင်ဟာဗက်ဇ် က‌တော့ ပထမပိုင်း အာဆင်နယ် အတွက် သော့ချက် ဖြစ်ခဲ့ပြီး ဆာကာရဲ့ လှပတဲ့ ဒုတိယမြောက် သွင်းဂိုးကို အတိကျဆုံး ဖန်တီးပေးခဲ့သလို၊ ထောင့်ကန်ဘောကနေ တဆင့် တတိယမြောက် သွင်းဂိုး ကိုတော့ ခေါင်းတိုက် အဆုံးသတ် ပြနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ အာဆင်နယ်တို့ မင်းမူ ပွဲခံခဲ့ပေမယ့် ဒုတိယပိုင်း ကတော့ စပါး အတွက်လို့ ပြောရပါမယ်။ ၃ ဂိုးပြတ် အနိုင်ရထားပြီး ဖြစ်တာကြောင့် အာဆင်နယ် အနေနဲ့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး တဖြည်းဖြည်း ပွဲပန်းမှု ဒဏ်ကို ခံစားခဲ့ရတာကြောင့် ခြေစွမ်းလည်း ကျဆင်းလာခဲ့ပါတယ်။ ဒီအခြေအနေကို စပါးက အခွင့်အကောင်းယူပြီး အာဆင်နယ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာယာရဲ့ အမှားကြောင့်သာ အာဆင်နယ်တို့ ဂိုးပေးခဲ့သလို ဒီကလန် ရိုက်စ်ရဲ့ ပြစ်ဒဏ်ကျူးလွန်ပုံက ပြင်းထန်ပေမယ့် တကယ်တမ်း ပြန်ကြည့်ရင် မတော်တဆ ဆိုတာ သိသာပါတယ်။ စပါး အတွက် ချေပဂိုး ၂ ဂိုး ကိုတော့ ရိုမဲယိုနဲ့ ဆွန် (ပင်နယ်တီ) က တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ရမှတ် ၈၀ နဲ့ ဆက်ရှိနေခဲ့ပြီး မန်စီးတီးထက် တစ်ပွဲ ပိုကစား တစ်မှတ် အသာနဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ စပါး ကတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့် ဗီလာနဲ့ တဖြည်းဖြည်း အမှတ်ပြတ်လာတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတော့ပါဘူး။ စပါး ကတော့ လက်ကျန် ပွဲစဉ်တွေ အဖြစ် ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ဘန်လေ၊ မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီး အာဆင်နယ် ကတော့ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်