နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရစ်ကာဒို ကာလာဖီအိုရီ အတွက် အတွင်းကျကျ ဆွေးနွေးမှုတွေ ရှိနေတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတွေ ကတော့ အီတလီနဲ့ အတူ ယူရို ၂၀၂၄ မှာ တောက်ပခဲ့တဲ့ အီတလီ ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ ဘိုလော့ဂ်နာနဲ့ အီတလီ ဗဟိုခံစစ် ကြယ်ပွင့် ရစ်ကာဒို ကာလာဖီအိုရီ ကို အနီးကပ် စောင့်ကြည့်နေပြီးနောက် အခုလို ချိတ်ဆက်ခဲ့ကြောင်း သတင်းတွေက ဖော်ပြလာတာ ဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးပြီး ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာ အတွက် ၃၃ ပွဲ ပါဝင်ကစားခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားဟာ ဘိုလော့ဂ်နာတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် တစ်ထောင့် တစ်နေရာ ကနေ ကူညီပေးခဲ့သူ ဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် ကာလာဖီအိုရီဟာ ယူရို ၂၀၂၄ အတွက် အီတလီ အသင်းရဲ့ လူစာရင်းမှာ အရွေးချယ်ခံခဲ့ရသလို ခြေစွမ်းကောင်းတွေလည်း ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ ကာလာဖီအိုရီဟာ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပေမယ့် ကျန် နှစ်ပွဲမှာတော့ အသင်းကြီးတွေ မျက်စိကျသွားလောက်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့တာ ဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ဆွစ်ဇာလန်နဲ့ ၁၆ သင်း အဆင့် ပွဲစဉ် မှာတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရပြီး သူ့ရဲ့ အီတလီ ကလည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမီနိုက ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာ ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ် ဖြစ်ခဲ့ပေမယ့် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့သာ ဒီကစားသမား အတွက် ထဲထဲဝင်ဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဘိုလော့ဂ်နာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်နဲ့ နောက် သုံးမှတ် အကွာနဲ့ ရာသီသိမ်းခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ အဓိက ကစားသမားကို ပြည်တွင်း ပြိုင်ဘက်ဆီ ရောင်းချလိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဘိုလော့ဂ်နာ နည်းစနစ်ဒါရိုက်တာ ဂျီယိုဗန်နီ ဆာတိုရီက ကလပ် အနေနဲ့ ကာလာဖီအိုရီကို ဆက်လက် ထိန်းသိမ်းထား လိုပေမယ့်လည်း မတတ်နိုင်တဲ့ အဆုံးမှာတော့ နိုင်ငံခြား ကလပ် တစ်ခုဆီ ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

ဆာတိုရီက “သူ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့တော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ရင်လည်း နိုင်ငံရပ်ခြား ကလပ် ဆီကိုပဲ ရောင်းချမှာပါ” လို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုလော့ဂ်နာက ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ အတွက် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ ရှိနေပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ ချဲလ်လ်ဆီး တို့က သတင်း အထွက်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းစလုံးက ကာလာဖီအိုရီကို ချိတ်ဆက်နေတဲ့ အဆင့်မှာသာ ရှိနေသေးပြီး အပြောင်းအရွှေ့ အတွက် အသေးစိတ် စေ့စပ် ညှိနှိုင်းတဲ့ အဆင့်ကို မရောက်သေးဘူးလို့ သိရပါတယ်။

ကာလာဖီအိုရီဟာ ဗဟိုခံစစ် မှာသာမက ဘယ်ခြမ်း ခံစစ်မှာလည်း ကစားနိုင်သလို တိုက်စစ် လိုက်ပါတဲ့ နေရာမှာလည်း အားသန်သူ ဖြစ်ပါတယ်။ ကာလာဖီအိုရီ ပြောင်းရွှေ့နိုင်ချေ အရှိဆုံး အသင်း ကတော့ နောက်ခံလူ နေရာ လိုအပ်နေတဲ့ ချဲလ်ဆီး ဖြစ်ပါတယ်။ အာဆင်နယ် ကလည်း ဒီကစားသမားကို လိုချင်နေပေမယ့် ဂါဘရီရယ်နဲ့ ဆလီဘာ အပြင် ခီဗီယော တို့ ရှိနေတာကြောင့်တော့ ဖြစ်နိုင်ချေက နည်းနေပါတယ်။ ဆက်စပ် သတင်းတွေ အရ ဆိုရင် ဝက်စ်ဟမ်း ကလည်း ကာလာဖီအိုရီကို လိုချင်ခဲ့ပေမယ့် အခုတော့ လက်လျှော့သွားခဲ့သလို မြောက်လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ စိတ်ဝင်စားမှုတွေ ပြသလာတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်