ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို စာချုပ်သက်တမ်းတိုးဖို့ လက်ရှိ အချိန်ထိ လုပ်ဆောင်နေခြင်းတော့ မရှိသေးပါဘူး။ ဒီအခြေအနေမှာ အာနိုးလ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကောလဟာလတွေ များစွာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ သူရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုသွားမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
အာနိုးလ်နဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တို့ရဲ့ စာချုပ်သက်တမ်းတိုး သတင်း ထွက်ပေါ်နေတာ အချိန် တော်တော်ကြာနေခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိတော့ အရာမထင်သေးပါဘူး။ အကယ်၍ အာနိုးလ်သာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ဘူး ဆိုရင်တော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အာနိုးလ် အတွက် ပြောင်းရွှေ့ကြေး အသုံးပြုလိုခြင်း မရှိပဲ လာမယ့် နွေရာသီမှသာ အလွတ်နဲ့ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ကစားသမားက လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုဖို့ လိုလားနေပေမယ့် သူရဲ့ လုပ်ခလစာ ကိုတော့ တိုးမြှင့် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ လစ်ဗာပူးလ် ဘက်က အခက်တွေ့နေခဲ့တာ ဖြစ်ပြီး အသင်းဟာ မိုဟာမက် ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ အာနိုးလ် တို့ ၃ ဦးကို သက်တမ်း တိုးရဖို့ ရှိနေတာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အာနိုးလ်က “ကျွန်တော်က ဒီကလပ်မှာ ရှိနေတာ အနှစ် ၂၀ လောက် ရှိနေပါပြီ။ ကျွန်တော် ဒီအသင်းနဲ့ ၄ နှစ် ၅ နှစ် အထိ စာချုပ် သက်တမ်းတိုးပြီး လက်မှတ် ရေးထိုးခဲ့ပေမယ့် ဒါတွေ တစ်ခုမှာ လူသိရှင်ကြား ထွက်ပေါ်လာတာ မရှိခဲ့ပါဘူး။ အခု တစ်ကြိမ်လည်း ဒီအတိုင်းပါပဲ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် ညာနောက်ခံ ကြယ်ပွင့်ဟာ လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် အာနိုးလ်က လက်ရှိမှာ ဗန်ဒိုက်ခ် ပြီးရင် လစ်ဗာပူးလ်ရဲ့ ဒုတိယ အသင်း ခေါင်းဆောင် တာဝန်ကို ယူထားသူလည်း ဖြစ်ပါတယ်။ ဒီလို အသင်း အတွက် အဓိကကျတဲ့ ကစားသမားကို လစ်ဗာပူးလ် ဘက်က လိုလိုလားလား သက်တမ်းတိုးချင်သလို ကစားသမား ကလည်း အန်ဖီးလ်မှာ ဆက်နေချင်ပေမယ့် လုပ်ခလစာ အပိုင်းမှာ ညှိနှိုင်းရခက်ခဲနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိမှာ အာနိုးလ်က လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိနေပြီတော့ အကယ်၍ ညှိနှိုင်းလို့ အဆင်မပြေရင်တော့ ကစားသမားကို အသင်းသင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
အာနိုးလ်ဟာ လစ်ဗာပူးလ် အတွက် ပွဲပေါင်း ၃၂၈ ပွဲ ကစားထားခဲ့ပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.