နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန် ထိပ်တန်း လိဂ်မှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် လွန်ခဲ့တဲ့ ၁၃၆ နှစ်က စံချိန်ကို လိုက်မှီသွားတဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က အင်္ဂလန် ထိပ်တန်း လိဂ်မှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် လွန်ခဲ့တဲ့ ၁၃၆ နှစ်က စံချိန်ကို လိုက်မှီသွားခဲ့ပြီလို့ သိရပါတယ်။ အာနေး ဆလော့တ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ အတွက် ၂၄ ပွဲ ကိုင်တွယ် အပြီးမှာ နိုင်ပွဲ ၂၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ဟာ လစ်ဗာပူးလ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နည်းပြ အဖြစ် စတင် ကိုင်တွယ်ခဲ့ပြီးတော့ လက်ရှိမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ၂၄ ပွဲမှာ နိုင်ပွဲ ၂၀ ရရှိခဲ့ပြီး ၃ ပွဲ သရေကျကာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံး လိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရရှိသူ အဖြစ် စံချိန်တင်ထားတဲ့ ဝီလီယမ် ဆူဒဲလ်ရဲ့ စံချိန်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၆ နှစ် အရွယ် နယ်သာလန် လူမျိုး နည်းပြ အာနေး ဆလော့တ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ နည်းပြသစ်တွေ အထဲမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် မှတ်တမ်းလည်း ဝင်ထားပါတယ်။
ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ နည်းပြသစ်တွေ အထဲမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြ ဖြစ်ခဲ့တဲ့ ဆလော့တ်

အင်္ဂလန် နည်းပြဟောင်း ဝီလီယံ ဆူဒဲလ် ကတော့ ၁၈၈၈-၈၉ ဘောလုံးရာသီမှာ ပရက်စတန်နော့သ် အသင်းကို ကိုင်တွယ်ခဲ့ပြီး အာနေး ဆလော့တ် နည်းတူ ၂၄ ပွဲ ကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၂၀ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အာနေး ဆလော့တ်ဟာ လစ်ဗာပူးလ် အတွက် အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာသူ ဖြစ်ပါတယ်။ အာနေး ဆလော့တ်ဟာ ရာသီ အစပိုင်းမှာ ရုန်းကန်ရနိုင်တယ်လို့ အများက ထင်ကြေးပေးခဲ့ကြပေမယ့် လက်ရှိမှာတော့ နယ်သာလန်သားက ကလော့ပ်တောင် မရယူနိုင်ခဲ့တဲ့ စံချိန် မှတ်တမ်းကောင်းတွေကို စောစောစီးစီးပဲ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၆ နှစ် အရွယ် နယ်သာလန် လူမျိုး နည်းပြ အာနေး ဆလော့တ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ နည်းပြသစ်တွေ အထဲမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် မှတ်တမ်းလည်း ဝင်ထားပါတယ်။ ဒါ့အပြင် ဆလော့တ်က အင်္ဂလန် ဘောလုံးလောကရဲ့ သမိုင်းဝင် စံချိန် မှတ်တမ်း တစ်ခု ကိုပါ လိုက်မှီနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာနေး ဆလော့တ်ဟာ လစ်ဗာပူးလ်မှာ နိုင်ပွဲ ရာခိုင်နှုန်း ၈၃ ရာခိုင်နှုန်း ရရှိထားပြီး ဒါဟာ မာဆေးလ်ဆိုက်ဒ် ကလပ်ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

အာနေး ဆလော့တ်ဟာ လစ်ဗာပူးလ် မတိုင်ခင် ကမ်ဘာ၊ အေဇက်ခ် အဲလ်ခမာနဲ့ ဖီယင်နော့ဒ် တို့ကို ကိုင်တွယ်ခဲ့ပြီးတော့ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာနေး ဆလော့တ်က လစ်ဗာပူးလ်နဲ့ အတူ အကောင်းဆုံး ရာသီ အဖြစ် ဆက်လက် ဖြတ်သန်းနေပြီးတော့ ဖလား အားလုံး လမ်းကြောင်း ပေါ်မှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်