နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေကို ကျေနပ်နေတဲ့ အန်ဂျီ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကတော့ ရာသီကြို ခြေစမ်းပွဲ ကာလ အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် အားရကျေနပ်နေတယ်လို့ သိရပါတယ်။

စပါးဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲ ကစားရာမှာ ၄ အထိ အနိုင်ရခဲ့သလို တိုက်စစ် ကလည်း ဂိုးတွေ မြူးခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ပထမပွဲမှာ ဟတ်ကို ၁-၅ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်ပွဲတွေ မှာတော့ ကျူပီအာကို ၀-၂၊ ဗစ်ဆယ် ကိုဘေးကို ၂-၃၊ ကောလိဂ် အောလ်စတားကို တော့ ၃-၄ နဲ့ အနိုင်ရခဲ့တာပါ။ နောက်ဆုံး ပွဲမှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကိုတော့ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း အားရစရာ မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း အန်ဂျီ ပိုစတီကိုဂလူးက ရာသီကြို ခြေစမ်းပွဲမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ အတွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အားရကျေနပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဂျီက သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်က ပြီးခဲ့တဲ့ ရာသီက ချမှတ်ခဲ့တဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကြောင့် အကျိုးအမြတ် ရရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။

အန်ဂျီက The Athletic နဲ့ အင်တာဗျူးမှာ “တိုးတက်မှုတွေကို မြင်နိုင်ပါတယ်။ ကျွန်တော် ဒါကို လုပ်နေတာ ကြာပါပြီ၊ ဒါကြောင့် မနှစ်တုန်းက ကျွန်တော်တို့ အခြေခံတန်ဖိုး အချို့နဲ့ ပတ်သက်ပြီး တကယ့်ကို ခိုင်မာတဲ့ အုတ်မြစ် တချို့ချနိုင်ခဲ့တယ်လို့ ခံစားရတယ်။ ဒါကို ရာသီကြို ခြေစမ်းပွဲတွေမှာ ချပြနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အန်ဂျီက “လုပ်ငန်းစဉ်ဆိုတာ တော်တော်လေး ငြီးငွေ့စရာ ကောင်းတဲ့ စကားလုံးပါ၊ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ဘယ်လို အရာတွေကို တည်ဆောက်ရမလဲ ဆိုတာ အတွက် အခြေခံပါ။ တည်ဆောက်ပြီးချိန်မှာ အဲဒီအရာက လှတယ်၊ ရုပ်ဆိုးတယ် ဆိုတာ လူတိုင်း မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဘောလုံးမှာ တည်ဆောက်ရတာ ကြိုက်ပါတယ်။ ပြီးတော့ ဒါတွေက ဘဝ အတွက်လည်း ရောင်ပြန်ဟပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့တော့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြတွေ မကြာခဏ ဆိုသလို ပြောင်းနေတတ်တဲ့ စပါးက အန်ဂျီ ပိုစတီကိုဂလူးကို ပြီးခဲ့တဲ့ ရာသီက စတင် ခန့်အပ်ခဲ့ပြီး ဒီနှစ် ကတော့ ဩစတြေးလျ လူမျိုး နည်းပြကြီး အတွက် ဒုတိယမြောက် ရာသီ ဖြစ်ပါတယ်။

စပါးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မျက်နှာသစ် ကစားသမား နှစ်ဦးသာ ခေါ်ယူထားရသေးတဲ့ အသင်း ဖြစ်ပါတယ်။ ပထမတစ်ဦးက အာချီ ဂရေး ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် ကနေ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ တစ်ယောက် ကတော့ လူးကပ်စ် ဘာ့ဂျ်ဗဲလ်ကို ဂျာဂါးဒန်းစ် ကနေ ခေါ်ယူထားခဲ့တာပါ။ စပါးဟာ အသက် ၁၈ နှစ် အရွယ် ကစားသမား နှစ်ဦးနဲ့ တီမီု ဗာနာ ကိုတော့ အငှားနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဂျာမန် ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ စပါးကို စတင်ရောက်ရှိလာခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ကောင်းတဲ့ စတင်မှုနဲ့ အတူ ၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ရာသီကုန်ခါနီးမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ် စပါးဟာ လာမယ့် စနေနေ့မှာတော့ ဘေယန်မြူးနစ်ကို တော့တင်ဟမ်ဟော့စပါးကွင်းမှာ ပြန်လည် ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်