နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေလိုတဲ့ အမ်မရာဘတ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ် ကတော့ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီက ဖီအိုရင်တီးနား ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမ်မရာဘတ်က အငှားစာချုပ် သက်တမ်း ပြည့်သွားပေမယ့် ယူနိုက်တက် မှာပဲ ဆက်ရှိချင်ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

အမ်မရာဘတ်က “ကျွန်တော့် အတွက်ကတော့ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့က သေချာပေါက် ရွေးချယ်မှု တစ်ခုပါပဲ။ အဲ့ဒီ အတွက်လည်း ကျွန်တော်တို ဆက်လက် ဆွေးနွေးနေပါ တယ်။ မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာပေါ်က အင်အား အကြီးမားဆုံး ကလပ် အသင်း ဖြစ်တာမို့လို့ ဘယ်ကစားသမားမဆို ဒီအသင်းမှာ သေချာပေါက် ကစားချင်ကြမှာပဲလေ။” လို့ အမ်မရာဘတ်က ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

မော်ရိုကို အသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂ဝ၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို ကလပ် တော်တော်များများရဲ့ စိတ်ဝင်စားမှုတွေ ရရှိခဲ့သူပါ။ အသက် (၂၇) နှစ် အရွယ် ကွင်းလယ်လူဟာ ယူနိုက်တက်ကို တစ်ရာသီ အငှား + ပေါင် (၂၁.၄) သန်းတန် အပြီးသတ် ခေါ်ယူခွင့် တို့နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အမ်မရာဘတ် အနေနဲ့ ယူနိုက်တက် ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ တွဲဖက်ပြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို ယူနိုက်တက် ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့်လည်း တကယ်တမ်း မှာတော့ ပုံမှန် ခြေစွမ်းပြနိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အဓိက ကတော့ သူ့ရဲ့ ကစားဟန်နဲ့ အသင်းရဲ့ နည်းစနစ်ပိုင်းက ကိုက်ညီမှု မရှိလို့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တို့က အမ်မရာဘတ်ကို အငှားစာချုပ် ပြည့်ချိန်မှာ အပြီးသတ် မခေါ်ယူတော့ပဲ မိခင်ကလပ် ဖီအိုရင်တီးနားဆီ ပြန်လွှတ်ဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီကုန်ခါနီးမှာပဲ ဒဏ်ရာရ ကစားသမားတွေ များပြားနေချိန် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ နောက်ထပ် တစ်ကြိမ် ယုံကြည်မှု ပေးခြင်း ခံခဲ့ရပြီး ပွဲထွက်ကစားခွင့်လည်း ရခဲ့ပါတယ်။ ဒီအချိန်မှာတော့ အမ်မရာဘတ်ဟာ မော်ရိုကိုနဲ့ ကာတာ ကမ္ဘာ့ဖလား မှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ပြန်လည် ပြသနိုင်ခဲ့ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်ရဲ့ ဂန္တဝင် ပေါလ်စခိုး ကိုယ်တိုင်က အမ်မရာဘတ်ဟာ ဂတ်တူဆို ဝင်ပူးနေတဲ့ အလား ဆိုပြီး ချီးကျူးခဲ့ရတဲ့ အထိ ခြေစွမ်းပြခဲ့ပါတယ်။ ယူနိုက်တက်တို့ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ရာမှာလည်း အမ်မရာဘတ်က အဓိက နေရာ ကနေ ပါဝင်ခဲ့ပြီး ယူနိုက်တက် တာဝန်ရှိသူတွေကို ဒွိဟ ဖြစ်စေခဲ့တာပါ။ ဒါ့အပြင် သူကိုယ်တိုင် ကလည်း ဖီအိုရင်တီးနားကို ပြန်ဖို့ထက် ယူနိုက်တက်နဲ့ အတူ ဆက်လက် တိုက်ပွဲဝင်ချင်နေတာကြောင့် ဒီကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ် ပွဲပေါင်း ၃၀ သာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်