ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ အတွက်လည်း နည်းပြ ရူဘင် အမော်ရင်က ခေါင်းညှိတ်ထားပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ နဲ့ ခရာဘောင်ဖလား ပွဲစဉ် နှစ်ပွဲဆက် ရက်ရှ်ဖို့ဒ်ကို လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။
ဒါ့အပြင် အမော်ရင်က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သတ်လို့ သူ့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့ပြီး သူသာ ကစားသမား နေရာမှာ ဆိုရင် အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခံရတဲ့ အတွက် ဆိုရှယ်မီဒီယာမှာ တုံ့ပြန်မှာ မဟုတ်ပဲ မန်နေဂျာနဲ့သာ စကားပြောမှာ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နာမည်ကျော် ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ ဟင်နရီ ဝင်းတားနဲ့ အင်တာဗျူးမှာ ‘စိန်ခေါ်မှု အသစ်တွေ အတွက် အဆင်သင့် ဖြစ်နေပြီ’ လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စလို့ စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းသွားခဲ့တဲ့ ကစားသမား ဖြစ်ပြီး မန်စီးတီး၊ စပါး တို့နဲ့ ပွဲစဉ် နှစ်ပွဲ ဆက်တိုက် လူစာရင်း ကနေ လုံးဝ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီပွဲ အပြီးမှာ ရူဘင် အာမော်ရင်က သူ့ အနေနဲ့ အသင်း အတွက် ကစားသမား ရွေးချယ်မှု ပြုလုပ်ရာမှာ အကဲဖြတ်မှုတွေကို စွမ်းဆောင်ရည်ပိုင်းမှာ သာမကပဲ အစားအသောက် ပုံစံ၊ အသင်း လေ့ကျင့်ရေးကွင်းကို လာရောက်တဲ့ ဝတ်စား ဆင်ယင်ပုံ၊ အသင်းဖော်တွေနဲ့ ဆက်ဆံရေး အခြေအနေ၊ အသင်းဖော်တွေကို တွန်းအားပေးနိုင်မှု စတဲ့ အချက်တွေ အပေါ် မှာပါ အကဲဖြတ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမော်ရင်က မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်လို့ သူကိုယ်တိုင်လည်း ကစားသမား ဘဝက ရက်ရှ်ဖို့ဒ် လိုမျိုး အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ဖူးကြောင်း ပြောဆိုခဲ့ပါတယ်။ အမော်ရင်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ဘယ်လန်နိစ်၊ ဘရာဂါ၊ ဘင်ဖီကာ၊ အယ်လ်ဝါရာ၊ ပေါ်တူဂီ လက်ရွေးစင် အသင်း တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။ အမော်ရင်က “ကျွန်တော် ဆိုရင်တော့ အသင်း မန်နေဂျာ နဲ့ပဲ စကားပြောမှာပါ။ ဘာဆက်လုပ်ရမလဲ ဆိုတာကို ကျွန်တော် နည်းနည်းတော့ ရှင်းပြရခက်ပါတယ်။ ကျွန်တော် ဒီကိစ္စ အတွက် စိတ်ခံစားမှုတော့ နည်းနည်း ရှိနေပါတယ်။ အခု လောလောဆယ်တော့ ကျွန်တော် လာမယ့် ပွဲအတွက် ပြင်ဆင်ဖို့ ရှိနေပြီး ပြီးမှ စောင့်ကြည့်တာပေါ့။ ကျွန်တော့် အတွက် ကစားသမားတစ်ဦးချင်း ကိစ္စထက် အသင်း ကိစ္စက ပိုပြီး အရေးကြီးပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံး မှာတော့ အမော်ရင်က ရက်ရှ်ဖို့ဒ်ရဲ့ ကိစ္စနဲ့ ပတ်သတ်လို့ “ကျွန်တော်က ဒါက အရေးကြီးပါတယ်လို့ ပြောရင် သတင်းစာတွေ အတွက် ခေါင်းစည်း ဖြစ်သွားပြီး အရေးမကြီးပါဘူးလို့ ပြောရင် ကျွန်တော့် အဆင့်က နိမ့်ကျသွားမှာပါ။ အခုအချိန်မှာ ပြောဖို့ ခက်နေပါသေးတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ အသက် ၇ နှစ်မှာ ကတည်းက ပရီးမီးယားလိဂ် ကလပ် ကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.