နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ရဲ့ ရေရှည် ရည်မှန်းချက်က ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ သူတို့ အသင်းရဲ့ ရေရှည် ရည်မှန်းချက်က ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ စပါးကို ၄-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ ဆုဖလား တစ်လုံး လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အားစိုက်ခဲ့ကြပေမယ့် ဂိုးသမားတွေရဲ့ အမှား ကိုယ်စီကြောင့် မလိုအပ်ပဲ အပြန်အလှန် ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစားလဲလှယ်မှု အပိုင်းမှာ အနည်းငယ် အမှားအယွင်းတွေ ရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်။ စပါးလို တိုက်စစ်ကောင်းတဲ့ အသင်းမျိုးနဲ့ တွေ့ဆုံချိန် လင်ဒီလော့ဖ် ဒဏ်ရာရသွားတဲ့နောက် မက်ဂွိုင်းယားကို မသုံးပဲ အီဗန့်စ်ကို ထည့်ခဲ့တာက အန္တရာယ်ကို လက်ယက် ခေါ်ခဲ့သလိုပါပဲ။ အဓိက ကတော့ ဒီပွဲမှာ ဂိုးသမား ဘေရင်ဒီယာရဲ့ လက်စွမ်းက မေးခွန်းထုတ်စရာ ရှိခဲ့ပြီး အိုနာနာကို အနားပေးခဲ့တာက ရှုံးပွဲ တွေ့သွားစေတဲ့ အချက်တစ်ချက်လို့ပဲ ဆိုရပါမယ်။

လက်ရှိရာသီ မှာတော့ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
စပါးကို ဒီရာသီ တွေ့ဆုံမှု နှစ်ကြိမ်စလုံး ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ အမော်ရင်က သူတို့ အသင်းရဲ့ ရေရှည် ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောဆိုလာခဲ့ပြီး ပိုပြီး မြင့်မားတဲ့ ဆုဖလားတွေ ရယူဖို့ အာရုံစိုက်နေကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်က အခုလို ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခြင်းက ကလပ်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေတာ ဖြစ်ပါတယ်။

ရူဘင် အမော်ရင်က Sky Sports နဲ့ ပွဲပြီး အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ဒုတိယပိုင်း အစမှာ ကျွန်တော်တို့ ကစားပုံ ချိတ်ဆက်မှု ပြတ်တောက်ခဲ့ပါတယ်။ ဒါက ခက်ခဲသွားစေခဲ့ပါတယ်။ ပွဲအစဆုံး ပြန်ကြည့်ရင် ကျွန်တော် တို့က အကောင်းဆုံး အသင်း ဖြစ်ခဲ့ပေမယ့် သူတို့က လက်တွေ့ကျပြီး အဆုံးသတ် ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးတွေ ဦးဆောင်ခံနေရတာ ကနေ တိုက်ပွဲဝင်နိုင်ခဲ့တာက ကျွန်တော့် အတွက် တကယ်ကို အရေးပါပါတယ်။” လို့ အမော်ရင်က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး“ကျွန်တော်တို့ တစ်ညလောက်တော့ အချိန်ယူ စဉ်းစားရပါမယ်။ မနက်ဖြန် မှာတော့ ဒီဂိမ်း ကနေ ကျွန်တော်တို့ ကောင်းတာတွေ အများကြီး ပြန်ပြီး ရပါလိမ့်မယ်။ ကျွန်တော် တို့ဟာ အခုလို ပြိုင်ပွဲမှာ အနိုင်ရလိုက်တာနဲ့ အရာအားလုံးကို အဆင်ပြေစေမယ်လို့ တွေးလို့ မရဘူး။ အချိန် အရမ်းကြာပါလိမ့်မယ်။ ကျွန်တော် တို့က တိုးတက်နေပါတယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ပါ။ အချိန် ဘယ်လောက် ကြာမယ် ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။”လို့ ဆိုခဲ့ပါတယ်။ လက်ရှိရာသီ မှာတော့ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်