ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းရဲ့ တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို အသင်းသစ် ရှာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမော်ရင်က သူ့အနေနဲ့ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ကစားသမားတွေကို အသိပေးထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီအကြောင်းကို The Athletic က ဖော်ပြခဲ့တာ ဖြစ်ပြီး ရူဘင် အမော်ရင် အနေနဲ့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ သေချာပေါက် ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အမော်ရင်က အသင်းရဲ့ အကြီးအကဲတွေ အနေနဲ့ သူဟာ အသင်း အတွက် တိုးတက်အောင် မလုပ်ဆောင်နိုင်တဲ့သူလို့ ယူဆရင် လျော်ကြေး လုံးဝ မယူဘဲ အသင်း ကနေ ထွက်ခွာပေးသွားမယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ နည်းပြ ရာထူး ကနေ နှုတ်ထွက်ဖို့ အစီအစဉ်မရှိကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

ဆက်စပ် သတင်းတွေအရ ဆိုရင် အမော်ရင် အနေနဲ့ အလက်ဟန်ဒရို ဂါနာချိုကို အသင်းသစ် ရှာဖွေဖို့ အတွက် ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ အာဂျင်တီးနား တောင်ပံ ကစားသမား အနေနဲ့ စပါး အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အချိန်အကန့်အသတ်နဲ့သာ ပါဝင် ကစားခွင့်ရခဲ့တဲ့ အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မှာကတည်းက ယူနိုက်တက်နဲ့ အနာဂတ် မသေချာတော့ကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့သူပါ။ ဒါ့အပြင် ဂါနာချိုက လွန်ခဲ့တဲ့ ၆ လ ကတည်းက နာပိုလီ၊ အက်တလက်တီကိုမက်ဒရစ်၊ ချဲလ်ဆီး စတဲ့ အသင်းတွေနဲ့ ကောလာဟလတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေနဲ့ အညီ ဖြေရှင်းနိုင်ဖို့ အတွက် ဂါနာချိုနဲ့ မိန်းနူး တို့ကို အသင်းကနေ ရောင်းထုတ်သွားမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင်နဲ့ ဂါနာချို တို့ရဲ့ ဆက်ဆံရေး ကလည်း မကြာခဏ ဆိုသလို အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် သတင်းတွေကို ပိုပြီး ခိုင်မာနေစေခဲ့ပါတယ်။ ဂါနာချိုဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ ပိတ်ပွဲ မှာလည်း ဂိုးသမား အန်ဒရေ အိုနာနာနဲ့ အတူ ပွဲထွက်လူစာရင်းမှာ လုံးဝ ပါဝင်လာခဲ့ခြင်း မရှိတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဂါနာချို ကတော့ ၂၀၂၀ ခုနှစ်မှာ အက်တလက်တီကိုမက်ဒရစ် ကနေ ယူနိုက်တက်ရဲ့ အကယ်ဒမီကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသင်း အတွက် ပြိုင်ပွဲစုံ ၁၄၄ ပွဲ ပါဝင် ကစားကာ ၂၆ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဂါနာချို ကိုတော့ ဒီရာသီ စီးရီးအေ ချန်ပီယံ နာပိုလီက စိတ်ဝင်စားနေဆဲ ဖြစ်ပြီး နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် သူ့ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ကြောင်း သုံးသပ်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.