နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတာလင်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၀ – ၁ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးတို့ အဝေးကွင်းမှာ ရာဟင်မ်စတာလင် ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အာဆင်နယ်ကို အနိုင်ရသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲဆက် နိုင်ပွဲရသွားခဲ့ပြီး အာဆင်နယ်ကတော့ ဒီရာသီအတွက် ပဉ္စမမြောက် အိမ်ကွင်း ရှုံးပွဲ တွေ့သွားခဲ့ပါတယ်။

အိမ်ရှင် အာဆင်နယ် အသင်းဘက်မှာတော့ တိုက်စစ်က ပီရာအန်းမရစ်ခ် အော်ဘာမီယန်း ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ အိုဒီဂတ်၊ နီကိုလာပေပေ၊ ဆာကာ၊ ရှာကာ၊ အယ်နီနီ၊ နောက်တန်းမှာ တီယာနီ၊ ပါဘလိုမာရီ၊ ဟိုးဒင်း၊ ဘယ်လာရင်၊ ဘန်လန်နိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ချက်စတာစီးတီး ဘက်မှာတော့ စတာလင်၊ ဒီဘရိုင်း၊ မားရက်ဇ်၊ ဂွန်ဒိုအမ်၊ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ ဇင်ချန်ကို၊ ရူဘင်ဒီးရာ့ဇ်၊ ဂျွန်စတုန်းစ်၊ ဂျာအို ကန်ဆယ်လို၊ အီဒါဆင်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲစတာနဲ့ မန်ချက်စတာစီးတီးတို့ အာဆင်နယ်ကို အသာရဖို့ အတွက် တစ်ဖက်သတ် ဖိအားပေး ကစားလာခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာတင် မားရက်ဇ်ရဲ့ ပံ့ပိုးပေးမှုက တစ်ဆင့် စတာလင်က အပိုင်ခေါင်းတိုက်ပြီး သွင်းဂိုး ရယူပေးခဲ့ပါတယ်။ လက်ကျန် ပွဲကစားချိန်တွေမှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်ရရှိဖို့ အတွက် အားစိုက် ကစားလာခဲ့ပေမယ့် မန်ချက်စတာစီးတီးရဲ့ လွှမ်းမိုးမှုကို ပြန်မလှန်နိုင်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ရူဘင်ဒီးရာ့ဇ်၊ ဂျွန်စတုန်းစ် တို့ရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ်တို့ရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲအပြီးမှာတော့ စတာလင်ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်ချက်စတာစီးတီးတို့ အနိုင်ရဖို့ လုံလောက်ခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ၁၈ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီးတို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ၁၀ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ်ကတော့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်တို့ အခုပွဲမှာ အကောင်းဆုံးပုံစံ တစ်ခု ထပ်မံပျောက်ဆုံးခဲ့ပြန်ပြီး မန်ချက်စတာစီးတီးကတော့ ဘယ်လို ကစားရင် အနိုင်ရမယ်ဆိုတာ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့လို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ချက်စတာစီးတီး နောက်တန်းက ရူဘင်ဒီးရာ့ဇ်နဲ့ ဂျွန်စတုန်းစ်တို့ရဲ့ စွမ်းဆောင်ရည် တော်တော်လေး ထွက်ခဲ့ပြီး မန်ချက်စတာစီးတီးတို့ နိုင်ပွဲရဖို့ အခရာကျခဲ့တယ်လို့ပဲ ဆိုရပါမယ်။ မန်ချက်စတာစီးတီးတို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ၁၀ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ်ကတော့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဘင်ဖီကာနဲ့  ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ကစားဖို့ ရှိနေပြီး မန်ချက်စတာစီးတီးကတော့ မိုချင်ဂလတ်ဘတ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်