နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်းနိုင်ပွဲရှာဖွေမယ့် လက်စတာစီးတီးကို အာပေးကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် – လက်စတာစီးတီး

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ည ၉နာရီ ၃၀ မိနစ် အချိန်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ လက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားဖို့ရှိပြီး အစဉ်အလာအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ SBOTOP ပရီမီးယားလိဂ် ပရိသတ်တွေ အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲ တွေ့ထားပြီး နှစ်ပွဲပေါင်း ပေးဂိုး ၁၀ ဂိုးအထိ ရှိထားခဲ့ပါတယ်။ ပဲလေ့စ်တို့ အနေနဲ့ လစ်ဗာပူးလ်ကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာက လက်ခံလို့ရပေမယ့် အက်စတွန်ဗီလာ ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့ပြီး ပေးဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ကတော့ ရွိုင်းဟော့ဆန်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အာနည်းချက် ဘယ်လောက်အထိ ရှိနေတယ်ဆိုတာ ပြသနေပါတယ်။ လက်ရှိ ခရစ္စတယ်ပဲလေ့စ်မှာ ဇာဟာ၊ ဘန်တီကီ၊ အီဇီ၊ မီလီဗိုဂျီဗစ်၊ တောင်ဆန်၊ ဗန်အန်းဟော့တ်၊ ဘတ်ရှူဝါရီတို့လို ကစားသမားကောင်း တွေရှိနေပေမယ့် ရွိုင်းဟော့ဆန် ရဲ့ နည်းစပိုင်း ချဉ်းကပ်ပုံ မှားယွင်းမှုတွေကြောင့် နိုင်ပွဲပျောက်ဆုံးနေခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ပွဲ မှာ ဝက်စ်ဘရွန်းတစ်သင်းတည်းကို ၁-၅ နဲ့ အနိုင်ရထားပြီး တော့တင်ဟမ်ဟော့စပါးနဲ့သရေ၊ ဝက်စ်ဟမ်းနဲ့ သရေ၊ လစ်ဗာပူးလ်ကို ၇ ဂိုးပြတ်၊ အက်စတွန်ဗီလာကကို ၃ ဂိုးပြတ်တွေနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲကစား၊ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၇ ပွဲရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၇ ပွဲကစားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးထားပါ တယ်။

 
လက်စတာစီးတီးကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်ဂိုးတွေ အရင်ပေးခဲ့ရပြီး နောက်ကနေ လိုက်ကစားကာ ၂ ဂိုးစီ သရေကျခဲ့လို့ သရေ ၁ မှတ်ရရှိထားပါတယ်။ အဓိက ပြိုင်ဘက် အဲဗာတန်ကတော့ ရှက်ဖီးလ်ယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ဆင်းပေးထားရပါ တယ်။ လက်စတာစီးတီးတို့ လက်ရှိအချိန်ထိ ၁၅ ပွဲကစား၊ ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံးပြီး ရမှတ် ၂၈ မှတ်အထိ စုဆောင်းထားနိုင်တာ တွေ့ရပါတယ်။ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကောင်းနေတဲ့ လက်စတာစီးတီးတို့ ၇ ပွဲ ကစားထားခဲ့ရာမှာ ၆ ပွဲအထိ အနိုင်ရပြီး လစ်ဗာပူးလ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၁ ပွဲသာရှုံးနိမ့်ထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ အခုပွဲမှာတော့ လက်စတာစီးတီး တိုက်စစ်က ဂျေမီဗာဒီကို အဓိကထား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရစ္စတယ်ပဲလေ့စ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲ တွေ့ထားပြီး နှစ်ပွဲပေါင်း ပေးဂိုး ၁၀ ဂိုးအထိ ရှိထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် ၇၃ ကြိမ်မှာ လက်စတာစီးတီးက ၂၈ ကြိမ် အနိုင်ရပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ ၂၇ ကြိမ် အနိုင်ရထားလို့ ကစားတဲ့ အချိန်တိုင်းမှာ ပြိုင်ဆိုင်မှု ဘယ်လောက်ထိ ပြင်းထန်ခဲ့တယ် ဆိုတာ သိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ လက်စတာစီးတီးက ၃-၀၊ ၂-၀ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ္စတယ်ပဲလေ့စ် vs လက်စတာစီးတီး အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၀၆ ဆ
ဒီဇင်ဘာလ၂၈ ရက်, ည ၉:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၆၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၆ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၅ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင် လက်စတာစီးတီးကို ခရစ္စတယ်ပဲလေ့စ်တို့ အိမ်ကွင်းမှာ ယှဉ်ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လက်စတာတို့ ကစားအား ဘယ်လောက်အထိ ကောင်းသလဲဆိုတာ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။ အဝေးကွင်းမှာ လာကစားတဲ့ လက်စတာ တို့အနိုင် ၃ မှတ် အပြည့်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်