နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်း‌အရွှေ့ဈေးကွက်ကို ခြေလှမ်းသွက်သွက်နဲ့စလာတဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းများ

ပရီးမီးယားလိဂ် အပါအ၀င် ဥရောပအမှတ်ပေးပြိုင်ပွဲတော်တော်များပြီးဆုံးခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်၊ယူရိုပါလိဂ်တို့ဟာလည်း မကြာခင်မှာ ကျင်းပပြီးစီးဖို့ရှိနေပါတယ်။လက်ရှိမှာ အသင်းတော်တော်များများဟာ လာမယ့်ဘောလုံးရာသီမှာ အင်အားတောင့်တင်းဖို့အတွက် ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်ဖို့ ခြေလှမ်းပြင်နေကြပြီဖြစ်ပါတယ်။နှစ်စဉ် ကစားသမားသစ်ခေါ်ယူဖို့အတွက် ငွေအလုံးအရင်းသုံးစွဲလေ့ရှိတာကတော့ ပရီးမီးယားလိဂ်ဖြစ်ပါတယ်။နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင်တော့ အာဆင်နယ်၊မန်ချက်စတာယူနိုက်တက်၊လစ်ဗာပူးလ်တို့ ၃သင်းဟာ ‌ခြေလှမ်းသွက်သွက်နဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ပြင်ဆင်နေကြပါတယ်။

ဂျေဒန်ဆန်ချိုကို ပရီးမီးယားလိဂ်ဆီ ခေါ်ယူနိုင်ခဲ့ပြီလို့လည်း သတင်းတွေထွက်နေပါတယ်။
ဆန်ချိုအတွက် ပေါင်သန်း၁၀၀‌နီးပါး အသုံးပြုရဖို့ရှိနေတဲ့ မန်ယူနိုက်တက်

အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ အသက် ၃၂နှစ်အရွယ် ခရိုအေးရှားကွင်းလယ်ကစားသမား အိုင်ဗန်ရာကီတစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပြီး ကစားသမားဘက်ကလည်း ပရီးမီးယားလိဂ်ကလပ်ဆီကို ပြောင်းရွှေ့ဖို့အတွက် စိတ်၀င်စားနေတယ်လို့သိရပါတယ်။‌နည်းပြအာတေးတားအနေနဲ့ ဆီဗီလာအသင်းရဲ့ ဗဟိုခံစစ်မှူး ဒီယေဂိုကားလို့စ်ကို ခေါ်ယူချင်နေပါတယ်။အသက် ၂၇နှစ်အရွယ် ဘရာဇီးလ်သားအတွက် တန်ကြေးတစ်ရပ်နဲ့ကမ်းလှမ်းသွားဖို့ ရှိနေတဲ့အပြင် အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်တဲ့ အီဒူးဟာလည်း ဘရာဇီးလ်သားတွေနဲ့ ပနံသင့်နေလို့ အ‌လားအလာကောင်းနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။နောက်ပြီးတော့ အက်ဖ်အေဖလားချန်ပီယံ တို့အနေနဲ့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂါဘွန်းတိုက်စစ်မှူး အော်ဘာမီယန်ကို တစ်ပတ်လုပ်ခပေါင် ၂၅၀၀၀၀ တန်ကြေးရှိတဲ့ လုပ်ခလစာနဲ့ သုံးနှစ်စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေတယ် လို့လည်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရိုးမားအသင်းကို အငှားချထားတဲ့ ခရစ်စမောလင်းကို အသင်းထံပြန်ခေါ်ရဖို့ရှိနေပါတယ်။ရိုးမားအနေနဲ့ စမောလင်းကို အပြီးသတ်ခေါ်ယူဖို့ သတ်မှတ်ထားတဲ့အချိန်ကို ကျော်လွန်နေပြီဖြစ်တာကြောင့် မန်ချက်စတာမြေကိုပဲပြန်ရဖို့ ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အသင်းဘက်ကတော့ အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယား နောက်ခံလူ ဆစ်ခရီနီးယားကို စမောလင်းနဲ့အလဲထပ် လုပ်ပြီး ခေါ်ယူဖို့ လိုလားနေပါတယ်။အမှုဆောင် အရာရှိချုပ် အက်ဒ်ဝုဒ်ဟာလည်း လက်ရှိမှာ လိုင်လီအသင်းက ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေပြီး လက်ရှိမှာ ဒေါ့မန်လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ပရီးမီးယားလိဂ်ဆီ ခေါ်ယူနိုင်ခဲ့ပြီလို့လည်း သတင်းတွေထွက်နေပါတယ်။လက်စတာစီးတီးအသင်းရဲ့ ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်ကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပြီး တစ်ချိန်ကအသင်းရဲ့ နာမည်ကြီး ဂိုးသမား ပီတာရှမိုက်ကယ်ရဲ့သား ဖြစ်သူကို လက်စွမ်းကျဆင်းနေတဲ့ ဒီဂေးဟားရဲ့နေရာမှာ အစားထိုးဖို့ဖြစ်နိုင်ပါတယ်။

 
ပရီးမီးယားလိဂ်ချန်ပီယံ လစ်ဗာပူးလ်အသင်းဟာလည်း သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် အင်အားဖြည့်တင်းမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ဘေယန်မြူးနစ်အသင်းရဲ့ ကစားသမား သီယာဂို အဲလ်ကန်တာရာ ကို ပီအက်စ်ဂျီနဲ့ အပြိုင်ကမ်းလှမ်းသွားဖို့ရှိနေတာပါ။တခြားနာမည်ကြီးကစားသမားတော်တော်များ ကို ပစ်မှတ်ထားနေပေမယ့် လက်ရှိအသင်း အင်အားတောင့်တင်းနေတာကြောင့် လာမယ့် ရာသီအတွက် ပြိုင်ဘက်တွေကို  အကောင်းဆုံးရင်ဆိုင်နိုင်မယ့်အခြေအနေမှာရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်