နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို အနိုင်ကစားပြီး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကနေ ရုန်းထွက်ခဲ့တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် ၃ – ၁ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ကွင်း အန်းမရိတ်စ်မှာ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၃-၁ ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့ပါတယ်။ အခုနိုင်ပွဲ ကြောင့် အာဆင်နယ်တို့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရှုံးပွဲဆက်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲထိ ရှုံးပွဲတွေ့ခဲ့ရပါတယ်။

အာဆင်နယ်တို့ အခုပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ် ၇ ပွဲဆက် ရှုံးပွဲဆက်ထားလို့ ခြေစွမ်းပိုကောင်းတဲ့ ချဲလ်ဆီး တို့ ကျိန်းသေပေါက် အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ အားလုံးထင်ထားတာနဲ့ တက်တက်စင်အောင် လွဲချော်ခဲ့ပါတယ်။ အာတေးတားအနေနဲ့ အခုပွဲမှာ မာတင်နယ်လီ၊ ဘာကာယိုဆာကာ၊ စမစ်ရိုးဝ်တို့လို လူငယ်ကစားသမားတွေနဲ့ လာကာဇက်၊ ရှာကာ၊ အယ်နီနီ၊ တီယာနီ၊ ပါဘလို မာရီ၊ ဘယ်လာရင်၊ ဟိုးလ်ဒင်း၊ လန်နိုတို့လို အတွေ့အကြုံရှိ ကစားသမားတွေကို တွဲဖက်ပြီး ပွဲထွက်စေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ တိုက်စစ်မှာ ဂိုးမြူးနေတဲ့ တမ်မီ အေဗရာဟမ်နဲ့ တီမိုဝါနာ၊ ပူလီဆစ်၊ ကွင်းလယ်မှာ မေဆင်မောင့်၊ ကန်တေး၊ ကိုဗာချစ်၊ နောက်တန်းမှာ ဘန်ချေးလ်ဝဲလ်၊ သီယာဂိုဆေးလ်ဗား၊ ဇူးမား၊ ရိစ်ဂျိမ်းစ်၊ ဂိုးမှာ မန်ဒီတို့ကို ပထမလူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ ပွဲအစမှာ ဧည့်သည် ချဲလ်ဆီးတို့ အနည်းငယ် ခြေစွမ်းသာသယောင် ရှိခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ အာဆင်နယ်ရဲ့ ကစားကွက်အောက်မှာ ဂိုးပေါက် ခြိမ်းခြောက်မှုတောင် အသေအချာ မပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ်ရဲ့ လူငယ်ကစားသမားတွေ အနေနဲ့ ဒီပွဲမှာ ချဲလ်ဆီးကို အကောင်းဆုံး ထိန်းချုပ် ကစားသွားခဲ့တာ တွေ့ရပြီး တန်ပြန်တိုက်စစ်က‌နေ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း အကောင်းဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး ရခဲ့ပြီး တီယာနီကြောင့် ရတဲ့ ပင်နယ်တီကို လာကာဇက်က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၄၄ မိနစ် မှာ ဂရန်းနစ်ရှာကာက ဖရီးကစ်ကနေ ဒုတိယဂိုးကို သွင်းယူပေးခဲ့လို့ အာဆင်နယ်တို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ကပဲ ထိရောက်တွေ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ စမစ်ရိုးဝ်ရဲ့ ပေးပို့မှုကနေ ဘာကာယိုဆာကာက ချဲလ်ဆီး ဂိုးသမား မန်ဒီကို လှလှပပ ကျော်ပြီး ဂိုးသွင်းယူသွားခဲ့လို့ အာဆင်နယ်တို့ တတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ ချေပဂိုးတွေ ပြန်ရဖို့အတွက် အာဆင်နယ်ဘက်ကို ဖိအားပေးကစားခဲ့ပေမယ့် အာဆင်နယ် နောက်တန်းကို မကျော်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ တောင်ပံက အိုဒွိုင်းရဲ့ ထိုးပေးမှုကနေ တမ်မီအေဗရာဟမ်ကပဲ ရင်ဘတ်နဲ့ တိုက်သွင်းခဲ့လို့ ချဲလ်ဆီးတို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပါတယ်။ အဲ့နောက်မှာလည်း ချဲလ်ဆီးတို့ပဲ တရစပ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာ ပင်နယ်တီရခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ကန်သွင်းမှုကို ဂိုးသမား ဘန်လန်နိုက ကာကွယ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အာဆင်နယ်တို့ ထိုက်တန်တဲ့ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကနေ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့လို့ နည်းပြ အာတေးတားလည်း ဖိအား လျော့သင့်သလောက် လျော့ကျသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကနေ အကောင်းဆုံး ရုန်းထွက်ပြနိုင်ခဲ့ လို့ နည်းပြ အာတေးတားလည်း ဖိအားလျော့သင့်သလောက် လျော့ကျသွားခဲ့ရပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ပြီး ကြည့်တဲ့ အခါမှာ ချဲလ်ဆီးတို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၁ ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၃ ကြိမ်ပဲ ရှိခဲ့လို့ အာဆင်နယ်ကို အဘက်ဘက်က မယှဉ်နိုင်ခဲ့ဘူးဆိုတာ သိသာပါတယ်။ အာဆင်နယ် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ကတော့ ၇ ကြိမ်အထိ ရှိခဲ့တာ တွေ့ရပြီး အရင်ပွဲတွေနဲ့ မတူတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အဓိက ခြေစွမ်းပြပြီး အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ ကစားသမားကတော့ ဘာကာယို ဆာကာ ပဲ ဖြစ်ပြီး နောက်ထပ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားကတော့ စမစ်ရိုးဝ် ဖြစ်ပါတယ်။ မာတင်နယ်လီရဲ့ ဘောလုံးလက်ခံတဲ့ ပုံစံ၊ ယုံကြည်ချက်ရှိမှု၊ တိကျတဲ့ဘောလုံးပေးပို့မှုတွေကလည်း အာဆင်နယ်ရဲ့ အနာဂတ်အတွက်  အားတက်စရာပါပဲ။ နောက်တန်းက ပါဘလိုမာရီကလည်း ချဲလ်ဆီး တိုက်စစ်က တမ်မီအမ်ဗရာဟမ်၊ ပူလီဆစ်နဲ့ တီမိုဝါနာတို့ကို  အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့တာ တော်တော်လေး အားရစရာ ကောင်းပါတယ်။ ချဲလ်ဆီးနဲ့ ပတ်သတ်ရင်တော့ များများစားစား သုံးသပ်စရာ မလိုပဲ ရှုံးထိုက်လို့ရှုံးခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဒီဇင်ဘာ ဘောက်ဆင်းဒေးမှာ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တဲ့ အာဆင်နယ်ကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တော်တော်လေး  တက်ကြွသွားတာ တွေ့ရပြီး လာမယ့်ပွဲစဉ်မှာလည်း ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေပါတယ်။ ချဲလ်ဆီးက တော့ အက်စတွန်ဗီလာနဲ့ ကစားရဖို့ရှိလို့ ပွဲကြပ်နေတယ်လို့ ပြောနိုင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်