နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် အားပြိုင်မှုတွေ နဲ့ အကြိတ်အနယ်ရှိလာဦးမယ့် ဟော့ဖန်ဟိမ်းနဲ့ ဒေါ့မန်တို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၄ ပွဲကြိုသုံးသပ်ချက်

ဟော့ဖန်ဟိမ်း vs ဒေါ့မန်

အခုတစ်ပတ် ဥရောပအမှတ်ပေးဖလားပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ပွဲစဉ်ကောင်းတွေ တော်တော်များများ ကို ကြည့်ရှုအားပေးရဖို့ရှိနေပြီး ဘွန်ဒက်စ်လီဂါ မှာလည်း ပွဲကောင်းတွေ ကစားဖို့ရှိနေပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈နာရီမှာတော့ ဒီရာသီမှာ ခြေစွမ်းထက်မြတ်နေတဲ့ ဟော့ဖန်ဟိမ်းနဲ့ ထိပ်သီး ဒေါ့မန်တို့ ယှဉ်ပြိုင် ကစားဖို့ရှိနေတာကြောင့် SBOTOP ပရိသတ်တွေ အနေနဲ့ စိတ်ကြိုက်ပွဲကောင်းတစ်ပွဲကို အားပေးကြရဦးမှာပါ။

ဟော့ဖန်ဟိမ်း ကတော့ ၂၀၂၀ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ပွဲ ကစားပြီးချိန်မှာ ၂ပွဲနိုင် ၁ပွဲရှုံးရမှတ် ၆မှတ်နဲ့ အဆင့် ၆နေရာမှာရပ်တည်နေပါတယ်။ ဟော့ဖန်ဟိမ်းတို့ အဖွင့်ပွဲစဉ်မှာ ကိုလုံးအသင်းကို အဝေးကွင်းမှာ ကရာမာရစ်ရဲ့ ဟက်ထရစ်နဲ့ အတူ ၂-၃နဲ့အနိုင်ရပြီး ဒုတိယပွဲစဉ်မှာလည်း ကရာမာရစ်ရဲ့ သွင်းဂိုး ၂ဂိုး အပါအ၀င် ၈နှစ်ဆက် ချန်ပီယံ ဘေယန်မြူးနစ် ကို ၄-၁နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ သာမန် ဘွန်ဒက်စ်လီဂါ နိုင်ပွဲတစ်ပွဲ ထက် ပိုခဲ့တယ် လို့ဆိုရမှာ ဖြစ်ပြီး ဘေယန်မြူးနစ် ဒုတိယအသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ ဆဘက်ရှန် ဟောနက်စ်က သမိုင်းဝင် နိုင်ပွဲ  တစ်ပွဲရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာတော့ ခြေစွမ်းမာကျောတဲ့ ဖရန့်ဖတ်နဲ့ တွေ့ဆုံခဲ့ပြီး အဝေးကွင်း ပွဲစဉ်အဖြစ်ကစားခဲ့ရပါတယ်။ ခြေစွမ်းပြနေတဲ့ ကရာမာရစ်က ၁၈မိနစ် မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ ပေမယ့် ဖရန့်ဖတ်ကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပေးခဲ့ရလို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ကရာမာရစ်ကတော့ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ၃ ပွဲကစားအပြီး သွင်းဂိုး ၆ဂိုး နဲ့ထိပ်ဆုံးက ရပ်တည် နေပါတယ်။ အသက် ၂၉နှစ်အရွယ် ခရိုအေးရှားတိုက်စစ်မှူး ကရာမာရစ် ကတော့ ဟော့ဖန်ဟိမ်း မှာ ပွဲပေါင်း ၁၄၀ ကစားထားပြီး ၇၃ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ဟာလန်းက ၄ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးထား
ဒေါ့မန်အတွက် ၂၆ပွဲကစားပြီး ၂၃ဂိုးသွင်းထားတဲ့ အာလင်းဘရွတ် ဟာလန်း

ဧည့်သည် ဒေါ့မန်ဟာလည်း ဟော့ဖန်ဟိမ်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာ နဲ့ ဘွန်ဒက်စ်လီဂါအဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ရာသီအဖွင့်ပွဲစဉ်မှာ မိုချင်ဂလတ်ဘက်ချ်နဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းမှာ ၃ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာတော့ အော့စ်ဘာဂ်ကို ၂ဂိုးပြတ်နဲ့ မထင်မှတ်ပဲရှုံးနိမ့်ခဲ့ရပါတယ်။ တတိယပွဲစဉ်မှာ တော့ ဖရိုင်းဘတ်ကို ၃ဂိုးပြတ်အနိုင်ရခဲ့လို့ ၃ပွဲကစားပြီးချိန်မှာ ဒေါ့မန်တို့ ရမှတ် ၆ မှတ်ရရှိထားတာပါ။ ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ်ပြီးရင် အကောင်းဆုံးအသင်းဖြစ်တဲ့ ဒေါ့မန်ဟာ ဂျာဂျင်ကလော့ပ်မရှိတဲ့ နောက် ပိုင်း အောင်မြင်မှု တွေနဲ့ ဝေးကွာနေတာ ကြာခဲ့ပါပြီ။ နှစ်စဉ် ဘေယန်မြူးနစ်ရဲ့အောက်မှာပဲ ရပ်တည်ခဲ့ရပြီး ၂၀၁၆-၁၇ ခုနှစ်က ဂျာမန် ပိုကယ်ဖလား ရရှိထားတာကလွဲရင် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲတိုင်းမှာ ဖျက်မြင်းအသင်း အဆင့်ထက် မပိုခဲ့ပါဘူး။ လက်ရှိ ဒေါ့မန်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့တုန်းက မန်ချက်စတာ ယူနိုက်တက်ဆီ လုံးဝအပါမခံခဲ့ တဲ့ ဂျေဒန်ဆန်ချို၊ နော်ဝေ ဂိုးသွင်းစက် အာလင်းဘရွတ်ဟာလန်း၊ ၁၇နှစ် ကျော် ကျော်ပဲရှိသေးတဲ့ အမေရိကန် ကြယ်ပွင့်ရေနာနဲ့ အဂ်လန်သားလေး ဂျူ့ဒ်ဘယ်လင်ဂမ် တို့ အပြင် မြူနီယာ၊ ချန်၊ ဟမ်းမဲလ်၊ ဂွာရဲရိုးတို့လို အတွေ့အကြုံရင့်ကစားသမားတွေ နဲ့ စုပေါင်းဖွဲ့စည်းထားတာတွေ့ရပါတယ်။ လူငယ် ကစားသမား တွေကို ပျိုးထောင်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဒေါ့မန်အသင်း အနေနဲ့ ဒီရာသီမှာလည်း လူငယ်ကစား သမားတွေရဲ့ အားနဲ့ တစ်ပွဲချင်း အကောင်းဆုံး ကျော်ဖြတ်နေတာ တွေ့ရပါတယ်။ ဂျေဒန်ဆန်ချို ဒဏ်ရာက ပြန်ပြီး သက်သာလာ တာ မကြာသေးပေမယ့် ရေနာနဲ့ ဟာလန်းရဲ့ စွမ်းဆောင်ရည်တွေကတော့ အသက်နဲ့ မလိုက်အောင် ကောင်းမွန်နေပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ဟာလန်းက ၄ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးထား သလို ရေနာ ကလည်း ၁ဂိုးသွင်းပြီး ၃ဂိုး ဖန်တီးပေးထားလို့ နည်းပြ လူစီယန် ဖက်ဘရီအတွက်တော့ အားရစရာ ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ နောက်ပိုင်း ဘွန်ဒက်စ်လီဂါတွေ့မှု အကြိမ် ၂၀ရှိထားပြီး ဟော့ဖန်ဟိမ်းက ၆ကြိမ်နိုင်၊ ၇ကြိမ်သရေကျပြီး ဒေါ့မန်က ၈ကြိမ် အနိုင်ရထားပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်း တွေ့ဆုံခဲ့တဲ့ ၅ကြိမ်စလုံးမှာ ဒေါ့မန်တို့ ဟော့ဖန်ဟိန်းကို အနိုင်ရခဲ့တာ တွေ့ရပြီး ၃ပွဲရှုံးပြီး ၂ပွဲ သရေကျထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှု အနေနဲ့ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးပွဲစဉ်မှာ ဟော့ဖန်ဟိမ်း တို့ ဒေါ့မန် အိမ်ကွင်းမှာ သွားရောက် ကစားခဲ့ပြီး ထူးထူးခြားခြားပဲ ကရာမာရစ်က တစ်ဦးတည်း ၄ဂိုး သွင်းယူထားပါ တယ်။ ဟော့ဖန်ဟိမ်းမှာ အဓိက ကစားသမားတွေ အကုန်လုံးနီးပါး ဒဏ်ရရပွဲပယ် ကင်းရှင်းနေပေမယ့် ဒေါ့မန်မှာ အာကန်ဂျီနဲ့ ရှမဲလ်ဇာ၊ သောဂန်ဟာဇက်တို့ ဒဏ်ရာကြောင့် ပွဲဝင်နိုင်မှာ မဟုတ်ပါဘူး။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
‌ဟော့ဖန်ဟိမ်း vs ဒေါ့မွန် 1X2 ဒေါ့မွန် @ 1.75
အောက်တိုဘာလ ၁၇ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၉၅ ဆ ကြေးဖွင့်ထားပြီး သရေအတွက် ၄.၂၀ဆ ကြေးဖွင့်ထားပါတယ်။ ဧည့်သည်အသင်းအတွက်ကတော့ ၁.၇၃ ဆကြေးဖွင့်ထားလို့ ဒေါ့မန်အသင်း ဘက်က နေတာ ပိုပြီး စိတ်ချရပါလိမ့်မယ်။ ကရာမာရစ် ဂိုးသွင်းခြေတွေ့နေတယ်ဆိုတာတွေ ပြီးခဲ့တဲ့ ရာသီက ဒေါ့မန်ကို တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့တယ်ဆိုတဲ့ အချက်တွေကို မေ့ထားပြီး အဝါရောင်အသင်းဘက်ကပဲ ရပ်တည်ထားတာ မမှားပါဘူး။ ဒေါ့မန်တို့ အနိုင်ရနိုင်ချေပိုများပြီး အပြန်အလှန်ဂိုးသွင်းရင်း အနည်းဆုံးတော့ သရေကစားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်