နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတိတ်ကို တမ်းတရုံမှတပါး မခမ်းနားတော့တဲ့ လာလီဂါဘီလူးတွေရဲ့ အလ်ကလက်ဆီကိုက တိတ်ဆိတ်လွန်းခဲ့ပါတယ်။

လူငယ်တွေကို ဦးစားပေးပြီး လူကြီးတွေရဲ့ ပံ့ပိုးမှုနဲ့ အတူ ၂၀၂၀ ခုနှစ်အတွက် လာလီဂါ အက်ကလက်ဆီကို ပထမအကျော့ ပွဲစဉ်ကတော့  ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ပဲ ပြီးဆုံးသွား ပြန်ပါပြီ။ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာနဲ့ ဘင်ဇီမာ၊ ဘေးလ်၊ ခရစ္စတီယာနိုတို့ ခေတ်ကလောက် သိပ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် မရှိတော့သလို ပရိသတ် ၉ သောင်းကျော်ဆံ့တဲ့ ကမ့်ပ်နူး ဟာလည်း အားပေးသံတွေ ကင်းမဲ့နေခဲ့လို့ ပိုပြီး ခြောက်ကပ်နေစေခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဆဲ ဆိုတာကတော့ ငြင်းလို့မရခဲ့ပါဘူး။ အနိုင် ၃မှတ် ဆိုတာထက် ပိုတဲ့ ကြိုးစားမှုတွေနဲ့ အတူ အလ်ကလက်ဆီကို ကိုတော့ အသက်သွင်း ထားနိုင်ဆဲ ဖြစ်ပါတယ်။ မနေ့ညက ပွဲစဉ်မှာတော့ ရီးရဲမက်ဒရစ်က ၁-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ၂၀၁၆ ခုနှစ် နောက်ပိုင်း ဘာစီလိုနာအိမ်ကွင်း ကမ့်ပ်နူးမှာ ပထမဦးဆုံးအကြိမ် မှာ နိုင်ပွဲပြန် ရှာတွေ့သွားခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ကြည့်ရင်လည်း ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ နောက်ဆုံးကစား ခဲ့တဲ့ အလ်ကလက်ဆီကို ၆ပွဲမှာ ၁ပွဲပဲ အနိုင်ရထားခဲ့ပါတယ်။

ပွဲစဉ်အကြောင်း အရင်ဆုံး အကျဉ်းချုံးပြောရမယ်ဆိုရင် ဒီပွဲမှာ လူငယ်နှစ်ဦးနဲ့ လူကြီးနှစ်ဦး ဂိုးသွင်းခဲ့ကြတယ်။ ရီးရဲမက်ဒရစ်က ပွဲချိန် ၅ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပြီး ၃မိနစ် အကြာမှာ ဘာစီလိုနာက ချေပဂိုး ပြန်သွင်းခဲ့တယ်။ ရီးရဲယ်မက်ဒရစ်အတွက် ဘန်ဇီမာရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် ဗယ်ဗာဒီက သွင်းယူပေးခဲ့တာ ဖြစ်သလို ဘာစီလိုနာ ရရှိခဲ့တဲ့ ဂိုးကတော့ မက်ဆီရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် အန်ဆုဖာတီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ဒုတိယပိုင်းထက် ပထမပိုင်းက ပိုပြီး အကြိတ်အနယ်ရှိခဲ့သလို အရင် အလ်ကလက်ဆီကိုတွေလိုပဲ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့တာ တွေ့ရမှာပါ။ ဒုတိယ ပိုင်း ၆၃ မိနစ်မှာ အသင်းခေါင်းဆောင် ရာမို့စ်ရဲ့ ပါးနပ်မှုကြောင့် ပင်နယ်တီရခဲ့ပြီးတော့ သူကိုယ်တိုင်ပဲ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့လို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ ပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာတော့ လူစားဝင်လာတဲ့ လူကာမိုဒရစ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ ဒုတိယမြောက် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ၁-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်လို့ သတိထားမိတဲ့ အချက် ၅ ချက်ကို ပြောရမယ်ဆိုရင်တော့
 
၅။  ကမ့်ပ်နူးရဲ့ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့ လွမ်းမောဖွယ် အလ်ကလက်ဆီကို ညနေခင်း
မနေ့ညက အလ်ကလက်ဆီကို ပွဲကို ကြည့်ခဲ့တဲ့ သူတွေအနေနဲ့ ခံစားချက်တွေ တော်တော်များများ တိုက်ဆိုင်ကြပါ လိမ့်မယ်။ အဲလ်ကလက်ဆီကိုဆိုတာ လာလီဂါ မှာရော၊ ကမ္ဘာပေါ်မှာပါအကောင်းဆုံး ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဘောလုံးပွဲတစ်ခုဆိုတာ အားလုံးသိကြပြီးသားပါ။ ဘာစီလိုနာ ကစားသမားတွေရော ရီးရဲယ်မက်ဒရစ် ကစားသမား တွေပါ အရှုံးဆိုတဲ့ အရသာကို ခါးခါးသီးသီး မုန်းကြတာမို့လို့ အနိုင်ရလဒ်ကို ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်နေပါစေ အရယူတတ်ကြတာပါ။ ဒါ့ကြောင့် တချို့အလ်ကလက်ဆီကို ပွဲတွေဆိုရင် တစ်ဖက်နဲ့ တစ်ဖက်ညစ်တဲ့ ပုံစံမျိုးတွေ ကြမ်းကြမ်းတမ်းတမ်း ကစားဟန်တွေ ကိုတောင် မြင်တွေ့ရလေ့ရှိပါတယ်။ မှတ်မှတ်ရရဆိုရင် မော်ရင်နဲ့ ဂွာဒီယိုလာ၊ ခရစ္စတီယာနိုရော်နယ်ဒို  နဲ့ မက်ဆီတို့ရဲ့ အားပြိုင်ပွဲတွေကို တော်ရုံမေ့လို့ရမှာ မဟုတ်ပါဘူး။ ဘာစီလိုနာရဲ့ MSN နဲ့ ရီးရဲယ်မက်ဒရစ် ရဲ့ BBC ကမ္ဘာကျော် တိုက်စစ်အတွဲတွေ အားပြိုင်မှု ပုံရိပ်တွေကတော့ နူးကမ့်ပ်နဲ့ ဘာနေဗျူးရဲ့ အတိတ်မှာပဲ ကျန်ရစ်နေခဲ့ပါပြီ။ ပထမဦးဆုံး ရော်နယ်ဒို ထွက်သွားပါတယ်။ ပြီးတော့ နေမာ၊ ဆွာရက်ဇ်၊ ဘေးလ် တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာသွားတဲ့ အလ်ကလက်ဆီကိုဟာ ကိုဗစ်ကပ်ဘေးကြောင့် ပထမဦးဆုံးအကြိမ် ကွင်းပိတ် ကျင်းပခဲ့ရတဲ့ ပရိသတ် ၉၈၀၀၀ ဆံ ကမ့်နူး ကြောင့်လည်း ပိုပြီး ခြောက်ကပ်နေခဲ့ပါတယ်။

လာလီဂါမှာ ၅ပွဲကစားပြီး ၄ဂိုးသွင်းယူထားတဲ့ ကစားသမားလေးကတော့ အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
လာလီဂါမှာ ၅ပွဲကစားပြီး လေးဂိုးသွင်းထားတဲ့ အန်ဆုဖာတီ

၄။ မျိုးဆက်အကူးအပြောင်းမှာ တောက်ပပြခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့်များ
ဘာစီလိုနာမှာ မှာ လူဟောင်းတွေဆိုလို့ မက်ဆီ၊ ဘူးစကွက်၊ ပီကေး နဲ့ ကော်တင်ဟိုတို့လောက်ပဲ ကျန်ပါတော့တယ်။  အန်ဆုဖာတီ၊ ပက်ဒရီ၊ ဖရန်ကီဒီယောင်၊ လန်းဂ်လတ်၊ ဒက်စ်၊ ထရင်ကာအို တို့လို လူငယ်တွေရဲ့ တောက်ပမှုဟာ  ခေတ်သစ် တည်ထောင်ဖို့ ကြိုးစားနေတဲ့ ရော်နယ်ကိုးမန်းအတွက်တော့ တကယ့်ကို အားရှိစေမှာပါ။ ဘာစီလိုနာတို့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့်လည်း ဘာစီလိုနာရဲ့ ကြယ်ပွင့်တွေက ရီးရဲမက်ဒရစ်ရဲ့ ကြယ်ပွင့်တွေထက် ပိုပြီး တောက်ပပြနိုင်ခဲ့တာကတော့ ငြင်းလို့မရပါဘူး။ ဖာတီကြောင့် ရီးရဲယ်မက်ဒရစ် ခံစစ်က ရာမို့စ်နဲ့ ဗာရန်းတို့တောင် တော်တော်လေး အလုပ်များခဲ့ရပါတယ်။ အသက် ၁၇နှစ်နဲ့ ၃၅၉ရက်ပဲ ရှိသေးတဲ့ အန်ဆုဖာတီ ကတော့ အလ်ကလက်ဆီကိုမှာ အသက်အငယ်ဆုံး ဂိုးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ လက်တလော လာလီဂါမှာ ၅ပွဲကစားပြီး ၄ဂိုးသွင်းယူထားတဲ့ ကစားသမားလေးကတော့ အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူငယ်တွေလောက်တောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ကော်တင်ဟို၊ ဂရစ်ဇ်မန်း တို့လို ကစားသမားတွေကိုတော့ ရော်နယ်ကိုးမန်း အနေနဲ့ ရောင်းထုတ်လိုက်သင့်ပါပြီ။
 
၃။ ရလဒ်ပိုင်းအနိုင်ရပေမယ့် နည်းစနစ်ပိုင်း ရှုံးခဲ့တဲ့ ဇီဒန်း

ပွဲရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ရီးရဲယ်မက်ဒရစ်တို့ ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုပေမယ့် နည်းစနစ်ပိုင်းအရတော့ ဇီဒန်း အရှုံးကြီး ရှုံးခဲ့တာ တွေ့ရပါတယ်။ အန်ဆုဖာတီ အနေနဲ့ ရာမို့စ်၊ ဗာရန်းတို့ကို အလုပ်ရှုပ်စေခဲ့ပေမယ့် ခြေစွမ်း ထက်မြတ် နေပါတယ်ဆိုတဲ့ ဗင်နီးဆီးယပ်စ် လည်း ဘာစီလိုနာခံစစ်ကို မကျော်နိုင်ခဲ့သလို ဂျော်ဒီအဲလ်ဘာ ဘက် အခြမ်းမှာ ကစားခဲ့တဲ့ မာကိုအက်ဆန်ဆီရို ၊ လူးကပ်စ် ဗက်စကွက်ဇ်တို့ရဲ့ ကစားပုံဟာလည်း အားရစရာမရှိခဲ့ပါဘူး။

 
၂။ ရီးရဲယ်မက်ဒရစ်အတွက် မရှိလို့မဖြစ်ဘူးဆိုတာ သက်သေပြနေဆဲ ဆာဂျီယိုရာမို့စ်
ရော်နယ်ဒို မရှိတဲ့နောက်မှာ ရီးရဲယ်မက်ဒရစ် ကစားအား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဂါရက်ဘေးလ်နဲ့ ဘင်ဇီမာ တို့ ကျန်ခဲ့ပေမယ့် အသင်းနဲ့ အဆင်မပြေတဲ့ ဘေးလ်လည်း မရှိတော့ပါဘူး။ အခု နောက်တန်းက အသင်း ခေါင်းဆောင် ရာမို့စ်ပါ မရှိတော့ရင်ဆိုတဲ့ အတွေးနဲ့တင် ရီးရဲယ်မက်ဒရစ် အတွက်ရင်လေးစရာပါ။ ဗာရန်းနဲ့ မီလီတောင်ကို ဗဟိုခံစစ် နေရာမှာ တွဲဖက်ပြီး အသုံးပြုခဲ့တဲ့ ဇီဒန်းရဲ့ အကြံအစည် အလုပ်မဖြစ်တဲ့ အပြင် မဟာ အမှားကြီးတစ်ခုပါ ဖြစ်ခဲ့ရတယ် ဆိုတာကို တန်းတက် ကာဒစ်နဲ့ ပွဲ၊ နောက်ပြီးတော့ ရှက်တာ ဒိုးညက်စ်နဲ့ ပွဲတွေက သက်သေပြထားခဲ့ပါပြီ။ ရီးရဲမက်ဒရစ်မှာ ရာမို့စ်မပါတဲ့ပွဲ ၈ပွဲမှာ ၇ပွဲ ရှုံးခဲ့တာကို ကြည့်ခြင်းအားဖြင့် အသင်း ခေါင်းဆောင် ပါခြင်းမပါခြင်းက အသင်းရဲ့ ရလဒ်ပိုင်းကို ဘယ်လောက်အထိ သက်ရောက် စေနိုင်သလဲဆိုတာ ရှက်တာဒိုးညက်စ် ပွဲနဲ့ အခု အလ်ကလက်ဆီကို တို့က နှိုင်းယှဉ်ပြသွား ခဲ့ပါတယ်။
 
၁။ မက်ဆီအတွက် နောက်ဆုံးဖြစ်သွားနိုင်တဲ့ ကမ့်ပ်နူး အလ်ကလက်ဆီကို
ဒီရာသီမစတင်ခင်က မက်ဆီရဲ့ အပြောင်းအရွှေ့ ကိစ္စကတော့ ဥရောပမှာတင်မကပဲ ကမ္ဘာ့ဘောလုံးလောကကိုပါ ရိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဘယ်လွန်ဒေါ ၆ ဆုရှင်ရဲ့ သစ္စာရှိမှုနဲ့ ကလပ်နဲ့ ကစားသမားကလွဲလို့ တခြားအပြင်လူ မသိနိုင်တဲ့ အကြောင်းအရာတွေက အာဂျင်တီးနားသားကို ကတ်တလန် ကလပ်မှာ ဆက်ပြီး မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ မျက်နှာမှာ အရင်လို အပြုးအရယ်တွေ မာန်ပါတဲ့ အောင်ပွဲခံမှုတွေ မရှိသလောက်ရှားသွားတာကို ကြည့်ခြင်းအားဖြင့် ၂၀၂၀ ကမ့်ပ်နူးက အလ်ကလက်ဆီကိုဟာ မက်ဆီအတွက် နောက်ဆုံး ဖြစ်သွားနိုင်ပါတယ်။ တကယ်တမ်း မက်ဆီအတွက် ကမ့်ပ်နူးက အလ်ကလက်ဆီကို နှုတ်ဆက်ပွဲဟာ လက်ခုပ်သံတွေနဲ့ ဆူညံနေသင့်တာပါ။ မက်ဆီလို ကစားသမားမျိုးဟာ အစဉ်အအဆက် ဘယ်သူနဲ့မှ မတူခဲ့တဲ့ အောင်မြင်မှုတွေကို ရယူပေးခဲ့ တာမို့လို့  ဘာစီလိုနာတို့ တခမ်းတနား နှုတ်ဆက်သင့်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်