နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါလ်ပေါ့ဘာ ပြန်လာပြီး ဆန်စီရိုမှာ နိုင်ပွဲရခဲ့တဲ့ ယူနိုက်တက် – ယူရိုပါလိဂ်ပွဲပြီးသုံးသပ်ချက်

အေစီမီလန် ၀ – ၁ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ ပေါလ်ပေါ့ဘာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်တို့ နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

 
ဒီနေ့ပွဲမှာ အိမ်ရှင် အေစီမီလန်တို့ ဂိုးမရှိ သရေကျရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်လို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပြီး တိုက်စစ်မှာ ရာဖေးလ် လီယောင်၊ မန်ဇူကစ်တို့ မပါဝင်နိုင်ခဲ့ပေမယ့် ကတ်စတယ်လီဂျို၊ ဆယ်လီမေကာ့စ်၊ ချဲလ်ဟနောဂလူ၊ ခရူနစ်၊ မိုက်တီ၊ ကတ်ဆီ၊ ကာလူလူ၊ ဆိုင်မွန်ချား၊ တွန်မိုရီ၊ ဟာနန်ဒက်ဇ်၊ ဒိုနာရမ်မာ တို့တော့ ပါဝင်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ တိုက်စစ်က ဂရင်းဝုဒ် ဦးဆောင်လာပြီး ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ ဒန်ဂျိမ်းစ်၊ ဖရက်ဒ်၊ မက်တော်မီနေး၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ ဝမ်ဘစ်ဆာခါ၊ ဒင်းဟန်ဒါဆန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမအကျော့က မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ အဝေးဂိုး တစ်ဂိုးပေးထားရလို့ ဒီနေ့ပွဲမှာတော့ တိုက်စစ်က ဂိုးရဖို့ အပြည့်အဝ အားထုတ်လာတာ တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံက စိတ်ဝင်စားဖို့ လုံးဝမကောင်းခဲ့ပေမယ့် ဒုတိယပိုင်း ပေါလ်ပေါ့ဘာ ဝင်လာပြီးနောက် တော်တော်လေး ကစားအားကောင်းသွားခဲ့တာ တွေ့ရပါတယ်။ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဘာ အတွဲအဖက်က ထိမိခဲ့ပြီး အေစီမီလန် နောက်တန်းကို အလုပ်ရှုပ်စေခဲ့တာပါ။ ပွဲချိန် ၄၉ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ဂိုးရသွားခဲ့ပြီး ပေါလ်ပေါ့ဘာကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒီယိုဂို ဒါးလော့တ်၊ အီဗရာဟီမိုဗစ်၊ ဘရာဟင်မ်ဒီးရာ့ဇ် တို့ ဝင်ရောက်လာခဲ့ပေမယ့် အေစီမီလန်တို့ ဆေးမမှီတော့ပဲ အရှုံးပေးခဲ့ရပါတယ်။

အေစီမီလန်တို့ကတော့မန်ချက်စတာယူနိုက်တက်နဲ့တွေ့ဆုံတိုင်းမှာစိတ်ပျက်စရာရလဒ်ထွက်ပေါ်ခဲ့ပြီးအခုတစ်ကြိမ်မှာလည်းကပ်ပြီးရှုံးနိမ့်ခဲ့တာဖြစ်လို့ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်နဲ့လွဲချော်ခဲ့ရပြန်ပါတယ်။
ဥရောပအောင်မြင်မှုတွေနဲ့ ဆက်ပြီးဝေးကွာခဲ့ရတဲ့ အေစီမီလန်

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် မြင်တွေ့ခဲ့ရပြီး တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် နောက်တစ်ဆင့်တက်ဖို့ လုံလောက်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်က ဒန်နီရယ် ဂျိမ်းစ် တစ်ဦးတည်း ခြေပျက်နေခဲ့ပြီး ကျန်ကစားသမားတွေရဲ့ အသင်းလိုက် ကစားပုံကတော့ အားရစရာ ကောင်းခဲ့ပါတယ်။ အေစီမီလန်တို့ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံတိုင်းမှာ စိတ်ပျက်စရာ ရလဒ်ထွက်ပေါ်ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း ကပ်ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်လို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်နဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ အခုနိုင်ပွဲကြောင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဂရန်နာဒါ အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန်တို့ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ အေစီမီလန်တို့ ကစားဖို့ ရှိပြီး လက်စတာစီးတီး ကတော့ လက်စတာစီးတီး အိမ်ကွင်း ကင်းပါဝါမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်