နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ဗျူဟာနဲ့ ဘယ်လ်ဂျီယံကို အလဲထိုးပြီး နေးရှင်းလိဂ် တတိယဆု အရယူခဲ့တဲ့ အီတလီ (ပွဲပြီးသုံးသပ်ချက်)

အီတလီ ၂ – ၁ ဘယ်လ်ဂျီယံ

ယူအီးအက်ဖ်အေ နေရှင်းလိဂ် ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲ ကတော့ ပရိသတ် အများစု ခန့်မှန်းထားတဲ့ အတိုင်း အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ တိုက်စစ် အစွမ်းပြကြရင်း ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးက အဓိက ကစားသမား အများစုကို ကြံ့ခိုင်မှု ပြဿနာ၊ ဒဏ်ရာ ပြဿနာ အကြောင်းပြပြီး ချန်လှပ် ထားခဲ့ကြတာ ကတော့ ပွဲရဲ့ အရသာ၊ ပွဲရဲ့ ပုံရိပ်ကို အနည်းငယ် လျော့ကျစေခဲ့ပါတယ်။ ဘယ်လ်ဂျီယံတို့ ဒီပွဲမှာလည်း အမှားတွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ များစွာနဲ့ အတူ အီတလီကို မယှဉ်နိုင်ဘဲ နေးရှင်းလိဂ် စတုထ္ထဆိုတဲ့ နေရာနဲ့ပဲ  ကျေနပ်ခဲ့ရပါတယ်။
 

ပွဲစဉ်အကျဉ်း

အဓိက ကစားသမား အများစု မပါဝင်ခဲ့တဲ့ ပွဲအရှိန် အနည်းငယ် လျော့ခဲ့တယ်လို့ ဆိုရမှာပါ။ ဘိုနျူချီ မပါနိုင်တဲ့ အီတလီ နောက်တန်းမှာ ချီလီနီလည်း မပါလာပါဘူး။ ပယ်လီဂရီနီ၊ ချီယေဇာ၊ ဘာရာဒီ၊ ဘာရယ်လာ၊ လိုကာတယ်လီ တို့ အစုအဖွဲ့က ဘတ်ရှုဝါရီ၊ ကာရက်စ်ကို၊ ဝစ်စ်ဆဲလ်၊ ဗာတွန်ဂမ်၊ အယ်ဒါဝီးလ်ရယ် တို့ထက် အနည်းငယ် ပိုကောင်း နေခဲ့ပါတယ်။ ပွဲအစပိုင်း ကတည်းက အီတလီရဲ့ တောင်ပံတစ်လျှောက် ထိုးဖောက်မှု၊ ချီယေဇာရဲ့ အဝေးကန်ချက်တွေက ဘယ်လ်ဂျီယံ နောက်တန်းကို အလုပ်ရှုပ်စေခဲ့ သလို ဂိုးသမား ကော့တိုးရစ် အတွက်လည်း အသည်းအသန် ကာကွယ်ရတဲ့ အခြေအနေတွေ အထိ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘတ်ရှုဝါရီရဲ့ အပိုင်ကန်ချက် အပါအဝင် ဂိုးကန်သွင်းမှု နှစ်ကြိမ်သာ ရရှိခဲ့တဲ့ ဘယ်လ်ဂျီယံရဲ့ ကစားပုံက သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး။ ဒုတိယပိုင်း ရောက်တဲ့ အခါကျမှ နှစ်သင်းလုံး ဂိုးရဖို့ အတွက် အားပြန်စိုက်ခဲ့လို့ ပွဲအစကတည်းက အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံတို့ အခွင့်အရေး ရတယ် ဆိုပေမယ့် ဂိုးရသွားတာက အီတလီ ဖြစ်နေခဲ့ပြီး ပွဲစစချင်း ၄၁မိနစ်မှာပဲ နီကိုလို ဘာရယ်လာ က ၁၈ ကိုက်စည်း ထိပ် ကနေ အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် ဘယ်လ်ဂျီယံတို့ ဂိုးပြန်ရဖို့ အားစိုက်လာပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၆၅ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် အီတလီကို ဒုတိယ ဦးဆောင်ဂိုး အဖြစ် ထပ်မံ ခွင့်ပြုပေးခဲ့ရတဲ့ အထိ အီတလီရဲ့ ဗျူဟာပိုင်း ကောင်းမွန်ခဲ့တာပါ။ အီတလီတို့ ၂ ဂိုး ရပြီးနောက် ရက်စ်ပါဒိုရီ၊ ဘာရယ်လာ၊ ပယ်လီဂရီနီတို့ နေရာမှာ မွိုက်စ်ကိန်း၊ ခရစ္စတန်တီ၊ ဂျော်ဂျင်ဟို တို့ကို ထည့်ပြီး ပွဲကို ထိန်းဖို့ ပြင်ဆင်ခဲ့တာက ဘယ်လ်ဂျီယံ အတွက် အခွင့်အရေး ဖြစ်သွားခဲ့ပါတယ်။ ဂိုးရလု နီးနီး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပေမယ့် တကယ်တမ်း ဘယ်လ်ဂျီယံတို့ ဂိုးရသွားတာက ပွဲချိန် ၈၆ မိနစ်ရောက်မှာပါ။ လူစားဝင် ကစားသမား ကီတာလယ်ရီက ချေပဂိုး ရယူပေးခဲ့ပေမယ့် လက်ကျန် ပွဲချိန်တွေမှာ အမှားအယွင်း မရှိအောင် ကစားနိုင်ခဲ့တဲ့ အီတလီတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရပြီး နေရှင်းလိဂ် တတိယနေရာကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတို့ ဒီပွဲမှာလည်း အမှားတွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ များစွာနဲ့ အတူ အီတလီကို မယှဉ်နိုင်ဘဲ နေးရှင်းလိဂ် စတုထ္ထဆိုတဲ့ နေရာနဲ့ပဲ  ကျေနပ်ခဲ့ရပါတယ်။
နည်းဗျူဟာပိုင်းမှာ မန်ချီနီကို မယှဉ်နိုင်ခဲ့လို့ အီတလီကို အရှံးပေးခဲ့ရတဲ့ ဘယ်လ်ဂျီယံ

 

ပွဲပြီးသုံးသပ်ချက်

တကယ်တမ်း ရင်ဆိုင် ကစားကြတဲ့အခါ နည်းပြ နှစ်ဦးရဲ့ နည်းဗျူဟာတွေက နိုင်ပွဲတစ်ပွဲဆီကို ချဉ်းကပ်တဲ့ နေရာမှာ တော်တော်လေးကို အရေးပါခဲ့တာ တွေ့ရပါတယ်။ နှစ်ဖက်လုံး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားလို့ နည်းပြက အဓိက အက္ခရာလို့ ဆိုတဲ့အတိုင်း လူကာကူ၊ ဟာဇက်မပါတဲ့ ဘယ်လ်ဂျီယံကို ဘိုနျူချီ၊ ချီလီနီ မပါတဲ့ အီတလီတို့ အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့တယ်။ ကွင်းလယ် စုဖွဲ့မှုပိုင်းအရ ဘယ်လ်ဂျီယံတို့ အသာရခဲ့တယ် ဆိုပေမယ့် ပွဲထွက် လူစာရင်း အရ ဂိုးရဖို့ အတွက် ကာရက်စ်ကို တစ်ဦးတည်းကိုပဲ မျှော်လင့်နိုင်တဲ့ အခြေအနေဖြစ် နေခဲ့တယ်။ တိုက်စစ်မှူး ဘတ်ရှုဝါရီ ဆီက ဂိုးရဖို့ အနည်းငယ်သာ မျှော်လင့်နိုင်တဲ့ အချိန် ကွင်းလယ်မှာ မာမာထန်ထန် ကစားတတ်တဲ့ တီလီမန်စ်ကို လိုကာတယ်လီက ကြံ့ခိုင်မှု အသားပေး ကစားတဲ့အခါ ဘယ်လ်ဂျီယံ ကွင်းလယ် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါ။ အဓိကကတော့ ဗာရာတီမပါတဲ့ ကွင်းလယ်ကို ဘာရယ်လာ၊ လိုကာတယ်လီတို့နဲ့ ဖိကစားစေခဲ့တဲ့ အီတလီ နည်းပြ မန်စီနီရဲ့ ဗျူဟာပိုင်း အလုပ်ဖြစ်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ဘောလုံး ပိုင်ဆိုင်မှု အပိုင်းမှာ ဘယ်လ်ဂျီယံတို့ တစ်ဖက်သတ် အသာရတယ် ဆိုပေမယ့်  အဆုံးအဖြတ် ဂိုးတွေ ရယူနိုင်တဲ့ အပိုင်းမှာတော့ အီတလီကို မယှဉ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ၂-၁ ဂိုး ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီပွဲက နှစ်ဖက် ကစားသမားတွေ ဆိုတာထက် နည်းပြ နှစ်ဦးရဲ့ အတွေ့အကြုံ၊ ဗျူဟာတွေ အားပြိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

အီတလီ အနေနဲ့ လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ ဆွစ်ဇာလန်ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စုပွဲစဉ် အဖြစ် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘယ်လ်ဂျီယံ အနေနဲ့ကလည်း အက်စ်တိုးနီးယားကို အိမ်ကွင်းမှာ လက်ခံ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်