နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်အရေးတွေဖြုန်းတီးခဲ့လို့ စီးရီးအေ အဝေးကွင်းနိုင်ပွဲပျောက်နေဆဲ နာပိုလီ

Inter Milan 2-0 Napoli

ယနေ့မ‌နက်အစောပိုင်းက ကစားသွားခဲ့တဲ့ အင်တာမီလန်နဲ့ နာပိုလီပွဲလေးကတော့ SBOTOP ရဲ့ စီးရီးအေ ပရိသတ်တွေအတွက် ကျေနပ်ပျော်ရွှင်မှုရခဲ့ကြမယ်လို့ထင်ပါတယ်။အန်ဘရိုစီရို၊မာတီးနက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ အင်တာမီလန်က‌တော့ စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာပြန်ရောက်လာပြီးတော့ ရှုံးနိမ့်သွားခဲ့တဲ့ နာပိုလီကတော့ လာမယ့်ရာသီယူရိုပါလိဂ်ကန်ရမယ့် အခွင့်အရေးမှေးမှိန်သွားခဲ့ပါတယ်။

 

အထင်ကရအချက်အလက်

လာဇီယိုနဲ့ကစားရမယ့် စီးရီးအေနောက်ဆုံးပွဲစဉ်ကလည်း ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။
နောက်ဆုံး အဝေးကွင်း ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ နာပိုလီ

ယူရိုပါလိဂ်၀င်ခွင့်အတွက် အဓိက ယှဉ်ပြိုင်နေရတဲ့ အေစီမီလန်အသင်းကို ဖိအားပေးနိုင်ဖို့ နာပိုလီတို့ အခုပွဲမှာလည်း ပွဲချိန်ပြည့် ရုန်းကန်သွားပေမယ့် အပိုင်အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချသွားနိုင်တဲ့ အင်တာတို့ပဲ ဂိုးပြတ်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။နာပိုလီနည်းပြ ဂတ်တူဆိုအတွက်လည်း နည်းပြဘ၀ရောက်ရှိချိန်ကတည်း အင်တာမီလန်ကို အနိုင်မရခဲ့တဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်လာပါတယ်။နာပိုလီတို့ ရမှတ်လိုအပ်ချက်အတွက် ပွဲစကတည်းက တိုက်စစ်ဖွင့်ခဲ့ပေမယ့် အစ်ဇီဂနီ၊မီလစ်တို့ ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့တဲ့အပြင် ပွဲချိန် ၁၁ မိနစ်မှာတော့ နောက်ခံလူတွေ လူကပ်ပုံညံ့လို့ အန်ဘရိုစီရို က ဦးဆောင်ဂိုးသွင်းသွားခဲ့ပါတယ်။နာပိုလီအတွက် မာတန်းစ် မပါ၀င်လာနိုင်တာကလည်း အားနည်းချက်ဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ဂိုးကန်သွင်းခွင့် အသာရပေမယ့်လည်း အဆုံးသတ်လိုအပ်ချက်တွေကြောင့် ရှံးနိမ့်ခဲ့တာပါ။ဂိုးပေါက် ကန်သွင်းမှု ၁၈ကြိမ်ထိရှိခဲ့တဲ့ နာပိုလီအနေနဲ့ ချေပဂိုးပြန်မရခဲ့တဲ့အပြင် ပွဲချိန်၇၇ မိနစ်အရောက်မှာ အင်တာတိုက်စစ်မှူး လော်တာရို မာတီးနက်ဇ်က အဝေးကန်ချက်နဲ့ ဒုတိမြောက်ဂိုးကို လှလှပပသွင်းယူသွားခဲ့ပါတယ်။နာပိုလီတို့ လက်ကျန်မိနစ်တွေမှာ ချေပဂိုးတွေပြန်ရဖို့ အားထုတ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့လို့ ပွဲအပြီးမှာ ၂ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံးအတွက် စီးရီး‌အေ လက်ကျန်တစ်ပွဲစီပဲ ကစားဖို့ကျန်‌ပါတော့တယ်။အင်တာက နောက်ဆုံးပွဲမှာ အတ္တလန္တာနဲ့ ထိပ်တိုက်တွေ့နေပြီး အ‌ဆင့်၂နေရာအဆုံးဖြတ်ဖြစ်လာမှာပါ။နာပိုလီကတော့၄နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ၀င်ခွင့်နဲ့ လွဲချော်ဖို့ ရာခိုင်နှုန်းများသွားသလို လာဇီယိုနဲ့ကစားရမယ့် စီးရီးအေ နောက်ဆုံးပွဲစဉ်ကလည်း ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။ဩဂုတ်လ၉ ရက်နေ့မှာတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ကစားရဖို့ ရှိနေတာကြောင့် ဒီရာသီက‌တော့  နာပိုလီတို့ အတွက် ၁၀စုနှစ်အတွင်း အဆိုးရွားဆုံးရာသီဖြစ်လာဖို့ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်