နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ရာသီဆက် ဆီမီးဖိုင်နယ် တွေ့ဆုံမှုနဲ့ အကြိတ်အနယ် ရှိလာဦးမယ့် မန်ချက်စတာဒါဘီ – လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် vs မန်ချက်စတာစီးတီး

လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ လိဂ်ဖလား(ခရာဘောင်ဖလား) ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာစီးတီးကို ဧည့်ခံကစားရမှာလည်း ဖြစ်ပါတယ်။ ဒီဖလားဟာ အိုလီဂန်နာဆိုးလ်ရှား အတွက် မန်ချက်စတာယူနိုက်တက် နည်းပြ သက်တမ်း ၃ နှစ်တာ ကာလမှာ ပထမဦးဆုံး ဆုဖလား မျှော်လင့်ချက် ဖြစ်လာနိုင်သလို ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အတွက်ကလည်း လိဂ်ဖလား ၄ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ရဲ့ စံချိန်ကို လိုက်မှီနိုင်မယ့် မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ နောက်ပိုင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်တွေကောင်းနေပြီး ပြိုင်ပွဲစုံ ၇ ပွဲဆက် ရှုံးပွဲမရှိသေးတာ တွေ့ရပါတယ်။ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ် အထိုင်နေရာမှာ တော်မီနေးနဲ့ ဖရက်ဒ် အတွဲကို အသုံးပြုပြီး ပေါ့ဘာကို တောင်ပံထုတ်ကစားစေခဲ့တာဟာ မှန်ကန်တဲ့ လူစာရင်း၊ မှန်ကန်တဲ့ ကစားကွက် ဖြစ်နေပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ အပြင် ကိုယ်တိုင်လည်း ဂိုးတွေ သွင်းပေးနေလို့ ယူနိုက်တက်အတွက် တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ရမှတ်တူ တစ်ပွဲလျော့ကစားပြီး ဂိုးကွာခြားချက်ကြောင့်သာ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်လို့ အမှတ်ပေးချန်ပီယံဆုကိုတောင် မျှော်မှန်းနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံကနေ ထွက်ခွာလာရလို့လည်း ဖြစ်နိုင်ပြီး ပြည်တွင်းဖလား ပွဲစဉ်တွေကို အားထည့်ကစားနေတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ အခုပွဲမှာလည်း အရင်ပွဲတွေတုန်းက လူစာရင်းနဲ့ ကစားကွက်အတိုင်း ပွဲထွက်လာဖို့ သေချာနေလို့ မန်ချက်စတာစီးတီးအတွက် ကတော့ ခက်ခဲမယ့် အခြေအနေ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ရဲ့ လိဂ်ဖလား ဖြတ်သန်းမှုကို ပြန်ကြည့်မယ်ဆိုရင် လူတန်၊ ဘရိုက်တန်တို့ကို ၃ ဂိုးပြတ်တွေ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

မန်စီးတီးတို့ရဲ့ လိဂ်ဖလား ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ဘုန်းမောက်ကို ၂-၁၊ ဘန်လေကို ၀-၃၊ အာဆင်နယ်ကို ၁-၄ တို့နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ တွေ့ရလို့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုဖလား တစ်လုံး မျှော်လင့်ချက်တွေကို ရိုက်ချိုးပြနိုင်စွမ်းတော့ ရှိနေပါလိမ့်မယ်။
လိဂ်ဖလား ပြိုင်ပွဲမှာ ၄ နှစ်ဆက်ချန်ပီယံဖြစ်ဖို့ အားထုတ်လာမယ့် မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက် အနိုင်ရထားတယ် ဆိုပေမယ့် အသင်းလိုက်ကစားပုံမှာတော့ သိပ်ပြီးမကောင်းတာတွေ့ရပါတယ်။ လက်ရှိ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ်နဲ့ လူထုတ်ပုံက မှန်းဆရခက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာဆိုရင် ကီဗင် ဒီဘရိုင်းနား ကိုတောင် အထောင်တိုက်စစ်မှူး နေရာမှာ ထားပြီး ကစားစေခဲ့ပါတယ်။ စတာလင်အနေနဲ့ မနှစ်က ခြေစွမ်းမျိုးပြန်မရသေးပေမယ့် တတ်နိုင်သမျှ အသင်းအတွက် ကြိုးစားကစားနေပြီး လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန် ရဲ့ စွမ်းဆောင်ရည် တော်တော်လေး တက်လာတာ တွေ့ရပါတယ်။ တစ်ချက်ရှိတာက မန်ချက်စတာစီးတီးမှာ ဒဏ်ရာရကစားသမားများနေပြီး လာပေါ့တ်၊ အီဒါဆင်၊ ဂါစီယာ၊ ဖာရန်တောရက်စ်၊ ဂါဘရီရယ် ဂျီဆုစ်၊ ကိုင်လီဝေါလ်ကာ၊ နေသန်အေခီတို့ အခုပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ မသေချာလို့ အနည်းငယ် အားနည်းနိုင်ပါတယ်။ မန်စီးတီးတို့ရဲ့ လိဂ်ဖလား ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ဘုန်းမောက်ကို ၂-၁၊ ဘန်လေကို ၀-၃၊ အာဆင်နယ်ကို ၁-၄ တို့နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ တွေ့ရလို့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုဖလား တစ်လုံး မျှော်လင့်ချက်တွေကို ရိုက်ချိုးပြနိုင်စွမ်းတော့ ရှိနေပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃၇ ကြိမ်မှာ ယူနိုက်တက်က ၁၈ ကြိမ် အနိုင်ရပြီး မန်ချက်စတာစီးတီးကတော့ ၁၅ ကြိမ်အနိုင်ရကာ သရေပွဲကတော့ ၄ ပွဲပဲ ရှိထားပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက နောက်ဆုံး ၁ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ဂိုးမရှိ သရေကျထားခဲ့ပါတယ်။

 

လောင်းကြေးဆိုင်ရာ အကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် vs မန်ချက်စတာစီးတီး 1X2 သရေ @ 3.40
ဇန်နဝါရီလ ၇ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၆၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၉၅ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ နှစ်သင်းစလုံး ခြေစွမ်း ကောင်းနေပေမယ့် ယူနိုက်တက်က စီးတီးထက် အသင်းလိုက် စွမ်းဆောင်ရည် ပိုကောင်းနေတာ တွေ့ရပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ဂွာဒီယိုလာ အနေနဲ့ ကစားသမားနဲ့ ကစားကွက်ကို စမ်းသပ်သုံးစွဲနေလို့ အနည်းငယ်တော့ ကစားပုံ ယိမ်းယိုင်လာဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီပွဲနဲ့ ပတ်သတ်ပြီး မိနစ် ၉၀ အတွင်း သရေလို့ပဲ ခန့်မှန်းထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်