နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းမကောင်းတဲ့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်မယ့် မန်ချက်စတာစီးတီး – လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် vs မန်ချက်စတာစီးတီး

အခုတစ်ပတ်မှာ ကြားရက်မှာတော့ လိဂ်ဖလား(ဒါမှမဟုတ်) ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ အဲ့ဒီထဲကမှ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိမှာ ခြေစွမ်းအကျပိုင်းကို ရောက်နေတဲ့ အိမ်ရှင် အာဆင်နယ်တို့ အကောင်းဆုံးစုဖွဲ့မှုရှိနေတဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ခက်ခက်ရုန်းကန်ရဖို့ရှိနေပါတယ်။

အာဆင်နယ်တို့ ဒီရာသီအစမှာ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတွေ ရရှိထားခဲ့လို့ ပရီးမီးယားလိဂ် ထက် ရှုံးထွက်ပြိုင်ပွဲတွေကို ပိုမိုအားစိုက်သင့်တယ်လို့ ခန့်မှန်းပြောကြားချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရရုံတင်မကပဲ လိဂ်ဖလား ကွာတားဖိုင်နယ်ကနေပါ နှုတ်ဆက်ရတော့မယ့် အခြေအနေကို ရောက်လာခဲ့ပါပြီ။ အာဆင်နယ်တို့ရဲ့ လိဂ်ဖလား ပြိုင်ပွဲ လာရာလမ်းကတော့ ဖြောင့်ဖြူးခြင်း မရှိခဲ့ပဲ လက်စတာစီးတီး၊ လစ်ဗာပူးလ်တို့လို အသင်းတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ အခု ကွာတားဖိုင်နယ် အဆင့်မှာလည်း မန်ချက်စတာစီးတီးလို အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာမို့လို့ ပွဲချိန်ပြည့်ခက်ခက်ခဲခဲ ရုန်းကန်ရဦးမှာပါ။ အာဆင်နယ်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲရှုံး၊ ၁ပွဲသရေကျထားပါတယ်။ နောက်ဆုံး ၃ ပွဲမှာ တိုက်စစ်က ၂ ဂိုးပဲ ရထားပြီး ခံစစ် ကတော့ ၄ ဂိုးအထိ ပေးထားခဲ့ရပါတယ်။ နည်းပြ မီခယ်အားတေးတား အနေနဲ့လည်း နည်းပြ ထိုင်ခုံလှုပ်နေပြီ ဖြစ်လို့ အခု မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်က သူ့ရဲ့ အနာဂတ်အတွက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အာဆင်နယ်တို့ လိဂ်ဖလား ဗိုလ်လုပွဲကို ၂၀၁၈ ခုနှစ်က နောက်ဆုံး တက်ရောက်ထားနိုင်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။

 
မန်ချက်စတာစီးတီးက‌တော့ လိဂ်ဖလား လက်ရှိ ၃ နှစ်ဆက် ချန်ပီယံဖြစ်ပြီး နောက်ဆုံး ၅ နှစ်အတွင်း ချန်ပီယံ ၄ ကြိမ် အထိ ဖြစ်ထားတဲ့ အသင်းပါ။ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ မှတ်မှတ်ရရ ၂၀၁၇-၁၈ လိဂ်ဖလား ဗိုလ်လုပွဲ မှာ တွေ့ဆုံခဲ့ဖူးပါတယ်။ အဲ့ဒီပွဲစဉ်တုန်းက မန်ချက်စတာစီးတီးက အဂွဲရိုး၊ ကွန်ပန်နီ၊ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အခုနှစ် လိဂ်ဖလား ပြိုင်ပွဲမှာတော့ မန်စီးတီးတို့ တတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ဘုန်းမောက်ကို ၂-၁  နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် စတုတ္ထအဆင့်ပွဲစဉ်မှာ ဘန်လေကို အဝေးကွင်းမှာ သွားရောက်ကစား ပြီး ၀-၃ နဲ့ အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပဲ ၅ ပွဲနိုင်ပြီး ၃ ပွဲ သရေကျထားပါတယ်။ အခုပွဲစဉ်မှာတော့ မန်ချက်စတာ စီးတီး ကွင်းလယ်က ကီဗင်ဒီဘရိုင်းနားကို အဓိကထား စောင့်ကြည့်ရဖို့ရှိနေပြီး ဒီဘရိုင်းနားကတော့ ၁၂ ပွဲကစားရာမှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ မှတ်မှတ်ရရ ၂၀၁၇-၁၈ လိဂ်ဖလား ဗိုလ်လုပွဲ မှာ တွေ့ဆုံခဲ့ဖူးပါတယ်။
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှုမှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရထားတဲ့ မန်ချက်စတာစီးတီး

အာဆင်နယ်တို့ မန်ချက်စတာစီးတီးနဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၂၀၁ ကြိမ်မှာ ၉၈ ကြိမ်အထိ အနိုင်ရထားခဲ့ပြီး အပြတ်အသတ် အသာရခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပွဲစဉ် တော်တော်များများမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ စီးတီးကတော့ အာဆင်နယ်ကို ၅၈ ကြိမ်အနိုင်ရထားပါတယ်။ အခုတစ်ကြိမ်ဟာ မန်ချက်စတာ စီးတီးနည်းပြ ပပ်ဂွာဒီယိုလာနဲ့ အာဆင်နယ် နည်းပြ မီခယ်အာတေးတားတို့ရဲ့ ၄ ကြိမ်မြောက် ဆရာတပည့် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ကြိမ်မှာတော့ ပပ်ဂွာဒီယိုလာက ၂ ကြိမ်အနိုင်ရပြီး အာတေးတားက မနှစ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ၂-၀ ရလဒ်နဲ့ တစ်ကြိမ် အနိုင်ရထားပါတယ်။ ပူပူနွေး‌နွေး ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာတော့ မန်ချက်စတာစီးတီးက ၁-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs မန်ချက်စတာစီးတီး အချိန်ပြည့် 1X2 ဧည့်သည် @ 1.60
ဒီဇင်ဘာလ ၂၃ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၉၀ဆ နဲ့ ဧည့်သည် အသင်းအတွက် ၁.၆၅ ဆ ကြေးဖွင့်ပြီး သရေ အတွက် ၃.၇၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ လက်ရှိမှာ ခြေစွမ်းတော်တော်လေးကျနေလို့ ဧည့်သည်အသင်းဘက်ကတောင် အကျောပေးထားတာ တွေ့ရပါတယ်။ တကယ်လည်း လက်ရှိ မန်စီးတီးတို့ရဲ့ စုဖွဲ့မှုကို အာဆင်နယ်တို့ ယှဉ်ဖို့မလွယ်ပါဘူး။ ဒီတစ်ကြိမ် ဂွာဒီယိုလာနဲ့ အာတေးတားတို့ အားပြိုင်ပွဲမှာလည်း ဂွာဒီယိုလာပဲ အသာရသွားဖို့ များပြီး မန်ချက်စတာစီးတီးတို့ပဲ ကပ်နိုင်သွားမယ်ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်