နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်းပါဝါမှာ အစဉ်အလာဆက်ထိန်းပြီး ချန်ပီယံလိဂ်၀င်ခွင့်ရသွားတဲ့ ယူနိုက်တက်

Leicester City 0-2 Manchester United

မန်ချက်စတာယူနိုက်တက်အတွက် အနိမ့်ဆုံးသရေ ရလဒ်ရရုံနဲ့ ချန်ပီယံလိဂ်၀င်ခွင့်ရမှာ ဖြစ်ပေမယ့် ၂ဂိုးပြတ်နဲ့ အနိုင်ကစားသွားခဲ့ပါတယ်။လက်စတာစီးတီးအတွက် အိမ်ကွင်းကင်းပါဝါကွင်းကြီးမှာ ကစားတိုင်း ယူနိုက်တက်ကို အနိုင်မရခဲ့တာ ဒီပွဲမှာလည်း အရှုံးပေးခဲ့ရ တဲ့အပြင် ချန်ပီယံလိဂ်၀င်ခွင့် ကိုပါ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။လာမယ့် ချန်ပီယံလိဂ်၀င်ခွင့် အတွက် ချဲလ်ဆီး၊ယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ အသည်းအသန်ယှဉ်ပြိုင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ရာသီသိမ်းချိန်မှာတော့ မန်ချက်စတာယူနိုက်တက်က အဆင့်၃နေရာ ၊ချဲလ်ဆီးက အဆင့် ၄နေရာ အသီးသီးရရှိပြီး လက်စတာစီးတီးကတော့ အဆင့် ၅နေရာနဲ့ ယူရိုပါလိဂ်၀င်ခွင့်ပဲရရှိခဲ့ပါတယ်။

 

အထင်ကရ အချက်အလက်

မန်ချက်စတာယူနိုက်တက် ဟာအဆင့် ၃နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဥရောပချန်ပီယံလိဂ်ကို တကျော့ပြန်ကစားခွင့်ရတော့မယ့် မန်ချက်စတာ ယူနိုက်တက် အသင်း

ဒီပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ အိမ်ရှင်လက်စတာစီးတီးဘက်ကို ဖိအားပေးကစားနိုင်ခဲ့တယ်လို့ပြောနိုင် ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုအပိုင်းမှာ‌ောတ့ လက်စတာတို့က ၁၄ကြိမ်ထိရရှိခဲ့ပါတယ်။လက်စတာစီးတီးတို့အနေနဲ့ ယူနိုက်တက်ဘက်ကို သိသိသာသာဂိုးပေါက်ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တိုက်စစ်မှူးတွေရဲ့ ထိုးဖောက်မှုကို ထိန်းချုပ်ရင်း ယူနိုက်တက်နောက်ခံလူဟောင်း အီဗန့်စ် တစ်ယောက် မာစီရယ်ကို ပင်နယ်တီဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ယူနိုက်တက်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ဒီဂိုးကိုတော့ ဖာနန်ဒက်စ်ကအမှားအယွင်းမရှိကန်သွင်းပြီး ယူနိုက်တက်တို့ ၁ဂိုးအသာနဲ့ဦးဆောင်နေခဲ့ပါတယ်။အဲ့နောက်မှာတော့ ယူနိုက်တက်တို့ပဲ ဆက်တိုက်ဖိအားပေးကစားသွားနိုင်ခဲ့ပြီး တော့ ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို ၄မိနစ်မှာ အီဗန့်စ်အထုတ်ခံခဲ့ရပြီး နောက်ဆုံးမိနစ်မှာတော့ ဂျက်ဆီလင်ဂတ်က လက်စတာဂိုးသမား ရှမိုက်ကယ်ရဲ့ အမှားကနေ သူ့အတွက် ဒီရာသီပထမဆုံးသွင်းးဂိုးကို သွင်းယူပေးခဲ့ပါတယ်။လင်ဂတ်အနေနဲ့ ဒီရာသီမှာ ဂိုးလုံး၀မသွင်းဘူးလို့ ခန့်မှန်းခဲ့ကြသူတွေကိုလည်း နောက်ဆုံးမိနစ် နောက်ဆုံးသွင်းဂိုးနဲ့အတူ အသဲခွဲသွားခဲ့တာပါ။ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၄ပွဲ ဝင်ရောက်ကစားပေးခဲ့ပြီး ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင်မှ တော်တော်လေးအားထုတ်ရမယ့်အနေအထားကနေ မန်ချက်စတာယူနိုက်တက် ဟာအဆင့် ၃နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဒီပွဲအပြီးမှာ လက်စတာစီးတီးအတွက် နောက်ထပ်ကစားရမယ့် ပွဲစဉ်‌တွေမရှိတော့ပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ အဲလ်အေအက်စ်ကေနဲ့ လာမယ့် ဩဂုတ်လ၆ရက်နေ့မှာ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပွဲစဉ်ဆက်လက်ကစားရဖို့ရှိနေပါတယ်

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်