အိုလံပီယာကော့စ် vs မန်ချက်စတာစီးတီး
အခုတစ်ပတ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေထဲက ပွဲကောင်းတွေကို သုံးသပ်ပေးနေခဲ့ရာမှာ SBOTOP ဘောလုံးဝါသနာရှင်တွေ အတွက် ရွေးချယ်စရာ နောက်ထပ် ပွဲတစ်ပွဲ ကို ထပ်မံ ရွေးချယ်ပေးလိုက်ပါတယ်။ ဒီပွဲစဉ်ကတော့ နောက်တစ်ဆင့် တက်ဖို့ သေချာပေါက် အနိုင်ကစားမယ့် မန်ချက်စတာစီးတီးနဲ့ ဥရောပပြိုင်ပွဲဆက်လက် ကစားခွင့်ရရေး မျှော်လင့်ချက် အတွက် တိုက်ပွဲဝင်လာမယ့် အိုလံပီယာကော့စ် တို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။
ဂရိချန်ပီယံ အိုလံပီယာကော့စ်တို့ ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြပြီး ၇ ပွဲကစား ၆ ပွဲနိုင်၊ ၁ ပွဲသရေကကျပြီး ရလဒ်တွေ ကောင်းနေတယ်ဆိုပေမယ့် ချန်ပီယံလိဂ် မှာတော့ ရုန်းကန်နေရပါတယ်။ လက်ရှိ ချန်ပီယံလိဂ်မှာ ၃ ပွဲကစား ၁ ပွဲနိုင်၊ ၂ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အခုပွဲစဉ်ကစလို့ ရလဒ်ကောင်းရှာဖွေနိုင်ရင် နောက်တစ်ဆင့် မျှော်လင့်ချက် ရှင်သန်သွားနိုင်မှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး ယူရိုပါလိဂ် ကစားခွင့်ရဖို့ ရှိနေလို့ ကျိန်းသေပေါက် အိမ်ကွင်းမှာ မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားလာဦးမှာ သေချာပါတယ်။ အိုလံပီယာကော့စ်တို့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၇ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တာတွေ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားနိုင်ပါတယ်။ လက်ရှိအသင်းမှာ တိုက်စစ်မှူး ယူဆက်ဖ်အဲလ်အာရေဘီ ခြေစွမ်းပြပြီး ၆ ပွဲကစားရာမှာ ၅ ဂိုးသွင်းထားနိုင်ပေမယ့် ဒဏ်ရာကြောင့် အခုပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။
မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်းပေမယ့် ချန်ပီယံလိဂ် မှာတော့ ခြေစွာနေပြီး ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပါတယ်။ လက်ရှိအချိန်အထိ ၃ ပွဲကစား၊ ၃ ပွဲနိုင်ပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု C ကို ဦးဆောင်နေပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးတို့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ နောက်ဆုံးကစားထားတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ၂ ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ မန်ချက်စတာစီးတီးတို့ အခုကစားရမယ့် အိုလံပီယာကော့စ်ကို ပထမအကျော့ အိမ်ကွင်း အီတီဟတ်ကွင်းမှာ ဖာရန်တောရက်စ်၊ ဂါဘရီရယ်ဂျီးဆပ်စ်၊ ကန်ဆယ်လိုတို့ရဲ့ သွင်းဂိုးတွေ နဲ့ ၃ ဂိုးပြတ် အနိုင်ယူထားပါတယ်။ မန်ချက်စတာစီးတီး တို့ ဒီရာသီမှာ ကစားထားတဲ့ ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အိမ်ကွင်းမှာ လက်စတာစီးတီးကို ၂-၅ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရယ်၊ တော့တင်ဟမ်ဟော့စပါးကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေကလွဲရင် ကျန်ပွဲစဉ် တော်တော်များများကို အနိုင်ရထားတာတွေ့ရပါတယ်။ အခုပွဲကတော့ အိုလံပီယာကော့စ် အိမ်ကွင်း ဂရိမြေမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ကြည့်မယ်ဆိုရင် ပပ်ဂွာဒီယိုလာရဲ့ အသင်းက ချန်ပီယံလိဂ် မှာ တော်တော်လေး အသားကျလာတာတွေ့ရပြီး နောက်ပိုင်းနှစ်တွေမှာ အသင်းကြီးတစ်သင်းလို ကစားလာနိုင်ပါတယ်။ ကစားသမားစုဖွဲ့မှု အပိုင်းကို ကြည့်မယ်ဆိုရင်လည်း နောက်ခံကစားသမား နေသန် အာကီ ဒဏ်ရာရနေတာကလွဲရင် ကျန်ကစားသမားတွေ အားလုံး ပြန်ကစားနိုင်ပြီ ဖြစ်လို့ အိုလံပီယာကော့စ်လို အသင်းကို ဘယ်လိုကစားကစား အနိုင်ရဖို့ သေချာနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အိုလံပီယာကော့စ်နဲ့ မန်ချက်စတာစီးတီးတို့ ၂ ကြိမ်တွေ့ဆုံထားဖူးပြီး မန်ချက်စတာစီးတီး အိမ်ကွင်းမှာ တစ်ကြိမ် အနိုင်ရပြီး အိုလံပီယာကော့စ် အိမ်ကွင်းမှာတော့ အိုလံပီယာကော့စ်ကပဲ အနိုင်ရထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှုအရ လွန်ခဲ့တဲ့ ၃ ပတ်အကြာက မန်ချက်စတာစီးတီးတို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အိုလံပီယာကော့စ် vs မန်ချက်စတာစီးတီး | အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၂၈ဆ | |
နိုဝင်ဘာလ ၂၆ ရက်, မနက် ၁၂:၂၅ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၉.၂၅ ဆ ကြေးဖွင့်ထားပြီး ဧည့်သည်အသင်းအတွက် ၁.၂၈ဆ နဲ့ သရေအတွက် ၅.၆၀ ဆ ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ပထမအကျော့တုန်းကက မန််ချက်စတာစီးတီးတို့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အခုပွဲမှာတော့ ထင်သလောက် မလွယ်ပါဘူး။ မန်စီးတီးမှာ လူစုံတက်စုံ ပွဲထွက်ကစားနိုင်လို့ ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းလို့ ရပြီး ပေါက်ကြေး အရလည်း အဂ်လန်ကလပ်ဘက်မှာ ရပ်တည်သင့်ပါတယ်။ မန်ချက်စတာစီးတီးတို့ ၁-၂ ဒါမှမဟုတ် ၁-၃ လောက်နဲ့ အနိုင်ရသွားဖို့များပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.