နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်လေကို အန်ဖီးလ်မှာ အနိုင်ကစားပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်မယ့် လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် vs ဘန်လေ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ လက်ကျန်ပွဲစဉ် အဖြစ် လစ်ဗာပူးလ်နဲ့ ဘန်လေတို့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေတဲ့ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယားအဆင့် ၁၇ နေရာက ဘန်လေနဲ့ တွေ့ဆုံနေလို့ ရမှတ်အပြည့် ပြန်လည်ရှာတွေ့နိုင်မလား ဆိုတာတော့ စောင့်ကြည့်သွားရပါမယ်။

လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ၄ ပွဲသရေကျပြီး ၁ ပွဲ ရှုံးနိမ့်ထားတာတွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ခရစ္စတယ်ပဲလေ့စ်ကို ၇ ဂိုးပြတ် အနိုင်ရပြီးကတည်းက ခြေစွမ်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ တစ်ဂိုးစီသရေ၊ နယူးကာဆယ် ဂိုးမရှိသရေ၊ ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး နောက်ဆုံးပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် ၃ မှတ်ပဲ ရှာဖွေထားနိုင် ပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေမှုနဲ့အတူ ကလော့ပ်ရဲ့ အသင်းက ကစားပုံ တော်တော်လေး ပျက်ယွင်းနေသလို ကစားသမားတွေလည်း စိတ်ဓာတ်ကျနေတဲ့ ပုံပါပဲ။ ဗန်ဒိုက်ချ်၊ ဂိုးမက်ဇ်၊ မက်တစ်ပ်တို့လို အားကိုးရတဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာက ပြန်လည် မသက်သာလာသေးတာကြောင့်လည်း လစ်ဗာပူးလ်တို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ခံစစ်ပိုင်းတင် မဟုတ်ပါဘူး။ တိုက်စစ်ကလည်း ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလာ တို့ ကစားအားကောင်း သလောက် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်တို့ ၁၈ ပွဲကစားပြီး ၉ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားလို့ ရမှတ် ၃၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ရောက်ရှိနေခဲ့ပါတယ်။ တစ်ချက်ရှိတာက လစ်ဗာပူးလ်တို့ ၂၀၁၇ ခုနှစ် ဧပြီလကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲမရှိခဲ့တာ ၆၈ ပွဲအထိ ရှိလာခဲ့ပြီး အဲ့ထဲကမှ ၅၅ ပွဲ အနိုင်ရထားပါတယ်။ အခုရာသီ လစ်ဗာပူးလ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကတော့ ၉ ပွဲကစားရမှာ ၇ ပွဲနိုင်၊ ၂ ပွဲသရေကျကာ ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။

ဘန်လေတို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဘန်လေတို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ လက်တလော တင်းဆင်းဇုန်အထက် ၄ မှတ်အကွာနဲ့ ရပ်တည်နေပြီး ရာသီအကုန်မှာ ချန်ပီယံရှစ်ကို ဆင်းမကန်ရရေး အားစိုက်ကစားဖို့ လိုအပ်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဘန်လေတို့ ရာသီအစတုန်းကလောက် ခြေစွမ်းမဆိုးတော့ပေမယ့် နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ခြေစွမ်းပြန်လည် ကျဆင်းနေလို့ ရလဒ်တွေ ပြန်လည် ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ဘန်လေတို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် ၁ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၃ ပွဲရှုံးထားပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းမှာလည်း အားရစရာမရှိပဲ ၉ ပွဲကစားထားရာမှာ ၁ ပွဲသာ အနိုင်ရပြီး ၃ ပွဲသရေ၊ ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်နဲ့ ဘန်လေတို့ရဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်သာ ရှိထားပါတယ်။ လစ်ဗာပူးလ်က ၇ ကြိမ် အနိုင်ရပြီး ဘန်လေက ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားကာ သရေပွဲကတော့ ၂ ပွဲပဲ ရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဘန်လေကွင်းမှာ လစ်ဗာပူးလ်တို့ ၀-၃ နဲ့ အနိုင်ရပြီး အန်ဖီးလ်မှာတော့ ၁-၁ နဲ့သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လီဗာပူးလ် vs ဘန်လေ 1X2 လီဗာပူးလ် @ 1.21
ဇန်နဝါရီလ ၂၂ ရက်, ည ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၁၈ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၅.၀၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၇.၀၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ခြေပြန်ကျနေတယ်ဆိုပေမယ့် ဘန်လေ ကလည်း ခြေမကောင်းပါဘူး။ ဒီပွဲမှာ အိမ်ရှင်တို့ ဂိုးရဖို့ ရုန်းကန်ရနိုင်ပေမယ့် ရလဒ်ဆိုးတွေအောက်ကနေ ရုန်းထွက်ဖို့ လိုအပ်နေလို့ မဖြစ်မနေ အနိုင်ကစားဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ အဘက်ဘက်မှာ အသာရနေတဲ့ လစ်ဗာပူးလ်တို့ ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ ခန့်မှန်းရလဒ် ၂-၀ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်