နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်သစ်ကို အရှုံးနဲ့ နှုတ်ဆက်ခဲ့ရတဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၁ – ၀ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ လက်ကျန်ပွဲတစ်ပွဲမှာတော့ လက်ရှိချန်ပီယံ လစ်ဗာပူးလ် တို့ ဒန်နီအင့်ဂ်ရဲ့ ပွဲချိန် ၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုး ၁ဂိုးတည်းနဲ့ ဆောက်သမ်တန်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် လစ်ဗာပူးလ်တို့ ဒီရာသီအတွက် ဒုတိယမြောက် ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်သလို အမှတ်ပေး ဇယား အဆင့် ၂ နေရာက မန်ချက်စတာယူနိုက်တက်ထက် တစ်ပွဲပိုကစားပြီး ရမှတ်ချင်းတူညီသွားခဲ့ပါတယ်။ စိန့် တို့က တော့ ရမှတ် ၂၉ မှတ်အထိ ရရှိခဲ့ပြီ ဖြစ်လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၆ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ ပြီ ဖြစ်ပါတယ်။
 
ဆောက်သမ်တန် အိမ်ကွင်း စိန့်မေရီကွင်းမှာ သွားကစားရမှာ ဖြစ်လို့ မလွယ်ကူနိုင်တာ ကြိုသိနေလို့ လစ်ဗာပူးလ်တို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်ခံလူ လိုအပ်ချက်ကြောင့် အသင်းခေါင်းဆောင် ဟန်ဒါဆင် နောက်တန်း ဆင်းကစားခဲ့ရတာကလွဲရင် ကွင်းလယ်မှာ သီယာဂို အဲလ်ကန်တာယာ လည်း ပြန်လည်ပါဝင်လာခဲ့ပြီး တိုက်စစ်ကလည်း မာနေး၊ ဖေမီနို၊ မိုဆာလာတို့နဲ့ တောင့်တင်းခဲ့ပါတယ်။ အိမ်ရှင် စိန့်တို့ဘက်မှာလည်း ဒန်နီအင့်ဂ်၊ ဝဲလ်ကော့တ်တို့ကို အထောင်ထားခဲ့ပြီး ဝက်ဒ်ပရောက်စ်၊ ဒီဂျန်ပို၊ ဘက်ဒ်နာရက်ခ်၊ ဘာထရန်တို့လို ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာ ကတည်း ဆောက်သမ်တန်တို့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ဒန်နီအင့်ဂ်က လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ အထိ လစ်ဗာပူးလ်တို့ တောက်လျောက် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့် ဆောက်သမ်တန် နောက်တန်းကစားသမားတွေ အကောင်းဆုံး ပိတ်ဆို့ တားဆီးနိုင်ခဲ့လို့ လစ်ဗာပူးလ်တို့ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပြီး ၁-၀ ရလဒ်နဲ့ ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့လည်း ရမှတ်ချင်း တူညီလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေဆဲ ဖြစ်တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်တို့ တိုက်စစ်က လူစုံတက်စုံ ပါဝင်လာတဲ့ အပြင် ကွင်းလယ်ကလည်း တောင့်တင်းခဲ့ပြီး နောက်တန်း ကလည်း တကယ့်ကို အကောင်းဆုံး ကစားသမားတွေနဲ့ စုစည်းထားဆဲ ဖြစ်ပေမယ့် ရှုံးပွဲတွေ့ခဲ့ရတာ ကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ မာနေး၊ ဖေမီနို၊ ဆာလာ ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေမှာဆို အသင်း တော်တော်များများ ထိတ်လန့်ခဲ့ရတဲ့ တိုက်စစ် အတွဲ ဖြစ်ပေမယ့် ဒီရာသီမှာတော့ ဘယ်လိုထိန်းချုပ်ရမယ် ဆိုတာ ပြိုင်ဘက်တွေ နားလည်လာ တဲ့ ပုံပါပဲ။ အခုပွဲမှာဆိုရင် လစ်ဗာပူးလ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့တာ ကတော့ နည်းပြ ဂျာဂျင် ကလော့ပ် အတွက် စိတ်ပျက်စရာ အခြေအနေလည်း ဖြစ်ပါတယ်။ အဲ့ဒီ ဂိုးပေါက်တည့်တဲ့  ၁ ကြိမ်ကလည်း ပွဲချိန် ၇၅ မိနစ်လောက် ရောက်မှ ရရှိခဲ့တဲ့ အခွင့်အရေး ဖြစ်လို့ လစ်ဗာပူးလ် တိုက်စစ်က ဘယ်လောက် အထိ ရုန်းကန်ခဲ့ရတယ် ဆိုတာ သိသာပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို ကြည့်မယ်ဆိုရင်လည်း ၆၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဆောက်သမ်တန် ကတော့ ၃၃ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၁ ဂိုး ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် စိန့်တို့ကို ချီးကျူးရမှာပါ။ လစ်ဗာပူးလ်တို့ အခုရလဒ်ကြောင့် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရသလို မန်ချက်စတာယူနိုက်တက် ထက်တစ်ပွဲပိုကစားပြီး ရမှတ် ၃၃ မှတ်စီ တူညီသွားခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့လည်း ရမှတ်ချင်း တူညီလာခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်တို့ လာမယ့် စနေနေ့မှာ လိဂ်ဝမ်းကလပ် ရှယူးစ်ဘာရီ အသင်းနဲ့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ် ကစားဖို့ ရှိပြီး လစ်ဗာပူးလ်ကလည်း အက်စတွန်ဗီလာ အိမ်ကွင်း ဗီလာပါ့ခ်ကို သွားရောက် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်