နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်မှာ ပြိုင်ဘက်တိုင်းကို ၃ မှတ် လက်ဆောင်ပေးနေတဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၀ – ၁ ချဲလ်ဆီး

ဒီကနေ့ မနက် အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားခဲ့ပြီး အဲဒီထဲမှာတော့ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အန်ဖီးလ်မှာ လာရောက်ကစားရတဲ့ ချဲလ်ဆီးတို့က မေဆင်မောင့်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပြီး လစ်ဗာပူးလ်ကတော့ အိမ်ကွင်း ၅ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်် ၇ နေရာအထိ ကျဆင်းခဲ့ပါတယ်။

လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အိမ်ကွင်း ၅ ပွဲဆက် အရေးနိမ့်ခဲ့ရသလို အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ကျဆင်းခဲ့တဲ့ လစ်ဗာပူးလ်

အခုပွဲမတိုင်ခင် ပရီးမီးယားလိဂ် မှာ တောက်လျောက် ရုန်းကန်နေရတဲ့ လစ်ဗာပူးလ်တို့ အခုပွဲမှာလည်း တိုက်စစ်က မိုဆာလာ၊ ဖေမီနို၊ ဆာဒီယိုမာနေး၊ ကွင်းလယ်မှာ အဲလ်ကန်တာယာ၊ ဝိုဂျ်နယ်ဒမ်၊ ကာတစ်ဂျုံးစ်၊ နောက်တန်းမှာ အလက်ဇန်းဒါး အာနိုးလ်၊ ဖာဘင်ဟို၊ ကာဘက်ခ်၊ ရော်ဘတ်ဆန်၊ ဂိုး အယ်လီဆွန်တို့နဲ့ ပွဲထွက်လာပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ တီမိုဗာနာကို အထောင်ထားပြီး မေဆင်မောင့်၊ ဇီယက်ချ်တို့နဲ့ ဝန်းရံစေခဲ့သလို ကွင်းလယ်မှာတော့ ဘန်ချေးလ်ဝဲလ်၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရိစ်ဂျိမ်းစ်၊ နောက်တန်းမှာ ရူဒီဂါ၊ ခရစ်စတင်ဆင်၊ အက်ဇ်ပီလီကျူအာတာ၊ ဂိုးမှာတော့ မန်ဒီတို့ကို အသုံးပြုခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ဒီပွဲမှာ တိုက်စစ် ၃ ယောက်အတွဲက ဘယ်လိုမှ အလုပ်မဖြစ်ခဲ့ပဲ ပထမပိုင်းမှာ မာနေးအနေနဲ့ အပိုင်အခွင့်အရေး တစ်ကြိမ် လွဲချော်ခဲ့ပြီး မိုဆာလာကလည်း ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့တာကြောင့် ချဲလ်ဆီးတို့ရဲ့ ခြေစွမ်းအောက်မှာပဲ နစ်မြှုပ်နေခဲ့ရပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ တီမိုဗာနာရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို မေဆင်မောင့်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ခြေမပေါ်တဲ့ မိုဆာလာ အစား ချိန်ဘာလိန် လူစားဝင်လာခဲ့ပြီး ကားတစ်ဂျုံးစ် အစား ဒီယိုဂို ဂျော့တာ၊ သီယာဂို အဲလ်ကန်တာယာ အစား ဂျိမ်းစ် မီလ်နာ ဝင်လာခဲ့ပေမယ့် ဘယ်လိုမှ ဆေးမမှီတော့ပဲ သောမက်စ်တူဟယ်ရဲ့ နည်းစနစ်အောက်မှာပဲ ပြိုလဲနေခဲ့ရပါတယ်။ ပွဲပြီးတဲ့ အချိန်အထိ သွင်းဂိုးတွေ ထပ်မမြင်တွေ့ခဲ့ရတာကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီးကတော့ နည်းပြသစ် သောမက်စ် တူဟယ်ရဲ့ လက်အောက်မှာ တဖြေးဖြေး အသားကျလာခဲ့ပြီး ဂိုးရဖို့လည်း မခက်တော့တာ တွေ့ရပါတယ်။ နောက်တစ်ချက်က မေဆင်မောင့် ဖြစ်ပြီး ချဲလ်ဆီး ဂိုးရဖို့ လိုအပ်ချိန်မှာ အဂ်လန် ကစားသမားရဲ့ သွင်းဂိုးတွေကို မြင်တွေ့နေရပါတယ်။ ဒီတစ်ချက်က ချဲလ်ဆီး အတွက် တော်တော်လေး အားရစရာ ဖြစ်ပြီး တိုက်စစ်မှူး တွေ ဂိုးပေါက်ပျောက်နေချိန်မှာတောင် သွင်းဂိုးတွေ ရရှိအောင် စွမ်းဆောင်နိုင်နေတာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အိမ်ကွင်း ၅ ပွဲဆက် အရေးနိမ့်ခဲ့ရသလို အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။ ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ် ၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းလာခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် တစ်ပတ်မှာတော့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေသလို ချဲလ်ဆီးကတော့ အဲဗာတန်နဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်