နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန်ကို မရလို့ နီကို ဝီလီယမ်စ်ကို ပစ်မှတ်ထားလာတဲ့ ပီအက်စ်ဂျီ | လီဂူးဝမ်း

ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ ဘာစီလိုနာ အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ စပိန် ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။ စီးရီးအေ ကလပ် နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရတဲ့ ပီအက်စ်ဂျီက အခု နောက်ဆုံး မှာတော့ ယူရို ၂၀၂၄ မှာ တောက်ပခဲ့တဲ့ စပိန် ကြယ်ပွင့်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ကီလီယန် အမ်ဘာပေးလို အသင်း အတွက် အဓိကကျတဲ့ ထိပ်တန်း ကစားသမား တစ်ဦးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် ပီအက်စ်ဂျီက တိုက်စစ် ကစားသမားကောင်း တစ်ဦး ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို အလိုရှိခဲ့တာ ဖြစ်လို့ အိုဆင်မ်ဟန်ကို အရ ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆင်မ်ဟန် ကိုယ်တိုင် ကလည်း လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီကို ရွေးချယ်ဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့်လည်း ကစားသမားတွေကို ရောင်းထုတ်ရာမှာ အမြဲတမ်းလည်း အခက်တွေ့စေတတ်တဲ့ နာပိုလီက သူတို့ရဲ့ ထုံးစံအတိုင်း အိုဆင်မ်ဟန်ကို ပေါင် သန်း ၁၃၀ ရမှ ရောင်းထုတ်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲ့နောက် နာပိုလီ ဘက်က ပေါင်သန်း ၁၁၀ အထိ လျှော့ပေးခဲ့ပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ ပေါင်သန်း ၈၀ လောက်သာ အသုံးပြုချင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ နာပိုလီက ပေါင် သန်း ၉၀ + ကိုရီးယား တိုက်စစ်မှူး လီကန်အင် ကို ပေးရင် အိုဆင်မ်ဟန်ကို ရောင်းချမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ အပြောင်းအရွှေ့က ဆက်လက် လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပဲ ပီအက်စ်ဂျီတို့ အိုဆင်မ်ဟန်ကို လက်လျှော့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပီအက်စ်ဂျီရဲ့ တိုက်စစ်မှာ ဂွန်ဆာလို ရာမို့စ်၊ ရန်းဒဲလ် ကိုလို မူအာနီ၊ အူစမန်နီ ဒမ်ဘီလီ၊ ဘာကိုလာ၊ မားကို့စ် အဆန်စီယိုနဲ့ လီကန်အင် တို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ပိုင်း အတွက် ပိုပြီး စိတ်ချချင်တဲ့ ပီအက်စ်ဂျီက နီကို ဝီလီယမ်စ်လို လူငယ် ကြယ်ပွင့်လေးကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် စပိန် ဘယ်တောင်ပံကစားသမား နီကိုဝီလီယမ်စ်ဟာ လာလီဂါ ကလပ် ဘီလ်ဘာအိုရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ကမှ ဘီလ်ဘာအို စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့်ရရှိခဲ့တဲ့ နီကိုဟာ အခုဆိုရင်တော့ ဘီလ်ဘာအို အတွက် သာမကပဲ စပိန် လက်ရွေးစင် အတွက်ပါ အရေးပါတဲ့ ကစားသမား ဖြစ်နေပါပြီ။ နီကို ဝီလီယံစ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ မှာလည်း လမင်း ယာမယ်နဲ့ တွဲဖက်ပြီး စပိန် ဘယ်တောင်ပံမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အင်္ဂလန်နဲ့ ကစားတဲ့ ဗိုလ်လုပွဲ မှာလည်း အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နီကို,ကို လာလီဂါ ကလပ် ဘာစီလိုနာ၊ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ လစ်ဗာပူးလ် တို့အပြင် လက်ရှိ မှာတော့ ပီအက်စ်ဂျီ ကပါ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ်ဟာ ဘီလ်ဘာအိုနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၅၈ သန်းသာ ရှိနေပြီး သူကိုယ်တိုင် ကတော့ စပိန် အသင်းဖော် ယာမယ် ရှိရာ ဘာစီလိုနာ အသင်းဆီကို ပြောင်းရွှေ့ချင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဘက်ကတော့ ဝီလီယံစ်ကို ငွေကြေးပိုင်းအရ ခေါ်ယူနိုင်ဖို့ မသေချာသေးဘူးလို့ သိရပြီး ဒီအခြေအနေ ကိုတော့ လီဂူးဝမ်း ကလပ်က ငွေကြေး အလုံးအရင်းသုံးကာ အခွင့်ကောင်းယူ ခေါ်ယူသွားနိုင်ချေ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်