နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ကတ်တီးယားကို ဆက်လက် ကြိုးပမ်းတော့မှာ မဟုတ်တဲ့ မာဆေးလ် | လီဂူးဝမ်း

လီဂူးဝမ်း ကလပ် မာဆေးလ် ကတော့ သူတိုရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူး ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က အက်ဒီ အန်ကတ်တီးယားကို ဆက်လက် ကြိုးပမ်းသွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း အန်ကတ်တီးယား အစား ဒေါ့မန် ကြယ်ပွင့် ယူဆိုဖာ မူကိုကို ကိုသာ ခေါ်ယူသွားတော့မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လီဂူးဝမ်း ကလပ်ဟာ ဒီနွေရာသီမှာ ယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို ထပ်မံ အင်အားဖြည့်တင်းချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် အင်္ဂလန် ကစားသမား တစ်ဦး ဖြစ်တဲ့ အက်ဒီ အန်ကတ်တီးယား ကိုပါ ထပ်မံ ကြိုးပမ်းခဲ့ပါတယ်။ မာဆေးလ်က မေဆန် ဂရင်းဝုဒ်နဲ့ တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဟွိုက်ဘယက်ဂျ်ကို ခေါ်ယူခဲ့ပြီးနောက် အန်ကတ်တီးယားကို ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်းနဲ့ ကနဦး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ချက်ချင်း ပယ်ချခဲ့ပြီး ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းမှသာ စဉ်းစားမယ် ဆိုပြီး တုံပြန်ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ပြင်သစ် ကလပ် မာဆေးလ်က အန်ကတ်တီးယားကို အသည်းအသန် ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အာဆင်နယ်က အန်ကတ်တီးယား အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၃၅ သန်း အထိ သတ်မှတ်လိုက်ချိန်မှာတော့ မာဆေးလ် ဘက်က လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း အန်ကတ်တီးယားရဲ့ လက်ရှိ ဈေးကွက် တန်ကြေးက ယူရို သန်း ၃၀ ဝန်းကျင်သာ ရှိနေတာ ဖြစ်ပါတယ်။

မာဆေးလ် အနေနဲ့ အန်ကတ်တီးယားကို လက်လျှော့လိုက်ပေမယ့် တစ်ဖက်မှာတော့ ဒေါ့မန် ဆယ်ကျော်သက် ယူဆိုဖာ မူကိုကို ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပြီး အရ ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ မူကိုကိုဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မန် အကယ်ဒမီကို စတင် ရောက်လာခဲ့သူ ဖြစ်ပြီး လက်ရှိ မှာတော့ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေသူ ဖြစ်ပါတယ်။ တကယ်တော့ မူကိုကိုဟာ အရည်အသွေးမြင့် လူငယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူကိုကိုဟာ ဒေါ့မန်မှာ ပုံမှန် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ မူကိုကိုဟာ ဒေါ့မန် အတွက် ၄ ရာသီ အတွင်း ပွဲပေါင်း ၁၀၀ နီးပါး ကစားထားပြီး ၁၈ ဂိုး သွင်းယူထားခဲ့ပါတယ်။

ဒေါ့မန်က မူကိုကို ကို အရောင်းစာရင်း တင်လိုက်ချိန်မှာတော့ ဥရောပ ထိပ်တန်း ကလပ် အများစုက အပြိုင်အဆိုင် ချဉ်းကပ်လာခဲ့ပါသေးတယ်။ ဒါပေမယ့် အားလုံးထဲကမှ လီဂူးဝမ်း ကလပ် မာဆေးလ် ကိုသာ ပြောင်းရွှေ့ဖို့ မူကိုကိုက ရွေးချယ်ခဲ့ပြီး အပြောင်းအရွှေ့ ကတော့ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ဖြစ်ဖို့ များပါတယ်။

ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ ကိုင်တွယ်တော့မယ့် မာဆေးလ်က ဒီနွေရာသီမှာ ကိုနေး၊ လီလီယန် ဘရတ်ဆိုင်ယာ၊ မေဆန် ဂရင်းဝုဒ်၊ ဟွိုက်ဘယက်ဂျ် တို့ ၄ ဦးကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ အကယ်၍ မူကိုကို ကို ထပ်မံ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ၅ ဦးမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မေဆန် ဂရင်းဝုဒ်နဲ့ အတူ မူကိုကို ကိုပါ ခေါ်ယူ အားဖြည့်လိုက်နိုင်ရင်တော့ မာဆေးလ် အတွက် အားရစရာ ကောင်းတဲ့ နွေရာသီ အပြောင်းအရွှေ့ကာလလည်း ဖြစ်လာဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်