နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်မြေမှာ အာဆင်နယ်နဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ညတိုင်းဟာ လက်စတာ အတွက် ပျော်စရာ မကောင်းခဲ့ပါဘူး။

အာဆင်နယ် vs လက်စတာစီးတီး

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ နောက်ကျပွဲ တစ်ပွဲအဖြစ်ကစားဖို့ ကျန်ရှိနေသေးတဲ့ အာဆင်နယ်နဲ့ လက်စတာ စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကို SBOTOP ပရိသတ်တွေအတွက် ကြိုတင် ခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ်မှာ ထိပ်သီး ၄သင်း စာရင်းဝင်ရေး အဓိက ပစ်မှတ်ထားယှဉ်ပြိုင်နေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အာဆင်နယ်တို့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားရမှာအပြင် ပြိုင်ဘက် လက်စတာစီးတီးတို့ လက်တလော မှာ စွမ်းဆောင်ရည် ကျဆင်းနေလို့ နည်းပြ မီခယ်အာတေးတား အနေနဲ့ အနိုင် ၃ မှတ် အပြည့်ရဖို့ သေချာပေါက် ပြင်ဆင်လာ မှာပါ။ နည်းစနစ်ကြွယ်ဝတဲ့ အာတေးတားဟာ ထူးချွန်တဲ့ နည်းပြတစ်ဦး ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အသင်းကို အကောင်းဆုံး ပုံစံရအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ အခုနှစ် ရာသီအစ ကတည်းက နိုင်ပွဲတွေရရှိခဲ့တဲ့ အာဆင်နယ်တို့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး နှစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားပြီး ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားတဲ့ပွဲစဉ်တွေ အားလုံးမှာတော့ အနိုင်ရထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ရက်ပစ်ဝီရင်နဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာလည်း အစောပိုင်း ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် တိုက်စစ်က အော်ဘာမီယန်းဝင်လာချိန်မှာတော့ ကစားပုံတော်တော်လေး ကောင်းခဲ့တာကြောင့် ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ ပြန်ပြီးအနိုင်ရခဲ့ပါတယ်။ ကွင်းလယ်က သောမက်စ်ပါတေး အသင်းနဲ့ မြန်မြန်ဆန်ဆန် အသားကျခဲ့တာ ကလည်း နည်းပြအာတေးတားအတွက် ဝမ်းသာစရာပါ။ လက်ရှိအသင်းအတွက် လိုအပ်နေတာက ဘယ်ကစားသမား ကို ဘယ်နေရာမှာ ထားပြီး ကစားစေမယ်ဆိုတဲ့ ကိစ္စဖြစ်ပြီး အာတေးတားအတွက် တချို့နေရာတွေမှာ ဆုံးဖြတ်ချက် ချရခက်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။ အခုပွဲစဉ်မှာ ရလဒ်ကောင်းခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေလို့ အာတေးတားနဲ့ အာဆင်နယ်အသင်းသား တွေ လက်လွတ်ခံမယ်မထင်ပါဘူး။

၁၉၇၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ လက်စတာတို့ အာဆင်နယ်ကွင်းမှာ သရေပဲ အမြင့်ဆုံး မျှော်လင့်နိုင်ခဲ့တာ တွေ့ရပါတယ်။
အာဆင်နယ်နဲ့ နောက်ဆုံး ၁၃ ကြိမ်တွေ့ဆုံမှုမှာ ၃ကြိမ်ပဲ အနိုင်ရထားတဲ့ လက်စတာစီးတီး

လက်စတာစီးတီးကတော့ အခုနှစ်ပရီးမီးယားလိဂ်မှာ ရာသီအစ ဖွင့်စဉ် ၃ပွဲစလုံးအနိုင်ရခဲ့ပေမယ့် နောက်ဆုံး ၂ပွဲဆက်ရှုံးပြီး အမှတ်ပေးဇယား အဆင့်၇နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာစီးတီးတို့ မန်ချက်စတာစီးတီးလို အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီးချိန်ကစလို့ အိမ်ကွင်းမှာ ကစားတဲ့ ပွဲစဉ် ၂ပွဲလုံး ရှုံးပွဲတွေ့ထားပါတယ်။ ပွဲစဉ် ၄မှာ ဝက်စ်ဟမ်းကို ၀-၃ နဲ့ အရေးနိမ့်ပြီး ပွဲစဉ် ၅မှာတော့ အက်စတွန်ဗီလာကို ၀-၁ နဲ့ ထပ်ပြီးရှုံးနိမ့်ခဲ့ပါတယ်။ ကြားရက်မှာ ကစားတဲ့ ယူရိုပါလိဂ်မှာတော့ ယူကရိန်းကလပ် ဇော်ရာကို ၃ဂိုးပြတ်အနိုင်ရထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အခုပွဲဟာ အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ ရဲ့ ၁၄၄ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ပြီးခဲ့တဲ့ ၁၄၃ကြိမ်မှာ အာဆင်နယ် က ၆၇ကြိမ်အထိ အနိုင်ရထားပြီး လက်စတာစီးတီးက ၃၂ကြိမ်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄၅ပွဲအထိ ရှိထားပြီး တော့ နောက်ပိုင်းနှစ်တွေမှာလည်း အာဆင်နယ်တို့ပဲ အသာစီးရထားတာ တွေ့ရပါတယ်။  ၁၉၇၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် မှာ လက်စတာတို့ အာဆင်နယ်ကွင်းမှာ သရေပဲ အမြင့်ဆုံး မျှော်လင့်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပူပူနွေးနွေး ပြီးခဲ့တဲ့လက ခရာဘောင် ဖလား တွေ့ဆုံမှုမှာတင် အာဆင်နယ် က လက်စတာကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာပါ။ အာဆင်နယ်တို့ အနိုင် ၃ မှတ်အတွက် မဖြစ်မနေ အားထုတ်လာမှာ ဖြစ်လို့ လာကာဇက်၊ အော်ဘာမီယန်၊ ပေပေ၊ ပါတေး၊ ဆာကာ၊ တီယာနီ၊ ဆာကာတို့လို ကစားသမား တွေကို ကျိန်းသေပေါက် အသုံးပြုလာနိုင်ပါတယ်။ လက်စတာ ဘက်မှာ တော့ ခံစစ်က ဆွိုင်ယွန်ချူး၊ ပရဲရားတို့ ပါဝင်လာနိုင်ဦးမှာ မဟုတ်ပဲ ဗာဒီ၊ ဘန်းစ်၊ တိုင်လီမန့်စ်၊ ကတ်စတန်ဂီ၊ ဖိုဖာနာတို့ကို တော့ အဓိကပွဲထွက်လူစာရင်းမှာ အသုံးပြုလာဖွယ်ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs လက်စတာ စီးတီး 1X2 အာဆင်နယ် @ 1.99
အောက်တိုဘာလ ၂၆ ရက်, မနက် ၁:၄၅ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၁.၉၉ ဆ၊ ဧည့်သည်ဘက်က ၃.၆၀ ဆနဲ့ သရေအတွက် ၃.၄၅ ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ အာဆင်နယ်ကို အားမရပေမယ့် လက်စတာကိုလည်း ယုံကြည်လို့မရသေးပါဘူး။ အာဆင်နယ်တိုက်စစ်မှာ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ရှိနေပြီးတော့ လက်စတာတို့ အန်းမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို အသာမရခဲ့တာ ကြာပြီမို့လို့ အနိုင် ၃မှတ်အတွက် ခြေကုန်ထုတ်ကစားမယ့် ဂန်းနားတွေဘက်မှာ ရပ်တည်တာဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါ။ အာဆင်နယ်တို့ ကပ်ပြီး အနိုင်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်