နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ကျွန်တော်များ SBOTOP ပရိသတ်တွေအတွက် လာလီဂါရဲ့နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြရမယ်ဆိုရင် မက်ဆီရဲ့သတင်းကိုပဲ စပြီး ဖော်ပြရမှာဖြစ်ပါတယ်။

လက်တလော စပိန်မီဒီယာတွေအကုန်လုံးနီးပါးမှာ ဘာစီလိုနာနဲ့ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အကျယ်တ၀င့်ဖော်ပြနေကြသလို တစ်ကမ္ဘာလုံးက လည်းစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အပြောင်းအရွှေ့တစ်ခုသတင်း လည်းဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကတည်း ဘာစီလိုနာနဲ့ မက်ဆီကြားမှာ အဖုအထစ်တွေရှိနေတာကို စတင်မြင်တွေ့ခဲ့ရပြီး ဥက္ကဋ္ဌ ဘာတိုမျူနဲ့ အဆင်မပြေ‌တော့တဲ့ မက်ဆီအနေနဲ့ အခုနောက်ဆုံးမှာတော့ ၁၆နှစ်ကြာ ကစားခဲ့တဲ့ လာလီဂါကလပ်ကို စွန့်ခွာတော့မယ်လို့ ထုတ်ပြောလာခဲ့ပါပြီ။ ဒီသတင်းဟာ မက်ဆီကို အရခေါ်ဖို့ အမြဲချောင်းနေခဲ့တဲ့ ဥရောပအချမ်းသာဆုံးကလပ်တွေအတွက် သတင်းကောင်းဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး တို့ကတော့ လက်တလောမှာ အတိအလင်းကြိုးစားနေတဲ့ အသင်းတွေဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၇၀၀ တန်ကြေးရှိတဲ့ မက်ဆီကို ပေါင်သန်း ၅၀၀လောက်ထိပေးပြီး ကမ်းလှမ်းနိုင်သလို ဂျီးဆပ်စ်၊ အဲရစ်ဂါစီယာ၊ ဘရာနာဒိုဆေးလ်ဗား နဲ့ ပေါင်သန်း ၁၀၀အလိုက်ပေးကမ်းလှမ်းဖို့လည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ The Sun သတင်းစာကဖော်ပြချက်အရဆိုရင် မက်ဆီရဲ့ အဖေဟာ မန်ချက်စတာမြို့ကိုတောင် ရောက်ရှိနေပြီး ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။ မန်စီးတီးအနေနဲ့ မက်ဆီအတွက် လုပ်ခလစာ အဖြစ် တစ်နှစ်ကို ပေါင် သန်း၉၀ လောက်ပေးချေရဖွယ်ရှိနေတာပါ။

လာလီဂါကလပ်မှာ ပြန်ကစားခဲ့ပေမယ့် နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားမဟုတ်လို့  ပွဲထွက်ကစားခွင့်မရပါဘူး။
နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားစာရင်းမှာ မပါတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

ဘာစီလိုနာအသင်းနဲ့ပတ်သတ်တဲ့ အပြောင်းအရွှေ့သတင်းတွေကို ဆက်လက်ဖော်ပြရရင် ပြီးခဲ့တဲ့ရာသီက ဘေယန်မြူးနစ်မှာ အငှားသွားရောက်ကစားပြီး ပြန်လာတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်ကစားလိုတဲ့ သဘောမျိုး ပြောကြားခဲ့တယ်လို့သိရပါတယ်။ ဘေယန်မြူးနစ်က ၈-၂ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မိခင်ကလပ် ဘက်ကို နှစ်ဂိုးသွင်းယူခဲ့တဲ့ ကော်တင်ဟိုကတော့ သူ့ရဲ့ အိမ်မက်အသင်းဟာ ဘာစီလိုနာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ကော်တင်ဟိုကိုတော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် အပါအ၀င် အသင်းတော်တော်များများက ချိတ်ဆက်ထားခဲ့ပေမယ့် အခုလိုပြောစကားကြောင့် ‌သူ့ကိုခေါ်ယူမယ့်အသင်းတွေ အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ အနာဂတ်အသင်းစီမံကိန်းမှာ မပါ၀င်တော့တဲ့ လူး၀စ်ဆွာရက်ဇ်ကတော့ မက်ဆီနဲ့ အတူအသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့သိရပါတယ်။ မက်ဆီနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ဟာ ကိုးမန်းရဲ့ အပြုအမူကို ဒေါသထွက်နေပြီး မက်ဆီ အသင်းပြောင်းတာနဲ့ တစ်ခါတည်းအသင်းကနေလိုက်ထွက် လိမ့်မယ်လို့ စပိန်မီဒီယာတွေမှာ ထင်ကြေးပေးပြောဆိုနေကြပါတယ်။ လက်တလောမှာတော့ ဆွာရက်ဇ်ကို အသင်းဟောင်း အေယက်စ် နဲ့ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းတို့က ကမ်းလှမ်းထားပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုနေပါတယ်။ သတင်းတွေအရ ဘေယန်မြူးနစ်နဲ့ ရီးရဲမက်ဒရစ်တို့မှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း အန်ဆယ်လော့တီရှိရာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့နီးစပ်နေတယ်လို့သိရပါတယ်။ အသက် ၂၉နှစ်အရွယ် ဂျိမ်းစ်ဟာ ၂၀၁၄ခုနှစ်မှာ မိုနာကိုအသင်းကနေပြောင်းရွှေ့လာပြီး ၂၀၁၇ခုနှစ်မှာ ဘေယန်မြူးနစ်ကို အငှားချခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက လာလီဂါကလပ်မှာ ပြန်ကစားခဲ့ပေမယ့် နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားမဟုတ်‌လို့ ပွဲထွက်ကစားခွင့်မရပါဘူး။

စပိန်မီဒီယာတချို့ရဲ့ဖော်ပြချက်အရဆိုရင် ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို အသင်းက လူကာဂျိုဗစ်နဲ့ အလဲအလှယ်ပြုလုပ်ပြီး ခေါ်ယူချင်နေတယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းအတွက် ၁၄၃ပွဲကစားပြီး ၅၅ဂိုးသွင်းပေးထားတဲ့ လာကာဇက်ကို အစောပိုင်းကတည်းက ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ပြီး လက်ရှိမှာ‌တော့ လာလီဂါ ထိပ်သီးလည်းပါ၀င်လာခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ ကွင်းလယ်ကစားသမား ဒန်နီဆယ်ဘာလော့စ် အနေနဲ့လည်း အသင်းမှာ ဆက်မနေချင်တဲ့ ပုံစံမှာရှိပြီး တခြား လာလီဂါကလပ်မဟုတ်ရင် အာဆင်နယ်ကိုပဲ ပြန်သွားမယ့်သဘောမှာရှိနေပါတယ်။

လာမယ့်ရာသီ ဥရောပ၀င်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဗလင်စီယာကတော့ ကစားသမားတော်တော်များများကို ထုတ်ရောင်းနေပြီး အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ရိုဒရီဂိုကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းထ့ ရောင်းချလိုက်ပါတယ်။ အသက် ၂၉နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှုး ရိုဒရီကတော့ ပေါင်ရွှေ့ကြေး ပေါင် ၂၇သန်း နဲ့အတူ လေးနှစ်စာချုပ်နဲ့ ပရီးမီးယားလိဂ်ကလပ်ထံရောက်ရှိခဲ့ပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်