နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရက်ပိုင်းအတွင်း ကိုပါဒယ်ရေး မကျေပွဲ ပြန်နွှဲကြမယ့် ဆိုစီဒက်နဲ့ ဘီလ်ဘာအို – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက် – ဘီလ်ဘာအို

အခုတစ်ပတ် ကြားရက်မှာတော့ လာလီဂါ ပွဲစဉ် ၂၉ လက်ကျန်ပွဲစဉ် တစ်ပွဲ အဖြစ် ရီးရဲယ်ဆိုစီဒက်နဲ့ ဘီလ်ဘာအိုတို့ ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကပဲ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ဆိုစီဒက်တို့ မီခယ် အိုရာဇာဘယ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရ ဗိုလ်ဆွဲထားခဲ့ပါတယ်။

ရီးရဲယ်ဆိုစီဒက်တို့ ဒီရာသီ လာလီဂါ ပထမအကျော့မှာ ဘီလ်ဘာအိုကို ၀-၁ ကို အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ကိုပါဒယ်ရေး မှာလည်း ပင်နယ်သွင်းဂိုး ၁ ဂိုးတည်းနဲ့ ကပ်နိုင်ထားပါတယ်။ ဆိုစီဒက်တို့ ဖလားတစ်လုံး ရခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်း ကတော့ စိတ်ပျက်စရာပါ။ လာလီဂါ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် အဲလ်ဗက်စ်၊ လီဗန်တေးတို့လို အသင်းတွေကို အနိုင်ရခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကို သရေကစားနိုင်ခဲ့တယ် ဆိုပေမယ့် ဂရန်နာဒါကို ရှုံးပြီး ဘာစီလိုနာကို ၁-၆ နဲ့ ဂိုးပြတ်ထပ်ရှုံးထားပါတယ်။ ရီးရဲယ်ဆိုစီဒက်တို့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး ရာသီအကုန်မှာ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတာကြောင့် အခုပွဲ အနိုင်ရရင် အဆင့် ၅ နေရာ အထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွတ်ခံလိမ့်မယ် မထင်ပါဘူး။ တစ်ချက်ရှိတာက အသင်းမှာ ဆိုလာ၊ အီယာယာမန်ဒီ၊ ဒါးဗစ် ဆေးလ်ဗား၊ ဆန်ဂါလီ တို့လို ကစားသမားတွေ ဒဏ်ရာရနေပါတယ်။ ရီးရဲယ်ဆိုစီဒက်ရဲ့ ဒီရာသီ လာလီဂါ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲသာ ရှုံးနိမ့်ထားလို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

 
ဘီလ်ဘာအို ကတော့ ထုံးစံအတိုင်း ရာသီသိမ်းခါနီးရင် သိသိသာသာ ခြေကျသွားပြီး လာလီဂါ အမှတ်ပေးဇယား အလယ်လောက်မှာ တဝဲလည်လည် ဖြစ်နေခဲ့ပြန်ပါပြီ။ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ ဘီလ်ဘာအိုရဲ့ ပြသနာက တိုက်စစ်က ဂိုးရဖို့ သိပ်မခက်ပေမယ့် ခံစစ်က ဂိုးတွေ ပြန်ပြန်ပေးနေရလို့ ရမှတ်တွေ ရသင့်သလောက် မရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဆိုစီဒက်ကို ခြေရည်တူ ကစားပြီး ၆၃ မိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် ရှုံးနိမ့်ခဲ့တဲ့ ဘီလ်ဘာအိုတို့ ဆိုစီဒက်ကို အခဲမကြေလောက်ပါဘူး။ ဒါပေမယ့် ဘီလ်ဘာအိုတို့ ရီးရဲယ်ဆိုစီဒက်နဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ရှုံးနိမ့်ထားပါတယ်။ ဘီလ်ဘာအို တို့ ပြီးခဲ့တဲ့ ပွဲကလူစာရင်းအတိုင်း ပွဲထွက်လာနိုင်ပြီး နည်းစနစ်ပိုင်း အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပြီး ပွဲထွက်လာဖို့များပါတယ်။ ဘီလ်ဘာအိုရဲ့ ဒီရာသီ လာလီဂါ အဝေးကွင်း စွမ်းဆောင်မှုကတော့ ၂ ပွဲသာ အနိုင်ရပြီး ၅ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ဘီလ်ဘာအို ကတော့ ထုံးစံအတိုင်း ရာသီသိမ်းခါနီးရင် သိသိသာသာ ခြေကျသွားပြီး လာလီဂါ အမှတ်ပေးဇယား အလယ်လောက်မှာ တဝဲလည်လည် ဖြစ်နေခဲ့ပြန်ပါပြီ။
ရီးရဲယ်ဆိုစီဒက်ကို ကိုပါဒယ်ရေးမှာ ပူပူးနွေး အရေးနိမ့်ထားတဲ့ ဘီလ်ဘာအို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်ဆိုစီဒက်တို့ ဘီလ်ဘာအို ကို တွေ့ဆုံမှု တော်တော်များများမှာ အသာရခဲ့ပြီး ၁၁ ကြိမ်အထိ အနိုင်ရခဲ့သလို ဘီလ်ဘာအို ကတော့ ၇ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ ဒီရာသီအတွက် နှစ်ကြိမ် တွေ့ဆုံ ကစားခဲ့ရာ မှာတော့ ဆိုစီဒက်က ၂ ကြိမ်စလုံး အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲယ်ဆိုစီဒက် – ဘီလ်ဘာအို အချိန်ပြည့် 1X2 အိမ်ရှင် @ 2.20
ဧပြီလ ၈ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၆၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ရက်ပိုင်းအတွင်း မကျေပွဲနွှဲရမယ့် နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကတော့ ဒီတစ်ကြိမ်မှာလည်း ပြင်းထန်လာပါလိမ့်မယ်။ နှစ်သင်းက ခြေစွမ်း သိပ်မကွာလို့ သရေရလဒ်ကို မျှော်လင့်ချင်တာပါ။ ဒါပေမယ့် ဆိုစီဒက်က ဘီလ်ဘာအိုကို ဘယ်လို အနိုင်ကစားရမယ်ဆိုတာ သိနေတဲ့ အသင်းဖြစ်လို့ မစွန့်စားချင်ပါဘူး။ အိမ်ရှင်ဘက်မှာပဲ ရဲရဲတင်းတင်း ရပ်တည်ပါမယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်