နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီဗီလာ ကွင်းမှာ ဗီလာရီးရဲယ်တို့ သရေတစ်မှတ်ပဲ မျှော်လင့်ခွင့်ရှိမယ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ vs ဗီလာရီးရဲယ်

အခုတစ်ပတ်မှာ ကစားမယ့် လာလီဂါ ပွဲစဉ်တွေထဲက ဆီဗီလာနဲ့ ဗီလာရီးရဲယ်တို့ရဲ့ ပွဲစဉ်ကို SBOTOP လာလီဂါ ပရိသတ်တွေ အတွက်ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိ လာလီဂါမှာ နည်းပြ အူနိုင်းအန်မေရီ ကိုင်တွယ်ပြီး နောင်ပိုင်း ရလဒ်တွေ ကောင်းနေတဲ့ ဗီလာရီးရဲယ်တို့ အမှန်တကယ်ပဲ ခြေစွမ်းကောင်းနေတာလား ဆိုတာ  အခု ဆီဗီလာနဲ့ ပွဲက နောက်ထပ် စာမေးပွဲ တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

ဆီဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အေစီမီလန်အသင်းက စပိန်တိုက်စစ်မှူးဟောင်း ဆူဆိုရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ ဗလင်စီယာ ကို ၁-၀ ဂိုး ရလဒ်နဲ့ အနိုင်ရထားပါတယ်။ လက်ရှိခြေစွမ်းကို ကြည့်မယ်ဆိုရင် ပွဲစဉ် ၁၂ မှာ ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့ ရှုံးနိမ့့်ခဲပြီးကတည်းက ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသရေထားပါတယ်။ ဆီဗီလာတို့ လက်ရှိ လာလီဂါမှာ ၁၃ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည် ကို ကြည့်မယ်ဆိုရင် ၆ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၁၀ မှတ် စုဆောင်းထားနိုင်ပါတယ်။ နည်းပြ လိုပက်တက်ဂွီရဲ့ အသင်းက ဒီရာသီ အစောပိုင်းမှာ အနည်းငယ် ရုန်းကန်နေရခဲ့ရလို့ လက်တလောမှာတော့ ရမှတ်လိုအပ်ချက်အတွက် အားထည့် ကစားနေချိန် ဖြစ်တယ်ဆိုတာကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။

ဗီလာရီးရဲယ်တို့ လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ၁၅ ပွဲကစားရာမှာ ၆ ပွဲနိုင်၊ ၈ ပွဲသရေကျပြီး ၁ ပွဲရှံးထားပါတယ်။
လက်ရှိလာလီဂါရဲ့ သရေပွဲ အများဆုံး အသင်း ဗီလာရီးရဲယ်

ဗီလာရီးရဲယ်တို့ လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ၁၅ ပွဲကစားရာမှာ ၆ ပွဲနိုင်၊ ၈ ပွဲသရေကျပြီး ၁ ပွဲရှံးထားပါတယ်။ လက်တလော လာလီဂါမှာ သရေအများဆုံး ကျထားတဲ့ အသင်းတစ်သင်း ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၆ ပွဲမှာ သရေ ၅ ပွဲကျပြီး ၁ ပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဘီလ်ဘာအို အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပေမယ့် နောက်ကနေ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း ၇၄ မိနစ်ရောက်မှ ပင်နိုရဲ့ သွင်းဂိုးကြောင့် သရေကျခဲ့တာကို ကြည့်ခြင်းအားဖြင့် ဗီလာရီးရဲယ်တို့ ခြေစွမ်းက နိုင်ပွဲရဖို့ထက် သ‌ရေ ၁ မှတ်ရဖို့တောင် ရုန်းကန်နေရတာ တွေ့ရပါတယ်။ အခုပွဲစဉ်မှာ ဗီလာရီးရဲယ် တိုက်စစ်က ဂျာရတ်မိုရီနိုကို စောင့်ကြည့်ရဖို့ ရှိနေပြီး အသက် ၂၈ နှစ်အရွယ် စပိန်တိုက်စစ်မှူးကတော့ ၁၃ ပွဲကစားရာမှာ ၈ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆီဗီလာနဲ့ ဗီလာရီးရဲယ်တို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃၁ ကြိမ်မှာ ဆီဗီလာက ၁၄ ပွဲအနိုင်ရပြီး ဗီလာရီးရဲယ်က ၈ ပွဲနိုင်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၉ ပွဲအထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက် တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဗီလာရီးရဲယ်က တစ်ပွဲအနိုင်ရပြီး ၁ ပွဲသရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆီဗီလာ vs ဗီလာရီးရဲယ် 1X2 ဆီဗီလာ @ 2.14
ဒီဇင်ဘာလ ၂၉ ရက်, ည ၁၀:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၄ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၅၀ ဆ ကြေးဖွင့်ပြီး သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဆီဗီလာတို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဗလင်စီယာလို အသင်း အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပေမယ့် အနိုင်ရခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ဗီလာရီးရဲယ်တို့ ဆီဗီလာထက် မြင့်တဲ့ နေရာ ကို ရောက်နေပေမယ့် တကယ့် ခြေစွမ်းပိုင်းမှာတော့ အိမ်ရှင်အသင်းက ပိုပြီး ကောင်းနေတာ တွေ့ရပါတယ်။ လက်ရှိမှာ ကစားသမား စုဖွဲ့မှုတောင့်တင်းနေပြီး လာလီဂါကို ပြန်လည် အာရုံစိုက်ကစားနေတဲ့ ဆီဗီလာတို့ နောက်ထပ် နိုင်ပွဲ တစ်ပွဲ ရှာတွေ့သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်