နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အလွန်ဆို | လာလီဂါ

လက်ရှိ လေဗာကူဆင် အသင်းရဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဇာဘီ အလွန်ဆို အနေနဲ့ အသက်အရွယ် ရလာတဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံဖို့ အတွက် ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ကြောင်း သတင်းတွေက ဆက်တိုက်ကို ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။

စပိန် လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ အတူ အမှတ်ပေးချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပိုကယ်ဖလားနဲ့ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ လက်တစ်ကမ်း အကွာ အထိ ရောက်ရှိခဲ့ပြီးတော့ အတ္တလန္တာကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့လို့သာ ဖလား ၃ လုံး အိမ်မက်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ဆိုဟာ လေဗာကူဆင်ကို တစ်ရာသီလုံး ရှုံးပွဲ မရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ ဘွန်ဒက်စ်လီဂါ ဆုဖလားကို ရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို သူ့ရဲ့ နည်းပြ ဘဝ ပွဲဦးထွက်မှာတင် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အလွန်ဆို ကိုတော့ ဥရောပထိပ်တန်း ကလပ် တော်တော်များများက ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆို ကိုယ်တိုင် ကတော့ ထိပ်တန်း အသင်းတွေကို ပြောင်းရွှေ့ခဲ့ခြင်း မရှိပဲ လေဗာကူဆင်နဲ့သာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အလွန်ဆို ကိုတော့ အဲဒီ အချိန် ကတည်းက လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အန်ဆယ်လော့တီ အနားယူခဲ့ရင် အလွန်ဆိုကို ခန့်အပ်သွားဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပြီးတော့ လာလီဂါ ကလပ်မှာ နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဖို့ များနေတဲ့ အလွန်ဆို

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်၊ လာလီဂါနဲ့ ဆုဖလား များစွာ ဆွတ်ခူးပေးထားနိုင်တဲ့ ကာလို အန်ဆယ်လော့တီ ကတော့ အသက် အရွယ် အားဖြင့် ၆၅ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပြီးတော့ လာလီဂါ ကလပ်မှာ နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘေယန်မြူးနစ်၊ နာပိုလီ၊ ဂျူဗင်တပ်စ်၊ အဲဗာတန် အစရှိတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး နည်းပြ ဘဝ အမြင့်ဆုံး အောင်မြင်မှုတွေ၊ စံချိန်တွေ ရရှိထားတဲ့ အန်ဆယ်လော့တီရဲ့ အသက်အရွယ်ဟာ သိပ်မကြာခင်မှာပဲ အနားယူရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အန်ဆယ်လော့တီက လာမယ့် နှစ်လောက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အလွန်ဆို ကတော့ ၂၀၂၅ ဒါမှမဟုတ် ၂၀၂၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ မကြာသေးတဲ့ အချိန် ကတော့ အန်ဆယ်လော့တီက အသင်းကို လာမယ့် ဇန်နဝါရီလမှာ အင်အား ထပ်မံ ဖြည့်တင်းဖို့ ပီရက်ဇ်ထံ တောင်းဆိုမှုတွေ ပြုလုပ်မယ်လို့ သိရတာကြောင့် အီတလီသားကြီး အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ် အထိတော့ အသင်းမှာ ဆက်ရှိဦးမယ့် သဘော ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်