စပိန်လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပါပြီ။ ဇာဘီ အလွန်ဆို ဘာနေဗျူးဆီ ရောက်ရှိလာမှုကို ပြီးခဲ့တဲ့ ရက်က တရားဝင် ကြေညာခဲ့ပြီးတော့ စပိန်သားဟာ မက်ဒရစ်နဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလွန်ဆို အနေနဲ့ ရီးရဲလ်မက်ဒရစ် အတွက် စံချိန်တင် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံ ကိုင်တွယ်ရတော့မှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကလည်း သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးသူ အလွန်ဆိုကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီးတော့ အခုလိုပဲ ဂုဏ်ပြုစကားတွေ ဆိုခဲ့ပါတယ်။ ပီရက်ဇ်က “ရီးရဲလ်မက်ဒရစ်က ခင်ဗျား အတွက် ဘာကိုဆိုလိုတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကစားသမား ဘဝမှာ ခင်ဗျားဟာ ရီးရဲလ်မက်ဒရစ် အတွက် သာမက လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် အတွက်ပါ ခေတ် တစ်ခေတ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားဟာ ကမ္ဘာ့ဖလား ရခဲ့တဲ့ စပိန် လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘေယာ လေဗာကူဆင်မှာ ၃ နှစ် အတွင်း ခင်ဗျားဟာ ဒီမှာရော ကမ္ဘာတဝှမ်းမှာပါ ချီးကျူးခံရတဲ့ အသင်း တစ်သင်း အဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ လေဗာကူဆင်ရဲ့ နည်းပြ အဖြစ် ခင်ဗျား ရခဲ့တဲ့ အောင်မြင်မှုက ခင်ဗျားကို ကမ္ဘာ့ထိပ်တန်း နည်းပြတွေထဲက တစ်ယောက် ဖြစ်စေခဲ့ပါတယ်။ အခု ခင်ဗျား ဘဝရဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်။ ဒီပရိသတ်တွေက ခင်ဗျားကို ချစ်ခင်လေးစားကြတယ် ဆိုတာ ခင်ဗျား သိပါတယ်။ ကျွန်တော်တိ့် အတူတူ ပျော်ရွှင်စရာတွေ ထပ်ပြီး မျှဝေနိုင်မယ်လို့ ယုံကြည်ပါတယ်။ မက်ဒရစ် ကနေ ကြိုဆိုပါတယ်။ ဇာဘီ။” လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
အစောပိုင်းမှာ ဇာဘီ အလွန်ဆိုက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အလောတကြီး ပူးပေါင်းဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးမှုတွေ ခပ်မြန်မြန် ပြုလုပ်ခဲ့ပြီးနောက် နည်းပြနဲ့ အသင်း အကြားမှာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးနောက် အမြဲတမ်း နည်းပြ တစ်ဦး အစားထိုး မခန့်အပ်ခင် ယာယီ နည်းပြ တစ်ဦးဦးနဲ့ပဲ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း အလွန်ဆိုကို လာလီဂါ ထိပ်သီး တို့က ကလပ် ကမ္ဘာ့ဖလား အမှီ ခန့်အပ်နိုင်ခဲ့ပြီး တရားဝင် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာပြီးနောက် ဇာဘီ အလွန်ဆို ကလည်း “ဒီနေ့ဟာ ကျွန်တော့် အတွက် ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေမယ့် အထူးနေ့ တစ်နေ့ပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ကျွန်တော့်ရဲ့ ဆက်နွယ်မှုဟာ ဘယ်တော့မှ မပြတ်တောက်ခဲ့ပါဘူး။ ဒီနေ့ လေ့ကျင့်ရေးကွင်းကို တစ်နာရီခွဲလောက်ကြာ ဝင်ရောက်ခဲ့ချိန်မှာ အဲဒီခံစားချက်တွေ ပြန်လည် နိုးထခဲ့ပါတယ်။ ဥက္ကဌကြီး အနေနဲ့ ဒီခေတ်သစ်ကို ဦးဆောင်ဖို့ ကျွန်တော်ဟာ သင့်တော်တဲ့သူ ဖြစ်တယ်လို့ ယူဆပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကြေညာလိုက်ချိန်က စပြီး ရီးရဲလ်မက်ဒရစ်မှာ ခေတ်သစ် တစ်ခု အတွက် စိတ်လှုပ်ရှားမှုတွေ ရှိနေတာကို ကျွန်တော် ခံစားမိပါတယ်။ ဒါဟာ အားလုံး အတွက် ကောင်းမွန်တဲ့ အချိန်ပါ။ ကျွန်တော့် မိသားစု ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ မရှိရင် ဒီနေ့ ဒီနေရာမှာ ကျွန်တော် ရှိနေမှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး အလွန်ဆိုက နည်းပြဟောင်း အန်ဆယ်လော့တီနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော် တာဝန်ယူမယ့် နေရာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ခေတ်ဟာ ပြီးဆုံးသွားပါပြီ။ အန်ဆယ်လော့တီက ထူးချွန်တဲ့ နည်းပြ တစ်ယောက် ဖြစ်သလို ကောင်းမွန်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကာလိုဟာ ကျွန်တော့် အတွက် အကြီးမားဆုံး လွှမ်းမိုးမှု တစ်ခုပါ။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ သင်ခန်းစာတွေ မရှိခဲ့ရင် ကျွန်တော် ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။ သူထားခဲ့တဲ့ အမွေကို ဂုဏ်ယူစွာ လက်ဆင့်ကမ်းသွားပါမယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အထွပ်အထိပ်ကို ရောက်အောင် ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။” လို့ ဆိုပါတယ်။နောက်ဆုံး မှာတော့ အလွန်ဆိုက သူတို့မှာ ထူးချွန်တဲ့ အသင်း တစ်သင်း ပိုင်ဆိုင်ထားပြီး တောက်ပတဲ့ အနာဂတ်လည်း ရှိကြောင်း။ ရီးရဲလ်မက်ဒရစ်နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်မယ်လို ယုံကြည်ချက်နဲ့ ကောင်းမွန်တဲ့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.