နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လွန်ဒေါဆု ရရှိမယ်လို့ ယုံကြည်ချက် ရှိနေတဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမားက သူ့ အနေနဲ့ ရေပန်းစားနေတဲ့ အတိုင်း ၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရယူနိုင်မည်ဟု ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ဘောလုံး မဂ္ဂဇင်း France Football က နှစ်စဉ် ကျင်းပ ချီးမြှင့်တဲ့ ဘယ်လွန်ဒေါဆုဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အမြင့်မားဆုံး တစ်ဦးချင်း ဆုအောင်မြင်မှု ဖြစ်ပါတယ်။ ဒီနှစ် အတွက် ကိုတော့ လာလီဂါ ကလပ်နဲ့ အတူ အမြင့်ဆုံး ဆုဖလား အောင်မြင်မှုတွေ ရရှိထားခဲ့တဲ့ ဘရာဇီးလ် ကြယ်ပွင့် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက ရေပန်းအစားဆုံး စာရင်းမှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်ပါတယ်။

ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်နဲ့ အတူ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့ရာမှာ အဓိကကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်က ဘယ်လွန်ဒေါဆု အတွက် ကျွန်တော် ရေပန်းအစားဆုံး ဖြစ်နေတယ် ဆိုတာ သိပါတယ်။ တကယ်လို့ ရေပန်းစားတဲ့ အတိုင်း ကျွန်တော် ရခဲ့မယ် ဆိုရင် အရမ်းကို ပျော်ရွှင်ရမှာပါ။ ကျွန်တော့် အနေနဲ့ ကိုယ့်အကြောင်း ဒါမှမဟုတ် ဘယ်လွန်ဒေါ အကြောင်း ပြောရတာ မကြိုက်ပါဘူး။ ဒါပေမယ့် လူတွေ တအား ပြောနေကြတော့ ကျွန်တော် ရမယ်လို့ ယုံကြည်မှု ပိုရှိလာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂို ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ လာလီဂါ ကလပ်ကို ရောက်ကာစမှာ အသင်းနဲ့ အထိုင်ကျဖို အနည်းငယ် အချိန်ယူခဲ့ရပေမယ့် အခုချိန် မှာတော့ အသင်းရဲ့ မရှိ မဖြစ် ကစားသမား တစ်ဦး ဖြစ်နေခဲ့ပါပြီ။

ဗင်နီးစီးယပ်စ်ဟာ ရော်နယ်ဒို၊ ဂါရတ်သ် ဘေးလ်နဲ့ ဘန်ဇီမာတို့ ခေတ်အလွန်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။ ဘရာဇီးလ် ကစားသမားဟာ အခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင် ကစားပေးထားရာမှာ ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်မှာ နောက်ဆုံး ၃ နှစ် အတွင်း တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ ကျော် သွင်းယူပေးထားသလို ဂိုးဖန်တီးမှုတွေ ကလည်း အားရစရာ ဖြစ်ပါတယ်။ ဗင်နီဟာ နောက်ဆုံး ၃ နှစ် အတွင်း ဖန်တီးမှု ၄၄ ကြိမ် ပြုလုပ်ထားပါတယ်။ လက်တလောမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆု အတွက် ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်နဲ့ အမ်ဘာပေး တို့ဟာ အပြိုင်အဆိုင် ဖြစ်နေပါတယ်။ နောက်ဆုံး အကြိမ် ပေးအပ်ထားတဲ့ ဘယ်လွန်ဒေါဆု ကိုတော့ အာဂျင်တီးနား နာမည်ကျော် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိထားပြီး သူ့ အတွက် ၈ ကြိမ်မြောက် ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်