ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ တိုက်စစ်မှူး ကကီလီယန် အမ်ဘာပေးကို လိုချင်နေတာ တပိုင်းသေနေပြီ ဆိုတာ ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေ အားလုံးအသိ ဖြစ်ပြီး လိပ်နင်ဂျာလေး ကလည်း ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ ခြေတစ်ဖက် လှမ်းထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးက သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာလုပ်ချင်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိရဖို့ ခက်ခဲနေပါတယ်။ လာလီဂါ ထိပ်သီးနဲ့ အမ်ဘာပေးတို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို စောင့်ကြည့်နေတဲ့သူတိုင်း ရုပ်ရှင်ကားထဲက မင်းသားနဲ့ မင်းသမီး တွေ့ခါနီးဆို ကပ်ကပ်လွဲသွားသလို မချင့်မရဲကြီး ဖြစ်ကျန်ခဲ့ရပေါင်းလည်း မနည်းလောက်တော့ပါဘူး။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကလည်း လာမယ့် လအနည်းငယ် အတွင်းမှာ ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် လာလီဂါ ထိပ်သီးက အမ်ဘာပေးကို ခေါ်ယူဖို့ အာရုံစိုက်နေပါပြီ။ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မှာ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ ဘော့စမန် စည်းမျဉ်းအရ ပြည်ပ ကလပ်တွေနဲ့ အကြို သဘောတူ စာချုပ်ချုပ်ဆိုခွင့် ရတော့မှာ ဖြစ်ပါတယ်။
Diario Sport ရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ်က ပြင်သစ် တိုက်စစ်မှူးဟာ လာမယ့် ရာသီမှာ ဘာနေဗျူးမှာ ကစားလိမ့်မယ်လို့ အကောင်းမြင်စိတ် ရှိနေပေမယ့်လည်း အမ်ဘာပေးနဲ့ သူ့ကိုယ်စားလှယ်အဖွဲ့က စိတ်မမှန်ဘူး ဆိုတာ ကိုလည်း သတိပြုမိနေတယ်လို့ သိရပါတယ်။ အမ်ဘာပေး အနေနဲ့ အချိန်မရွေး ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကောက်တိုးနိုင်တယ် ဆိုတာကို အရင်တုန်းကလည်း တစ်ကွက်ပြထားခဲ့ပြီးသားပါ။
ဒါကြောင့် ရီးရဲလ်မက်ဒရစ် ကတော့ ယုံရခက်ကြီး ဖြစ်နေပြီး စိုးရိမ်နေတဲ့ အတိုင်းပဲ ခုဆိုရင် ပီအက်စ်ဂျီက အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုးဖို့ အတွက် အရှိန်မြှင့် လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘာပေးကို အသင်းနဲ့ နောက်ထပ် တစ်နှစ်လောက် ဆက်ရှိနေအောင် စည်းရုံးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Diario SPORT က ဖော်ပြခဲ့ပါတယ်။
ဒီတစ်ကြိမ် မှာတော့ ပြင်သစ် တိုက်စစ်မှူးကို ၂၀၂၅ ခုနှစ် နွေရာသီမှာ အပြောင်းအရွှေ့လုပ်ရ လွယ်အောင် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့ ထွက်ခွာခွင့် ကိုပါ ထည့်သွင်းချုပ်ဆိုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လာလီဂါ ကလပ် ကလည်း မကျေနပ်ပေမယ့်လည်း လက်ခံဖွယ် ရှိပြီး စာချုပ် သက်တမ်းတိုးနိုင်ခဲ့မယ် ဆိုရင် ပီအက်စ်ဂျီ အနေနဲ့ အမ်ဘာပေး အတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငွေကြေးထဲက တချို့တဝက်ကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ လာမယ့် အပတ် အတွင်းမှာ အမ်ဘာပေးကို နောက်ဆုံး စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုကို ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ Diario Sport က ဖော်ပြခဲ့ပါတယ်။ ဒီစာချုပ် သက်တမ်းတိုးမှုဟာ ၃ ဦး ၃ ဖက်စလုံး အတွက် အကျိုးအမြတ် ဖြစ်မှာ ဖြစ်လို့ ဒီနွေရာသီမှာလည်း ပြင်သစ် တိုက်စစ်မှူးကို ဘာနေဗျူးမှာ မြင်တွေ့ရဖွယ် မရှိသေးဘူးလို့ ယူဆရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.