နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီဗီလာ – ကာဒစ်ဇ် | လာလီဂါ ပွဲစဉ် ၃၄ (ပွဲကြိုသုံးသပ်ချက်)

ဆီဗီလာ – ကာဒစ်ဇ်

လာလီဂါ ပွဲစဉ် (၃၄) ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဆီဗီလာတို့ ကာဒစ်ဇ်ကို ဆန်းချက်ဇ် ပစ်ဇ်ဟွမ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ဆီဗီလာတို့ ဘာစီလိုနာ ဆီက လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် လုယူဖို့ အားစိုက်လာမှာ ဖြစ်သလို ကာဒစ်ဇ် ကလည်း တန်းဆင်းဇုန် ဖိအားအောက်ကနေ တတ်နိုင်သမျှ ရုန်းထွက်ဖို့ ကြိုးစားရဦးမှာ ဖြစ်လို့ အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ဆီဗီလာတို့ ယူရိုပါလိဂ်မှာ ၁၆ သင်း အဆင့်နဲ့ ကျေနပ်ခဲ့ရပြီးနောက် လာလီဂါကို အပြည့်အဝ အာရုံပြန်စိုက်နေပေမယ့် ရလဒ်ပိုင်း ကတော့ အားရစရာ မရှိတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားထားတဲ့ လာလီဂါ ပွဲစဉ် ၅ ပွဲမှာ ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်ကို ရှုံးထားပြီး ဆိုစီဒက်ကို သရေ၊ ဂရန်နာဒါနဲ့ လီဗန်တေး ကိုတော့ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိမှာ ဆီဗီလာတို့ အဆင့် ၂ နေရာက ဘာစီလိုနာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၃ နေရာကို ရောက်ရှိနေပြီး အဆင့် ၅ နေရာက ရီးရဲယ်ဘက်တစ်ကို ၆ မှတ် ဖြတ်ထားနိုင်လို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း သိပ်ပြီး စိတ်ပူစရာ မလိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဂျူလန် လိုပက်တက်ဂီ အသင်းရဲ့ ဒီရာသီ အဓိက ပစ်မှတ်က လာလီဂါ အဆင့် ၂ နေရာ ရဖို့ ဖြစ်ပြီး အကယ်၍သာ စွမ်းဆောင်နိုင်ခဲ့မယ် ဆိုရင်တော့ ၂၀၀၉ ခုနှစ် နောက်ပိုင်း အဆင့် ၄ နေရာထက် မြင့်တဲ့ နေရာနဲ့ ရာသီသိမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ ဆီဗီလာရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် တော်တော်လေး အားရစရာ ကောင်းပြီး ၁၆ ပွဲ ကစားထားရာမှာ ၁၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒါဟာ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ ရီးရဲယ်မက်ဒရစ်နဲ့ တူညီတဲ့ စွမ်းဆောင်ရည် တစ်ခုလည်း ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ အဓိက တိုက်စစ်မှူး ရာဖာမီရာ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိပြီး ဆူဆို၊ ရီကစ်ခ်၊ ဖာနန်ဒိုနဲ့ မာစီရယ် တို့လည်း ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်စ်ပန်ညို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဘွန်နူ၊ ကားလို့စ်၊ ကွန်ဒေး၊ နာဗက်စ်၊ အကူနာ၊ ရာကီတစ်၊ ဂျော်ဒန်၊ ဂိုမက်ဇ်၊ ကိုရိုနာ၊ အိုကမ်ပို့စ်၊ အန်နီဆီရီ
ပြီးခဲ့တဲ့ ရာသီက လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၂ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ ကာဒစ်ဇ်တို့ လက်ရှိ ရာသီ မှာတော့ တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်နေရပါတယ်။ လက်တလော တန်းဆင်းဇုန်ရဲ့ အထက်မှာ ၁ မှတ် အသာနဲ့ ရပ်တည်နေတဲ့ ကာဒစ်ဇ်တို့ လက်ကျန် ၅ ပွဲမှာ ဆီဗီလာ၊ ဆိုစီဒက်၊ ရီးရဲယ်မက်ဒရစ်တို့လို အသင်းကြီးတွေနဲ့ ကစားရဦး မှာဖြစ်သလို အဲလ်ချီ၊ အလာဗက်စ် တို့နဲ့လည်း တန်းဆင်းဇုန် တိုက်ပွဲတွေ နွှဲရဦးမှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ ကာဒစ်ဇ်တို့ နောက်ဆုံး ၅ ပွဲမှာ ဘာစီလိုနာနဲ့ ဗီလာရီးရဲယ် တို့လို အသင်းတွေကို အံ့အားသင့်စရာ ခြေစွမ်းနဲ့ အနိုင်ရထားပြီး ဘက်တစ်နဲ့ ဘီလ်ဘာအို တို့ကိုတော့ ရှုံးနိမ့်ထားပါတယ်။ ကာဒစ်ဇ်ဟာ အခုနှစ် လာလီဂါမှာ အိမ်ကွင်း အညံ့ဆုံး အသင်း ဖြစ်နေပေမယ့် အိမ်ကွင်း မှာတော့ ၁၆ ပွဲ ကစားပြီး ၁၇ မှတ် ရှာဖွေထားနိုင်လို့ အသင်းငယ်တွေထဲ မှာတော့ သိပ်ပြီး မဆိုးလှတဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ ရပါတယ်။ အခုလာမယ့်ပွဲ ကိုတော့ ဟာရိုယန်၊ ကာဆယ်လန်၊ အန်ဒန်း တို့က လွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – လီဒက်စ်မာ၊ ချက်စ်၊ ဟာနန်ဒက်ဇ်၊ အကာပို၊ အက်စ်ပီနို၊ အီဒရစ်ဆီ၊ အယ်လီဟို၊ ဖာနန်ဒက်ဇ်၊ အမ်မီတာရီယို၊ ပီရက်ဇ်၊ နီဂရီဒို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲ တွေ့ဆုံမှုမှာ ဆီဗီလာတို့ ကာဒစ်ဇ်ကို ၆ ကြိမ်စလုံး အနိုင်ရထားခဲ့ပါတယ်။ လာလီဂါ နောက်ဆုံး ၃ ပွဲ တွေ့ဆုံမှု မှာတော့ ဆီဗီလာတို့ ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ပွဲ တစ်ပွဲသာ ရှိခဲ့ပြီး ကျန် နှစ်ပွဲ ကိုတော့ ၃-၀၊ ၃-၁ ရလဒ်တွေနဲ့ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ လာလီဂါ ပထမအကျော့ ပွဲစဉ် မှာ ဆီဗီလာတို့ လူးကပ်စ် အိုကမ်ပို့စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ကာဒစ်ဇ်ကို အနိုင်ရထားတာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဆီဗီလာ အတွက် ၁.၅၇ ဆ၊ ကာဒစ်ဇ် အတွက် ၅.၆၀ ဆ၊ သရေ အတွက် ၃.၉၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဦးတည်ချက် မတူပေမယ့် ရမှတ် လိုအပ်နေတာချင်းတော့ တူနေလို့ နှစ်သင်းလုံး အားစိုက်လာဦးမှာပါ။ ဆီဗီလာတို့ ဒီရာသီ ဆန်းချက်ဇ်ပစ်ဇ်ဟွမ်မှာ ရီးရဲယ်မက်ဒရစ် တစ်သင်းတည်းကို ရှုံးနိမ့်ထားသလို နိုင်ပွဲ ၁၁ ပွဲ အထိ ရှာဖွေထားနိုင်ပါတယ်။ ဆီဗီလာတို့ အနိုင်သေချာပြီး ဂိုးလည်း ပြတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆီဗီလာနဲ့ အတူ ဂိုးပေါ် ကိုလည်း ရွေးချယ်ထားသင့်ပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်