နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးမှာ နောက် ၃ နှစ် ဆက်ရှိနေဦးမယ် ဆိုတဲ့ ရိုဒရီ | လာလီဂါ

မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေမှုကို ငြင်းဆန်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသင်း ကနေ အနားယူသွားတဲ့ ဂျာမန် စနိုက်ပါ တိုနီ ခရူးစ်ရဲ့ နေရာ အတွက် ရေရှည် အစားထိုးဖို့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ်လူ ရိုဒရီကို မျက်စိကျနေတာ ဖြစ်ပါတယ်။

သတင်းတွေမှာလည်း စပိန် ထိပ်သီး တို့ဟာ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး ဆက်တိုက် ဖော်ပြနေခဲ့သလို ရိုဒရီ ကလည်း စဉ်းစားနေကြောင်း ရေးသားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ရိုဒရီက ပြောစရာ စကား မရှိဘူး ဆိုပြီးတော့ တုံပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် ကွင်းလယ်လူ ရိုဒရီဟာ ၂၀၁၉ ခုနှစ်မှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အဲဒီ အချိန် ကတည်းက ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ လက်ရှိ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြနေခဲ့သလို ၄ နှစ် ဆက်တိုက် အမှတ်ပေး ချန်ပီယံဆု၊ ချန်ပီယံလိဂ်နဲ့ အခြားသော ဆုဖလား အားလုံး ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် ကွင်းလယ်လူ ရိုဒရီဟာ ၂၀၁၉ ခုနှစ်မှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ရိုဒရီ၊ ဆလီဘာနဲ့ အာနိုးလ် တို့ကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဒါကြောင့် ရိုဒရီဂိုကို ရီးရဲလ်မက်ဒရစ်က တော်တော်လေး မျက်စိကျနေပြီးတော့ လာမယ့် ၂၀၂၅ နွေရာသီမှာ အရခေါ်ယူသွားဖို့ ရှိနေကြောင်း The Independent လို သတင်းစာ ကတောင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ မန်ချက်စတာစီးတီး နဲ့တော့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ရိုဒရီက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ဖွင့်ဟ ပြောကြားဆိုလာခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီက “မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့ စာချုပ်က ၃ နှစ် သက်တမ်း ကျန်ရှိနေပါသေးတယ်။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ခဲ့တုန်းက တခြား အသင်းတွေကို ပြောင်းဖို့ အကြောင်း ကျွန်တော် လုံးဝ မစဉ်းစားခဲ့ပါဘူး။ မန်စီးတီးမှာ ကျွန်တော် ၃ နှစ် ဆက်ရှိနေပါဦးမယ်။ ဒီတော့ တခြား ဘာမှပြောစရာ မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ အဓိက ကွင်းလယ် ကစားသမားကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီကို လာလီဂါ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်မှာ ကစားစဉ် ကတည်းက စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက အသင်းမှာ ကက်စ်မဲရိုး ရှိနေတာကြောင့် လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ မက်ဒရစ်မြို့ဖွား ကစားသမားကို မက်ဒရစ်မြို့ဆီ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ ရိုဒရီကို ခေါ်ယူမယ့် အသက်အရွယ် ကတော့ ဇီဒန်းကို ဂျူဗင်တပ်စ် ကနေ ခေါ်ယူခဲ့စဉ်က အသက်အရွယ်လည်း ဖြစ်ပါတယ်။ ရိုဒရီရဲ့ အေးဂျင့် ပါဘလို ဘာကေးရိုး ကတော့ ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ရာအူးလ်ရဲ့ အေးဂျင့်လည်း ဖြစ်သလို ရီးရဲလ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်း ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်