နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ရောဘတ် လီဝမ်ဒေါစကီး (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆော်ဒီကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ လီဝမ်ဒေါစကီး

ရောဘတ် လီဝမ်ဒေါစကီးဟာ ယခုနွေရာသီမှာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆော်ဒီ ပရိုလိဂ်ဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ ငွေကြေး သုံးစွဲမှုတွေနဲ့ ကမ္ဘာကျော် ကစားသမား အများအပြားကို ခေါ်ယူပြီး ဥရောပ ဘောလုံးလောကကို လှုပ်ခတ်စေခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ရဲ့ ကျောထောက် နောက်ခံပေးခြင်းခံထားရတဲ့ အသင်း ၄ သင်းဟာ ကြီးမားတဲ့ စာချုပ်နဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို အရှေ့အလယ်ပိုင်း ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အဆင့် ကစားသမား အချို့ ကလည်း ဥရောပကို စွန့်ခွာပြီး ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကြပြီး အဲဒီကစားသမားတွေထဲမှာ မန်စီးတီး ကွင်းလယ် ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားနဲ့ အတူ ဘာစီလိုနာ တိုက်စစ်မှူး လီဝမ်ဒေါစကီးလည်း အပါအဝင် ဖြစ်ခဲ့တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။

လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် လာလီဂါမှာ ၂၃ ဂိုး သွင်းယူပေးခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် နူးကမ့်ပ်ကို စွန့်ခွာလိုတဲ့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဗယ်လက်ကာနို
အလာဗတ်ဇ်
1X2 သရေ (Draw) @ 3.05
ဂိုးအောက် 2.00 @ 1.88
ဂိုးပေါင်း 0-1 @ 2.26
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီလီရဲ့ စံချိန်ချိုးနိုင်ခဲ့တဲ့ အပေါ် မှတ်ချက်ပေးခဲ့တဲ့ နေမာ

ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ ဘိုလစ်ဗီးယားကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ ညနေ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီရဲ့ တသက်တာ ထိပ်တန်း ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးဟာ ဘိုလစ်ဗီးယားနဲ့ ပွဲစဉ်မှာ ပွဲထွက် ပါဝင်ကစားပေးခဲ့ချိန်မှာ ပီလီနဲ့ သွင်းဂိုး ၇၇ ချင်း ညီမျှနေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် စုစုပေါင်း ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဘဝ သွင်းဂိုး ၇၉ ဂိုး အထိ ရှိလာခဲ့ပြီးနောက် စံချိန်သစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နေမာက ဘရာဇီးလ် ဂန္တဝင် ပီလီရဲ့ တသက်တာ သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အပေါ်မှာ အလွန် ပျော်ရွှင်မိပြီး ဒီအတွက် စကားလုံး မရှိကြောင်းနဲ့ ဒီစံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့ အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


နေရာလုနေရတဲ့ ကြယ်ပွင့် ၃ ဦးကြောင့် ခေါင်းကိုက်နေရတဲ့ ဇာဗီ

ဘာစီလိုနာဟာ လာမယ့် စနေနေ့ လာလီဂါမှာ ရီးရဲလ်ဘက်တစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ဇာဗီက ညာတောင်ပံ နေရာမှာ ဘယ်သူ့ကို အသုံးပြုသွားမလဲ ဆိုတာကို စဉ်းစားနေရတာ ဖြစ်ပါတယ်။
လာမယ့် စနေနေ့မှာ ဘက်တစ်နဲ့ ကစားရမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ အူစမန်နီ ဒမ်ဘီလီကို ရောင်းထုတ်နိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှာ ရွေးချယ်စရာ လျော့ပါးသွားခြင်း မရှိပုံပေါ်ပတယ်။

ဇာဗီဟာ ညာတောင်ပံ နေရာမှာ ပွဲထွက်ကစားသမား အဖြစ် ရွေးချယ်ဖို့ ခေါင်းကိုက်နေရတာ ဖြစ်ပြီး ရာဖင်ညာ၊ လမိုင်း ရာမယ်နဲ့ ဖာရန်း တောရက်စ် တို့ရဲ့ အားကောင်းတဲ့ စွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ညာတောင်ပံမှာ ဘယ်သူ့ကို ကစားခိုင်းရမလဲ ဆိုတာ စဉ်းစားရကြပ်နေတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ လာမယ့် စနေနေ့ လာလီဂါမှာ ရီးရဲလ်ဘက်တစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ဇာဗီက ညာတောင်ပံ နေရာမှာ ဘယ်သူ့ကို အသုံးပြုသွားမလဲ ဆိုတာကို စဉ်းစားနေရတာ ဖြစ်ပါတယ်။ လမိုင်း ရာမယ်ဟာ ဘာစီလိုနာရဲ့ နောက်ဆုံး လာလီဂါ ၃ ပွဲစလုံးမှာ ပွဲထွက် ပါဝင်ကစားခွင့် ရရှိထားပါတယ်။ စပိန်လူငယ် ကြယ်ပွင့်ဟာ စပိန် လက်ရွေးစင် အသင်း အတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ် မှာလည်း ဂိုးသွင်းယူနိုင်ပြီးနောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရ ကစားသမားနဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဖာရန်း တောရက်စ် ကလည်း အရန်ခုံ ကနေ ပါဝင် ကစားပေးပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒန်နီ အော်လမိုနဲ့ အဆန်စီယိုတို့ ဒဏ်ရာရရှိနေမှုကြောင့် စပိန် လက်ရွေးစင် အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ရာဖင်ညာ ကလည်း ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ဘိုလစ်ဗီးယားနဲ့ ပွဲမှာ အထင်ကြီးဖွယ် ခြေစွမ်းနဲ့ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဇာဗီ အနေနဲ့ ညာတောင်ပံနေရာ အတွက် မြင့်မားတဲ့ အဆင့်အတန်းမှာ စွမ်းဆောင်နိုင်နေတဲ့ ကစားသမား ၃ ဦးကြား လာမယ့် ပွဲစဉ်တွေ အတွက် ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်