နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်နာဆာ ခံစစ်မှူး လာပေါ့တ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမား အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အိုဆာဆူနာနဲ့ ပွဲမှာ ဗဟိုခံစစ်မှူး အီဒါ မီလီတာအို ACL ဒဏ်ရာရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အနေနဲ့ မဖြစ်မနေ ကစားသမား ခေါ်ယူရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ပြန်လည် ထွက်ပေါ်လာခဲ့သူ ကတော့ အဲလ်နာဆာ နောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ် ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဥရောပ ချန်ပီယံ စပိန် အသင်းရဲ့ နောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းကြောင့် ကောလာဟလတွေ အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ရီးရဲလ်တို့ အမှန်တကယ် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

အသက် ၂၆ နှစ် အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူး အီဒါ မီလီတာအို ကတော့ အခု တစ်ပတ် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် မိနစ် ၃၀ ကတော့ လူငယ်နောက်ခံလူ ရာအူးလ် အဆန်စီယိုနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ပွဲမှာ ရိုဒရီဂိုနဲ့ လူးကပ်စ် ဗက်စ်ကွက်ဇ် တို့လည်း ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြပြီး မီလီတာအို ကတော့ ယင်း ဒဏ်ရာကြောင့် ၉ လခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မီလီတာအို အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အခု ရာသီ အတွက် လက်ကျန် ပွဲစဉ်တွေ အားလုံးကို လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။ 

လက်ရှိ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်တန်း ဒဏ်ရာရ စာရင်းမှာ ဒေးဗစ် အလာဘာ၊ လူးကပ်စ် ဗက်စ်ကွက်ဇ် တို့လည်း ပါဝင်နေကာ အနားယူနေရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အတွက် အရေးပါတဲ့ အဓိက ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ကလည်း ACL ဒဏ်ရာကြောင့်ပဲ ဒီရာသီကုန် အထိ အနားယူရနေပါတယ်။ လက်ရှိ ဒဏ်ရာရစာရင်းမှာ ထပ်တိုးလာတဲ့ မီလီတာအိုကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ပိုင်းက ပိုလို့တောင် အားနည်းသွားခဲ့ပြီး လာမယ့် ဇန်နဝါရီလမှာ အသင်းရဲ့ ခံစစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းရတော့မှာ ဖြစ်ပါတယ်။ စပိန် သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ စပိန် ဝါရင့် နောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ တချို့သော သတင်းတွေ မှာတော့ မက်ဒရစ် ကလပ်ဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဗဟိုခံစစ်မှူးဟောင်း ဆာဂျီယို ရာမို့စ်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုတွေ ရှိနေပေမယ့် အသင်း ဘက်ကတော့ ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ရာသီအကုန်မှာ ဆီဗီလာနဲ့ လမ်းခွဲပြီး ကတည်းက ပွဲမကစားထားတဲ့ ရာမို့စ်ကို ခေါ်ယူလိုခြင်း မရှိဘဲ လာပေါ့တ် ကိုသာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် လာပေါ့တ် ကတော့ အဲလ်နာဆာနဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်