နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

countdown banner

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ရာသီ အတွက် ကစားသမား ခေါ်ယူမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ဘယ်နောက်ခံလူ နေရာ အတွက်လည်း အဲလ်ဖွန်ဆို ဒေးဗီးစ်ကို စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ကနေဒါ ဘယ်နောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့ပြီး လက်ရှိ မှာတော့ အရခေါ်ယူနိုင်ဖို့ အတွက် ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ကီလီယန် အမ်ဘာပေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ် ပစ်မှတ် တစ်ဦး ဖြစ်တဲ့ အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ ရာသီတွေ ရောက်တိုင်း အေးအေးလူလူပဲ ရှိတတ်ပေမယ့် ဒီရာသီမှာတော့ တစ်ယောက်ပြီး တစ်ယောက် ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ အားသာချက်က သူတို့ အလိုရှိတဲ့ ကစားသမား ဆိုရင် မရရအောင် ခေါ်ယူတတ်တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ အမ်ဘာပေးကို ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ခေါ်ယူခဲ့ပြီး လက်မှတ်ထိုးကြေးလည်း ယူရို သန်း ၁၅၀ အထိ ပေးချေဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်က ပေးချေဖို့ ဆန္ဒမရှိပဲ သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်သာ ပေးချေ ချင်နေတယ်လို့ သိရပါတယ်။
ဘယ်နောက်ခံလူ နေရာကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်က အခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ လာလီဂါ နဲ့ စပိန်စူပါဖလား တို့မှာ ချန်ပီယံ ဖြစ်ခဲ့ပြီး အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခု အဖြစ် ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုဖလား ၃လုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့ပေမယ့် သူတိုရဲ့ ကစားသမား အင်အားကို ဆက်လက် ဖြည့်တင်းဖို ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ သူတိုရဲ့ ဘယ်နောက်ခံလူနေရာကို အဓိက အားဖြည့်ချင်နေတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ဘေယန်မြူးနစ် အတွက် ၅ နှစ်ကြာ ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၉၅ ပွဲ ပါဝင် ကစားပေးခဲ့ရာ ၁၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၃၁ ကြိမ် ရှိထားသူ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ အေးဂျင့်တို့ဟာ အခုတပတ် အတွင်း မှာပဲ ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ဟာ အယ်ဖွန်ဆို ဒေးဗီးစ်ကို ဒီနွေမှာ အရ ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို အစွမ်းကုန် ကြိုးစားနေပေမယ့် ဒေးဗီးစ်ဟာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်က ဒေးဗီးစ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အလို ရှိနေပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်က ပေးချေဖို့ ဆန္ဒမရှိပဲ သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်သာ ပေးချေ ချင်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်