နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဆု အတွက် တစ်ကောင်တည်း ပြေးနေတဲ့ မြင်း (သို့မဟုတ်) ရီးရဲလ်မက်ဒရစ် | လာလီဂါ

ပရီးမီးယားလိဂ် Title Race အကြောင်း ပြောပြီးတဲ့ နောက်မှာတော့ လာလီဂါ ချန်ပီယံဆု Title Race အကြောင်း ဆက်ပြောရအောင်ပါ။

ဒီနှစ် လာလီဂါမှာ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ ကတော့ ထင်သလောက် စိတ်ဝင်စားဖို့ မကောင်းပဲ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် တစ်သင်း တည်းကပဲ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေတယ်လို့ ပြောလို့ ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန် အထိ ၂၂ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ရမှတ် ကတော့ ၇၂ မှတ် ရရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါ မှာ မြို့ခံပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားတာ ဖြစ်ပြီး ခြေစွမ်းအရလည်း တည်ငြိမ်တဲ့ ပုံစံကောင်း တစ်ခုကို ပြသထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ သရေပွဲ ၂ ပွဲ ရှိခဲ့ပေမယ့် အနီးကပ် ဖိအားပေးနေတဲ့ ဂီရိုနာက ၃ ပွဲ ရှုံးခဲ့တာကြောင့် ၁၀ မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပြီး အဆင့် ၂ နေရာ ရောက်လာတဲ့ ဘာစီလိုနာ ကိုတော့ ၈ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ သင်္ချာနည်းအရတော့ ရီးရဲလ်တို့ လာလီဂါ ချန်ပီယံ ဖြစ်မယ်လို့ တက်အပ် ပြောလို့ မရသေးပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ အမှား အနည်းဆုံး ကစားနိုင်ရင် အဆင်ပြေပါပြီ။

ဆိုတော့က တစ်ဦးတစ်ယောက်ချင်း အမြင်ကို သုံးသပ်ရရင် ဒီနှစ် လာလီဂါ ချန်ပီယံဆု ကတော့ ရီးရဲလ်မက်ဒရစ် အတွက်လို့ပဲ ပြောရမှာ ဖြစ်ပြီး ၅ နှစ် အတွင်း ၃ ကြိမ်မြောက် ချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး အခြေအနေတွေ ပိုင်ဆိုင်နေပြီလို့ ထင်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ဘာစီလိုနာ

အန်ဆယ်လော့တီ အသင်းရဲ့ လက်ကျန် ပွဲစဉ် အနေအထားကို ကြည့်မယ် ဆိုရင် ဘီလ်ဘာအို၊ မာယော့ကာ၊ ဘာစီလိုနာ၊ ဆိုစီဒက်၊ ကာဒစ်ဇ်၊ ဂရန်နာဒါ၊ အလာဗက်ဇ်၊ ဗီလာရီးရဲလ်၊ ဘက်တစ် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ရီးရဲလ်တို့ အဓိက အာရုံစိုက်ရမယ့် ပွဲစဉ်တွေက ဘီလ်ဘာအိုနဲ့ အိမ်ကွင်း ပွဲစဉ်၊ ဆိုစီဒက်နဲ့ အဝေးကွင်း ပွဲစဉ်၊ ဘာစီလိုနာနဲ့ အိမ်ကွင်း ပွဲစဉ်၊ ဘက်တစ်နဲ့ အိမ်ကွင်း ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံး ကတော့ ဆိုစီဒက်၊ ဘာစီလိုနာ တို့နဲ့ ကစားမယ့် ပွဲတွေ ဖြစ်ပြီး ဒီပွဲတွေမှာသာ အနိုင်ရခဲ့ရင် ရီးရဲလ်မက်ဒရစ် အတွက် ကျန်ပွဲတွေက အေးဆေးပါပဲ။ တစ်ခုရှိတာက ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ကစားဖို့ ရှိနေပြီး လက်ရှိ ကွာတားဖိုင်နယ် မှာလည်း မန်စီးတီးနဲ့ တွေ့ဆုံနေလို့ ပုံမှန်ထက် ပိုပြီး အားစိုက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရှာတွေ့နေခြင်းနဲ့ အတူ အဆင့် ၂ နေရာကို ရောက်လာခဲ့သလို ရီးရဲလ်နဲ့ ၈ မှတ်ပြတ်နေပေမယ့် မျှော်လင့်ချက်တော့ ရှိနေဆဲပါ။ ဒါပေမယ့် ဘာစီလိုနာရဲ့ အခြေအနေက ရီးရဲလ်မက်ဒရစ် ၃ ပွဲလောက် ရှုံးဖို့ လိုအပ်သလို သူတို့ ကိုယ်တိုင်လည်း လက်ကျန်ပွဲတွေ အားလုံး ရလဒ်ကောင်းမှ ဖြစ်မှာပါ။ ဇာဗီရဲ့ အသင်းက လက်ကျန် ပွဲစဉ်တွေ အဖြစ် လက်စ်ပါးလ်မက်စ်၊ ကာဒစ်ဇ်၊ ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာ၊ ဂီရိုနာ၊ ဆိုစီဒက်၊ အဲလ်မီးရီးယား၊ ဗလက်ကာနို၊ ဆီဗီလာ တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ သူတို့ အတွက် ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာ၊ ဂီရိုနာ၊ ဆိုစီဒက်နဲ့ ဆီဗီလာ ပွဲစဉ်တွေက အန္တာရယ်များတဲ့ ပွဲစဉ်တွေ ဖြစ်တာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဘာစီလိုနာ အတွက် လာလီဂါ အမှတ်ပေးချန်ပီယံ ဖြစ်ရေးက တော်တော်လေးကို ရာခိုင်နှုန်း နည်းနေတယ်လို့ ပြောရပါမယ်။ ဒါ့အပြင် ဘာစီလိုနာ ကလည်း ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေပါတယ်။

လာလီဂါ
ကာဒီးဇ်
ဂရာနာဒါ
1X2 ကာဒီးဇ် @ 2.19
ကာဒီးဇ် အာရှ ဟန်းဒီးကပ် -0.50 @ 2.19
ဂိုးပေါ် 2.25 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂီရိုနာ ကတော့ ရာသီအစက ဟုတ်မလိုလို ရှိခဲ့ပေမယ့် အချိန်တန်တော့လည်း အသင်းငယ်က အသင်းငယ် ပြန်ဖြစ်သွားတယ်လို့ပဲ ဆိုရမှာပါ။ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲ အထိ ရှိခဲ့ခြင်းက ချန်ပီယံ ပြေးလမ်း ကနေ သွေဖယ်သွားစေခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ရီးရဲလ်နဲ့ ကလည်း အမှတ်တော်တော် ပြတ်သွားပြီ ဖြစ်တာကြောင့် မျှော်လင့်ချက် ခပ်ရေးရေးတောင် မကျန်တော့ဘူးလို့ပဲ ပြောရပါမယ်။ ဂီရိုနာက လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘက်တစ်၊ အက်တလက်တီကို၊ ကာဒစ်ဇ်၊ လက်စ်ပါးလ်မက်စ်၊ ဘာစီလိုနာ၊ အလာဗက်စ်၊ ဗီလာရီးရဲလ်၊ ဗလင်စီယာ၊ ဂရန်နာဒါ တို့နဲ့ ကစားရဦးမှာပါ။

ဆိုတော့က တစ်ဦးတစ်ယောက်ချင်း အမြင်ကို သုံးသပ်ရရင် ဒီနှစ် လာလီဂါ ချန်ပီယံဆု ကတော့ ရီးရဲလ်မက်ဒရစ် အတွက်လို့ပဲ ပြောရမှာ ဖြစ်ပြီး ၅ နှစ် အတွင်း ၃ ကြိမ်မြောက် ချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး အခြေအနေတွေ ပိုင်ဆိုင်နေပြီလို့ ထင်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ ၃၆ ကြိမ်မြောက် အမှတ်ပေးဖလားကို ဆွတ်ခူးရင်း စပိန်နဲ့ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်