နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကို ဝီလီယမ်စ် အနေနဲ့ ဘာစီလိုနာကို ဦးစားပေး စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာ | လာလီဂါ

countdown banner

ဥရောပထိပ်သီး ကလပ်ပေါင်းများစွာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ စပိန် တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိ ယူရို ၂၀၂၄ မှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ခြေစွမ်းပြ တောက်ပနေခဲ့တဲ့ ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ် ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က ချိတ်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ အရ ဆိုရင်တော့ စပိန်ကြယ်ပွင့်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လာလီဂါ ကလပ် ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားလျက် ရှိနေတယ်လို့ သိရပါတယ်။

ဘီလ်ဘာအို တိုက်စစ်မှူး အင်နာကီ ဝီလီယမ်စ်ရဲ့ ညီတော်စပ်သူ နီကိုဟာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး လက်ရှိ ယူရို ၂၀၂၄ မှာ အသက် ၁၆ နှစ် အရွယ် ဘာဆာ တောင်ပံကစားသမား လမိုင်း ယာမယ်နဲ့ အတူ အပြိုင် တောက်ပပြနေခဲ့တာ ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ နိုင်ငံ အသင်း အတွက် မကစားခင် အချိန် ကတည်းက ဘီလ်ဘာအိုမှာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ နီကိုဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းကာ ဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူပါ။

နီကိုဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းကာ ဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူပါ။
ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ နီကို ဝီလီယမ်စ်

နီကို ဝီလီယမ်စ်နဲ့ သတင်းတွေ အထွက်ဆုံးဟာ ချဲလ်ဆီး ဖြစ်ပြီး အခု လက်ရှိ မှာတော့ ကစားသမားက ပရီးမီးယားလိဂ်ထက် လာလီဂါမှာ ဆက်နေလိုကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဟာ အေးဂျင့် ကနေ တစ်ဆင့်တော့ ချဲလ်ဆီးနဲ့ အဆက်အသွယ် လုပ်ထားတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီး ဟာ နီကို ဝီလီယမ်စ်ကို တစ်နှစ်လုပ်ခ လစာ ယူရို ၁၅ သန်းကနေ သန်း၂၀ အထိ ပေးချေဖို့ အထိ ဆန္ဒရှိနေပြီး ဒါဟာ ဝီလီယမ်စ် လက်ရှိရနေတဲ့ လစာထက် ၂ ဆကျော် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ နီကို အတွက် ယူရို သန်း ၆၀ (ပေါင် သန်း ၅၀ ကျော်) အသုံးပြုကာ ခေါ်ယူသွားဖို့ အဆင့်သင့် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ချဲလ်ဆီး သာမက အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ကလည်း လာလီဂါ ကလပ် ဘာစီလိုနာထက် ငွေပိုသုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာက ငွေကြေး သုံးစွဲနိုင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီးမှသာ ကစားသမားသစ်တွေ ခေါ်ယူနိုင်မယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ကို စိတ်ရှည်ရှည်နဲ့ ကြိုးပမ်းသွားဖွယ် ရှိနေပြီး လမိုင်း ယာမယ်နဲ့ ဆက်ဆံရေးကိုလည်း အသုံးချသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ရဲ့ စပိန် အသင်းဖော် ယာမယ်ဟာ နီကိုနဲ့ ဘာစီလိုနာမှာ တွဲဖက် ကစားချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားခဲ့ဖူးပါတယ်။

Mundo Deportivoရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အသင်းရဲ့ တောင်ပံ ကစားသမား ရာဖင်ညာကို အရင်ဆုံး ရောင်းထုတ်ပြီး အဲဒီက ရတဲ့ ငွေကြေး တစ်ရပ်နဲ့ နီကိုကို ခေါ်ယူဖို့ အသုံးချသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘီလ်ဘာအို ဥက္ကဌ ကလည်း နီကို ဝီလီယမ်စ်ကို အသင်းမှာ အနည်းဆုံး တစ်ရာသီ ဆက်လက် ထိန်းသိမ်းထားလိုနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်