ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေး ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ကာလ အတော်ကြာ စောင့်ကြည့်ခဲ့ရတဲ့ ဒီအပြောင်းအရွှေ့ကြီး ကတော့ ရက်ပိုင်း အတွင်းမှာပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီ အနေနဲ့လည်း အမ်ဘာပေး အတွက် ငွေတပြားတချပ်မှ မရပဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးကို ခေါ်ယူဖို့ အတွက် နှစ်ကာလ အတော်ကြာ ကြိုးပမ်းခဲ့ရပြီး ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် နီးစပ်ခဲ့ပေမယ့် အခု အချိန်မှပဲ တရားဝင် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘာပေးကို ထိန်းထားဖို့ အတွက် ပြီးခဲ့တဲ့ နှစ်တွေ ကဆိုရင် ပြင်သစ် သမ္မတရဲ့ အကူအညီကိုပါ ရယူခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အမ်ဘာပေးဟာ သူ့ရဲ့ အိမ်မက် အသင်း ဖြစ်တဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် (၂၅) နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမားဟာ သူရဲ့ အိမ်မက် အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ပြီ ဖြစ်လို့ အလွန် စိတ်လှုပ်ရှားနေကြောင်း သူ့ရဲ့ အင်စတာဂရမ် ကနေ တဆင့် ဖော်ပြထားခဲ့သလို အင်တာဗျူး တစ်ခု မှာလည်း သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
အမ်ဘာပေးက “ကျွန်တော် အခုလက်ရှိမှာ စိတ်သက်သာရာ ရသွားတယ်လို ခံစားမိတယ်။ အခု ကျွန်တော် ရီးယဲလ်မက်ဒရစ် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ တရားဝင်လည်း ဖြစ်လာခဲ့ရပါပြီ။ နှိမ့်ချမှု တွေနဲ့ ဒီအသင်း အတွက် ပေးဆပ် ကစားပေးသွားပါမယ်။ ဒီအပြောင်းအရွှေ့ ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော့်ကို ဟိုးအရင်ကတည်းက ယုံကြည်မှု ပေးခဲ့သူပါ။ အခု ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်ဆီ ရောက်နေပြီ ဖြစ်လို့ အရမ်း စိတ်လှုပ်ရှားနေရကါတယ်။ အရမ်းလည်း ပျော်နေရတယ်။ ဒါက ကျွန်တော်ရဲ့ အိမ်မက်ပါပဲ။”
ဆက်လက်ပြီး အမ်ဘာပေးက “ကျွန်တော်က ဒီအသင်းမှာလည်း အနည်းဆုံး (၅)နှစ် လောက် ကစားသွားမှာပါ။ ဒီရာသီမှာ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ ပြန်တွေးကြည့်မယ် ဆိုရင် ကျွန်တော်ရဲ့ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်လိမ့်မယ်လို ထင်မိပါတယ်။ ပီအက်စ်ဂျီမှာ ကျွန်တော် မပျော်တာတော့ မဟုတ်ပေမယ့် မပျော်ရွှင်စရာတွေလည်း ရှိခဲ့တယ်။ သူတိုက ကျွန် တော့်ကို ကစားခွင့်ရမှာ မဟုတ်ဘူးလို ဗြောင်ကျကျ ပြောခဲ့တယ်။ လူးဝစ္စ အန်နရီကေးနဲ့ ကမ်းပို့စ် တို့က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာပါ။ ဒါကတော့ အမှန်တရားတွေပါပဲ။” လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးကို များပြားတဲ့ ပြောင်းရွှေ့ကြေး သုံးပြီး ခေါ်ယူရမယ့် အချိန် ကတည်းက တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားနဲ့ အသင်းရဲ့ စိတ်ရှည်မှုက နှစ်ဦးနှစ်ဖက် အတွက် အကျိုးရှိခဲ့ပြီး အခုဆိုရင်တော့ ပျော်ရွှင်စရာတွေနဲ့ အဆင်ပြေ ပြီးမြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေးကို စာချုပ် လက်မှတ်ထိုးကြေး ယူရို သန်း ၁၅၀ ပေးချေသွားဖို့ ရှိပြီးတော့ ၅ နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ပေါ်လစီကို ပြောင်းလဲလိုက်ပြီး နောက်ပိုင်း ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူဖို့ပဲ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေထဲ ပြန်ကြည့်ရင် လာလီဂါ ကလပ်ဟာ ဒေးဗစ် အလာဘာ၊ အန်တိုနီယို ရူဒီဂါ တို့ကိုလည်း အလွတ်နဲ့ ခေါ်ယူထားခဲ့ပြီး တကယ်ကို တန်လွန်းတဲ့ အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ပါတယ်။ အမ်ဘာပေးပြီးရင်တော့ ရီးရဲလ်မက်ဒရစ်ကို ဘရာဇီးလ် ကြယ်ပွင့် အန်းဒရစ်လည်း ရောက်ရှိလာတော့မှာ ဖြစ်လို့ လာမယ့် ရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်း ကတော့ ပြိုင်ဘက် ခံစစ်တွေ အတွက် အိမ်မက်ဆိုး ဖြစ်လာဖို့တော့ များနေခဲ့ပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.